
ပင်လယ်ထဲက ပလတ်စတစ် အမှိုက်ရှင်းမယ့် နည်းပညာသစ်
ပညာရှင် တွေရဲ့ ခန့်မှန်းချက် အရ ကမ္ဘာ့ သမုဒ္ဒရာ တွေထဲ မှာ ပလတ်စတစ် အမှိုက် စပေါင်း ၅ ထရီလီယံ လောက် ရှိနေတယ်လို့ ဆိုပါတယ်။ ၁ ထရီ လီယံမှာ ၁,၀၀၀ ဘီလံယံ ရှိပြီး ၁ ဘီလီယံ မှာ သန်း ၁,၀၀၀ ရှိပါတယ်။ ၅ ထရီလီယံကို ဂဏန်းနဲ့ ရေးပြရရင် ၅,၀၀၀,၀၀၀,၀၀၀,၀၀၀ ရှိပါတယ်။ ဒါဟာ နဲနဲ နောနော ပမာဏ မဟုတ်ပါဘူး။ ဒီ ပမာဏ ကလဲ တနေ့တခြား ပိုပိုပြီးသာ…

