← All categories

science

59 posts

ကွမ်တမ်မိတ်ဆက် - ကွာဇီအမှုန်ဆိုတာ ဘာလဲ

Quasi အမှုန်တွေဟာ ကွမ်တမ်မက္ကင်းနစ်လောကရဲ့ ထူးဆန်းအံ့ဖွယ် အရာတခု ဖြစ်ပါတယ်။ ဒီ အမှုန်တွေဟာ အီလက်ထရွန် သို့မဟုတ် ပရိုတွန်ကဲ့သို့သော တကယ့်အမှုန်တွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် ကွာဇီအမှုန် တွေဟာ ဒီ အီလက်ထရွန်၊​ ပရိုတွန် တွေလို အမှုန်တွေကဲ့သို့ ပြုမူကြပါတယ်။ ပထမဆုံး quasiparticles တွေဟာ ဘာလဲ မပြောခင် အမှုန်ဆိုတာ ဘာလဲ ဆိုတာကို ဦ…

မိုးကြိုးသွား အတွင်း မြုပ်နေတဲ့ တွင်းထွက်ပုံဆောင်ခဲသစ် ရှာတွေ့

ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်တဲ့ မိုးကြိုးသွား တစ်ခုရဲ့ အတွင်းမှာ အရင်က တခါမှ မတွေ့ခဲ့ဖူးတဲ့ သတ္တုတွင်းထွက် အသစ် တစ်မျိုးကို ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ထားပါတယ်။ ဒီ တွင်းထွက်ကို အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်မှာ ရှာတွေ့တဲ့ မိုးကြိုးသွား ကျောက်ဖြစ်ရုပ်ကြွင်း (fossilized lightning) တစ်ခု အတွင်း…

ပုရွက်ဆိတ်ရဲ့ မျက်နှာ

ပုရွက်ဆိတ် တစ်ကောင်ရဲ့ ကြောက်ရွှံ့ထိတ်လန့်ဖွယ် မျက်နှာကို Eugenijus Kavaliauskas အမည်ရ ဓါတ်ပုံဆရာ တစ်ဦးက အနီးကပ် ရိုက်ကူး နိုင်ခဲ့ပါတယ်။ ဒီ ဓါတ်ပုံဟာ ၂၀၂၂ ခုနှစ်က Nikon ကင်မရာ ကုမ္ပဏီက ပြုလုပ်ခဲ့တဲ့ Nikon’s Small World Photomicrography Competition 2022 အတွက် တင်တွင်းခဲ့တဲ့ ပြိုင်ပွဲဝင် ဓါတ်ပုံလဲ ဖြစ်ပါတယ်။ ဒီ ဓါတ်ပုံပြ…

အလင်းလျင်လွန် ခရီးသွားခြင်းအတွက် အမြင်သစ်

စကြာဝဠာ အတွင်းမှာ ဘယ်အရာမှ အလင်းထက် မြန်အောင် ခရီး မသွားနိုင်ပါဘူး။ ဒါဟာ အိုင်းစတိုင်းရဲ့ နှိုင်းရ နိယာမ (Special Theory of Relativity) ရဲ့ အခြေခံ ဥပဒေသ ဖြစ်ပါတယ်။ နှိုင်းရ နိယာမ အရ အလင်းလျှင်နှုန်းနဲ့ နီးလာလေလေ အချိန်ဟာ နှေးသွားလေလေ ဖြစ်ပါတယ်။ အလင်းလျှင် နှုန်းကို ရောက်တဲ့ အခါမှာတော့ အချိန်ဟာ လုံးဝ ရပ်ဆိုင်းသွားမှာ ဖြ…

နှစ်သန်း ၂၀၀၀ သက်တမ်းရှိ သဘာဝ အဏုမြူ ဓါတ်ပေါင်းဖို

ကမ္ဘာ့ ပထမဆုံး အဏုမြူ ဓါတ်ပေါင်းဖိုကို ၁၉၅၀ ကျော်မှာ စတင် လည်ပတ် နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီ မတိုင်မီ နှစ်သန်း ၂,၀၀၀ စောတဲ့ အချိန်က ကမ္ဘာပေါ်မှာ အဏုမြူ ဓါတ်ပေါင်းဖိုပေါင်း ၁၇ ခု တိတိ လည်ပတ်ခဲ့တယ် ဆိုတဲ့ အထောက်အထားကို သိပ္ပံ ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီ ဓါတ်ပေါင်းဖို တွေဟာ လူလုပ် ဓါတ်ပေါင်းဖိုတွေ မဟု…

လသို့လွှတ်တင်မည့် ဒုံးပျံခရီးစဉ် အချိန်ကပ်မှ ရွှေ့ဆိုင်းလိုက်ရ

မနေ့က ဩဂုတ်လ ၂၉ ရက်နေ့ အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ၈:၃၃ နာရီမှာ လွှတ်တင်ဖို့ စီစဉ်ထားတဲ့ အာတီးမီးစ် ၁ (Artemis 1) ဒုံးပျံ ခရီးစဉ်ကို နောက်ဆုံး အချိန်ပိုင်းမှ ကပ်ပြီး ရွှေ့ဆိုင်း လိုက်ပါတယ်။ ဒီ ခရီးစဉ်ဟာ လပေါ်ကို လူသားတွေ ပြန်လည် ခြေချနိုင်ဖို့ ပထမဆုံး ခြေလှမ်း တစ်ရပ် ဖြစ်ပါတယ်။ ဒီလို ရွှေ့ဆိုင်း လိုက်ရတာဟာ အာတီးမီ…

အချိန် ဒိုင်မင်းရှင်း နှစ်ခုရှိတဲ့ ဒြပ်အခြေနေသစ် ရှာတွေ့

ကျွန်တော်တို့ ငယ်ငယ်က သိပ္ပံ ဘာသာရပ်မှာ ဖြစ်စေ၊ ရူပဗေဒ ဘာသာရပ်မှာ ဖြစ်စေ ဒြပ်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သင်ခဲ့ ကြရတာ မှတ်မိပါ လိမ့်အုံးမယ်။ အစိုင်အခဲ အခြေအနေ (solid state)၊ အရည် (liquid state)၊ အငွေ့ (gaseous state) ဆိုပြီး သင်ခဲ့ ကြရတာလေ။ နောက်ပိုင်းကျတော့ plasma state ဆိုပြီး ပလတ်စမာ အခြေအနေ ကိုလဲ သိပ္ပံ ပညာရှင်တွေ…

အီလက်ထရွန် ဝဲဂယက် ရှာဖွေတွေ့ရှိ

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲ တွေ့မြင်ရတဲ့ ရေဟာ တကယ်တော့ ရေမော်လီကျူး လေးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီ ရေမော်လီကျူး လေးတွေဟာ တစ်လုံးစီ သီးသန့် ရှိနေ ကြတာပါ။ ဒါပေမယ့် ဒီ မော်လီကျူးတွေဟာ ရေစီးကြောင်းတွေ၊ လှိုင်းတွေ၊ ဝဲဂယက်တွေ အစ ရှိသဖြင့် ပုံစံ အမျိုးမျိုးကို ဖြစ်ပေါ် စေတာကို သတိ ပြုမိ ကြမှာပါ။ ဒါဆို အီလက် ထရွန်…

အခြား ဂြိုဟ်တွေပေါ်မှာ သင်ဘယ်လောက် လေးမလဲ

လပေါ် လူတွေ လမ်းလျှောက်တဲ့ ဗီဒီယို မြင်ဘူးကြတယ် မဟုတ်လားဗျ။ မမြင်ဘူးလဲ Youtube မှာ ရှာကြည့်လို့ ရပါတယ်။ ခုန်ဆွ ခုန်ဆွ နဲ့လေ။ ပြီးတော့ ခုန်လိုက်လို့ ပြန်ကျလာ ရင်လဲ​ slow motion နဲ့ ဖြည်းဖြည်းလေး ကျလာတာလေ။ ဒီလို ဖြစ်ရတာက လပေါ်မှာ မြေဆွဲအားက ကမ္ဘာမြေ ဆွဲအားထက် နည်းနေလို့ ဖြစ်ပါတယ်။ ဒီတော့ အရာ ဝတ္ထု ပစ္စည်း တွေဟာ ကမ္ဘာပေါ်…

ဂြိုဟ်သိမ် တစ်ခုပေါ်တွင် အမိုင်နို အက်ဆစ် ဇီဝဒြပ်ပေါင်းများ ရှာတွေ့

၂၀၁၄ ခုနှစ်မှာ ဂျပန် အာကာသ လေ့လာရေး အေဂျင်စီ (Japan Aerospace Exploration Agency) ကနေ ပြီး အာကာသ စူးစမ်း လေ့လာရေး သုတေသန ယာဉ် ဟာယာဘူဆာ အမှတ် ၂ (Hayasusa 2) ကို လွှတ်တင် ခဲ့ပါတယ်။ ဒီ သုတေသန ယာဉ်ရဲ့ ဦးတည်ရာ ကတော့ ကမ္ဘာနား ကနေ ကပ်ပြီး ဖြတ်ပျံသန်းမယ့် ရူဂူ ဂြိုဟ်သိမ် (Ryugu near earth asteroid) ပဲ ဖြစ်ပါတယ်။ ဒီ ဟာယာဘူဆာ အာ…