← All categories

space

319 posts

စကြာဝဠာ အစောပိုင်းက အချိန်ဟာ ၅ ဆ ပိုနှေးခဲ့ကြောင်း ပညာရှင်များ ရှာဖွေတွေ့ရှိ

စကြာဝဠာ အစောပိုင်းက ကွေဆာတွေ (quasars) ထဲမှာ အချိန်ဟာ ပိုမိုနှေးကွေးစွာ စီးဆင်းနေ ခဲ့ကြောင်း ရှာဖွေ တွေ့ရှိ ထားပါတယ်။ ဒါဟာ အိုင်းစတိုင်းရဲ့ ကြိုတင် ဟောကိန်း ထုတ်ထားခဲ့တဲ့ အတိုင်းပါပဲ။ သူ့ရဲ့ အထွေထွေ နှိုင်းရ နိယာမ (General Theory of Relativity) အရ ဆွဲငင်အား ကြီးမားတဲ့ အရာဝတ္ထုတွေရဲ့ အနီးမှာ အချိန်ဟာ ပိုမို နှေးကွေးစွာ…

စကြာဝဠာရဲ့ နောက်ခံ ဆွဲအားလှိုင်းများ ရှာဖွေတွေ့ရှိ

အိုင်းစတိုင်းရဲ့ နှိုင်းရ သီအိုရီ အရ black hole တွင်းနက်တွေ တိုက်မိကြတဲ့ အခါမှာ ပြင်းထန်တဲ့ ဆွဲငင်အား လှိုင်းတွေ ထွက်ပေါ်လို့ လာပါတယ်။ ဒီ ဆွဲငင်အား လှိုင်းတွေ ရှိကြောင်းကိုလဲ LIGO ဆွဲအားလှိုင်း ဖမ်းစက်နဲ့ ဖမ်းယူပြီး သက်သေ ပြနှိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။ ယခုအခါ သိပ္ပံ ပညာရှင်တွေဟာ စကြာဝဠာရဲ့ နောက်ခံ ဆွဲအားလှိုင်းကြီးကိုလဲ…

ဂြိုဟ်ငယ်လေးကို ဝါးမြိုခဲ့တဲ့ သံမိုးတွေ ရွာနေတဲ့ ဂြိုဟ်ကြီး

ဘလက်ဟိုး တွင်းနက်တွေက ဂြိုဟ်တွေ ကြယ်တွေကို ဝါးမြိုစားသုံး ပစ်တယ်ဆိုတဲ့ အကြောင်း ကြားဖူး ဖတ်ဖူး ကြမှာပါ။ ဒါပေမယ့် ဂြိုဟ်တစ်စင်းက အခြား ဂြိုဟ်တစ်စင်းကို ဝါးမြိုစားသုံး ပစ်လိုက်တယ် ဆိုတဲ့ ဖြစ်ရပ် ရှိတယ် ဆိုရင်တော့ သင့်အနေနဲ့ ယုံကောင်းမှ ယုံပါလိမ့်မယ်။ ဒီလို ဂြိုဟ်တစ်စင်းက အခြားဂြိုဟ် တစ်စင်းကို ဝါးမြို စားသုံး ပစ်လိုက်တဲ့…

စကြာဝဠာဟာ black hole တွင်းနက်တစ်ခုအတွင်းမှာ တည်ရှိနေတာလား

ညဖက် မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် မစ်ကီးဝေး ဂလက်ဆီ အတွင်းက ကြယ်တွေ မရေမတွက်နိုင်အောင် တွေ့ကြရမှာ ဖြစ်ပါတယ်။ အားကောင်းတဲ့ တယ်လီစကုပ် မှန်ပြောင်းတွေနဲ့ ကြည့်မယ်ဆိုရင် ကြယ်တွေတင် မကပဲ မစ်ကီးဝေး ဂလက်ဆီ အပြင်ဖက်က ဂလက်ဆီ တွေကိုပါ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ဂလက်ဆီ တွေရဲ့ အဆုံးမှာ ဘာရှိနေ မလဲ။ တနည်းအားဖြင့် စက…

မားစ်ဂြိုဟ်ရဲ့ အရုဏ်တက်နှင့် ဆည်းဆာချိန်

မားစ် ခေါ် အင်္ဂါဂြိုဟ်ရဲ့ မနက်ခင်း နေထွက်ချိန် အရုဏ်တက် ချိန်နှင့် ညနေ နေဝင်ရီ တရော ဆည်းဆာချိန် တို့ကို ဓါတ်ပုံ တစ်ပုံထဲမှာ ဖေါ်ပြထားတဲ့ ဓါတ်ပုံကို နာဆာက ထုတ်ပြန် လိုက်ပါတယ်။ အခု ဓါတ်ပုံကို မားစ်ဂြိုဟ်ပေါ် စူးစမ်း လေ့လာရေး ပြုလုပ်နေတဲ့ Curiosity Rover သုတေသန ယာဉ်ကနေ ရိုက်ကူး ထားတာ ဖြစ်ပါတယ်။ ဒီပုံမှာ မြင်တွေ့ရတဲ့ ချို…

စကြာဝဠာရဲ့ ပထမဆုံး ဂလက်ဆီ ၇၁၇ ခု ဂျိမ်စ်ဝက်ဘ် ရှာတွေ့ထားပြီ

မနှစ်ကမှ စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် (James Webb Space Telescope) ကြီးဟာ တစ်နှစ်တောင် မပြည့်သေးတဲ့ အချိန်ကာလ အတောအတွင်း စကြာဝဠာရဲ့ ပထမဆုံး လို့ ယူဆရတဲ့ ဂလက်ဆီပေါင်း ၇၁၇ ခု ရှာဖွေ တွေ့ရှိထားပြီး ဖြစ်ပါတယ်။ Big Bang ခေါ်တဲ့ မဟာပေါက်ကွဲမှုကြီး အပြီး နှစ်သန်း ၆၀၀ လောက် အကြာမှာ စတင် မွေးဖွား ခဲ့ကြတဲ့…

စကြာဝဠာအတွင်း အစောဆုံး အော်ဂဲနစ် ဒြပ်ပေါင်း ဂျိမ်းစ်ဝက်ဘ် ရှာဖွေတွေ့ရှိ

ကမ္ဘာမြေ ကနေ အလင်းနှစ် ၁၂.၃ ဘီလီယံ (အလင်းနှစ် သန်း ၁၂,၃၀၀) အကွာမှာ ရှိတဲ့ ရေးဦး ဂလက်ဆီကြီး တစ်ခု အတွင်းမှာ ရှုပ်ထွေးတဲ့ အော်ဂဲနစ် ဒြပ်ပေါင်း (complex organic molecules) တွေ ရှာဖွေ တွေ့ရှိ ထားပါတယ်။ ဒါဟာ ယခုထိ ရှာဖွေ ပြီးသမျှ အော်ဂဲနစ် ဒြပ်ပေါင်းတွေ အနက် အစောဆုံး ဖြစ်သလို ကမ္ဘာကနေ အဝေးဆုံး နေရာမှာ ရှာဖွေ တွေ့ရှိမှုလဲ ဖြ…

အဒြကြယ်ကြီး ပေါက်ကွဲလုပြီလား

ဒီကဗျာမှာ ပါတဲ့ အဒြကြယ် ဆိုတာက Orion Constellation၊ အနောက်တိုင်း အခေါ် မုဆိုးကြယ်တာရာ၊ အရှေ့တိုင်း အခေါ်အားဖြင့် လိပ်ကြယ် တာရာစု အတွင်းမှာ ပါဝင်တဲ့ Betelgeuse ကြယ်ကြီး ဖြစ်ပါတယ်။ ဒီကြယ်ဟာ နက္ခတ်ပညာအရ အဓိက နက္ခတ် ၂၇ လုံး ထဲမှာ ၆ လုံးမြောက် ကြယ်လဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် အရှေ့တိုင်း နက္ခတ်ပညာမှာ အလွန် အရေးပါတဲ့ ကြယ်ကြီး…

UFO နဲ့ပါတ်သက်တဲ့ ပထမဆုံးအစည်းအဝေး နာဆာကျင်းပ

အမျိုးအမည် ခွဲခြားနိုင်ခြင်း မရှိသော ကောင်းကင်ပျံ ဝတ္ထုများ (တနည်းအားဖြင့်) UFO တွေနဲ့ ပါတ်သက်လို့ နာဆာရဲ့ ထိပ်တန်း သိပ္ပံ ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့ဟာ ၄ နာရီ ကြာတဲ့ online တံခါးဖွင့် အစည်းအဝေး တစ်ရပ်ကို ပြုလုပ် ခဲ့ပါတယ်။ ဒီ အစည်းအဝေးကို အင်တာနက် ကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပြီး အများပြည်သူက အင်တာနက် ကနေတဆင့် မေးမြန်းတဲ…

ဂျိမ်းစ်ဝက်ဘ် က ရှာဖွေပေးတဲ့ ရှေးဟောင်း သမုဒ္ဒရာ ဂြိုဟ်

ကမ္ဘာနဲ့ အလင်းနှစ် ၄၀ လောက် ဝေးတဲ့နေရာမှာ ဂြိုဟ်တစ်စင်း ရှိပါတယ်။ GJ 1214b လို့ အမည်ပေးထားတဲ့ ဒီဂြိုဟ်ဟာ ထူထပ်တဲ့ တိမ်တွေနဲ့ အမြဲ ဖုံးလွှမ်းနေပါတယ်။ ဒါ့ကြောင့် ဒီ တိမ်တွေရဲ့ အောက်မှာ ဘာရှိမလဲ ဆိုတာ ပညာရှင်တွေ မသိနိုင် ခဲ့ကြပါဘူး။ ဒီဂြိုဟ်ဟာ mini-neptune ဂြိုဟ် အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ ဒီ​ မီနီနက်ပ်ကျွန်း (နက်ပ်ကျွန်…