Myanmar Scientist

ဂျိမ်းစ်ဝက်ဘ် က ရိုက်ကူးပေးပို့လိုက်တဲ့ တစ္ဆေ ဂလက်ဆီ၏ ဓါတ်ပုံ

M74 ဂလက်ဆီဟာ ကမ္ဘာကနေ အလင်းနှစ် ၃၂ သန်း အကွာမှာ ရှိတဲ့ ဂလက်ဆီ ဖြစ်ပါတယ်။ ဒီ ဂလက်ဆီကို အနီအောက် ရောင်ခြည် လှိုင်းခွင်မှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးကနေ ပေးပို့ လာပါတယ်။ ဒီ M74 ဂလက်ဆီကို တစ္ဆေ ဂလက်ဆီ (Phantom galaxy) လို့လဲ​နက္ခတ် ပညာရှင် တွေက ခေါ်ကြပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူ့ရဲ့ မျက်နှ…

မစ်ကီးဝေး ထဲမှာ လူသားတွေနဲ့ ဆက်သွယ်နိုင်တဲ့ သက်ရှိဂြိုဟ် ဘယ်နှစ်စင်း ရှိသလဲ

နက္ခတ် ပညာရှင် တွေဟာ မစ်ကီးဝေး ဂလက်ဆီ ထဲမှာ ဂြိုဟ် အသစ်တွေ တစ်လုံးပြီး တလုံး ရှာဖွေ တွေ့ရှိ နေကြပါတယ်။ နာဆာရဲ့ မှတ်တမ်းအရဆို အခုထိ မစ်ကီးဝေး ထဲမှာ ရှာတွေ့ခဲ့တဲ့ ဂြိုဟ်ပေါင်း အလုံး ၅,၀၀၀ ကျော်သွား ခဲ့ပါပြီ။ ဒီလို ဂြိုဟ်သစ်တွေ ရှာဖွေ တွေ့ရှိ လာတာနဲ့ အမျှ သက်ရှိတွေ အသက်ရှင် သန်ဖို့ ဖြစ်နိုင်တဲ့ ဂြိုဟ်တွေဟာ ဘယ်လို ဂြိုဟ်မျ…

လသို့လွှတ်တင်မည့် ဒုံးပျံခရီးစဉ် အချိန်ကပ်မှ ရွှေ့ဆိုင်းလိုက်ရ

မနေ့က ဩဂုတ်လ ၂၉ ရက်နေ့ အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ၈:၃၃ နာရီမှာ လွှတ်တင်ဖို့ စီစဉ်ထားတဲ့ အာတီးမီးစ် ၁ (Artemis 1) ဒုံးပျံ ခရီးစဉ်ကို နောက်ဆုံး အချိန်ပိုင်းမှ ကပ်ပြီး ရွှေ့ဆိုင်း လိုက်ပါတယ်။ ဒီ ခရီးစဉ်ဟာ လပေါ်ကို လူသားတွေ ပြန်လည် ခြေချနိုင်ဖို့ ပထမဆုံး ခြေလှမ်း တစ်ရပ် ဖြစ်ပါတယ်။ ဒီလို ရွှေ့ဆိုင်း လိုက်ရတာဟာ အာတီးမီ…

ကြယ် နဲ့ ဂြိုဟ် ဘာကွာသလဲ

ကျွန်တော်တို့ စကြဝဠာ ကြီးထဲမှာ အရာဝတ္ထု ပစ္စည်း တွေ မရေ မတွက်နိုင်အောင် ရှိကြပါတယ်။ ဒီ အရာဝတ္ထု တွေထဲမှာ ကြီးမားတဲ့ ဂလက်ဆီ ကြယ်စု ကြီးတွေ၊ ကြယ်တွေ၊ black hole တွင်းနက်တွေ၊ ဂြိုဟ်တွေ၊ ကြယ်တံခွန်တွေ၊ ဂြိုဟ်သိမ် ဂြိုဟ်မွှားတွေ အစရှိသဖြင့် အမျိုးအစား အစုံစုံ ရှိကြပါတယ်။ ကျွန်တော့် ဆောင်းပါးတွေ အောက်က ကွန်မန့်တွေမှာ ကြယ်နဲ့…

ရှားပါး ရေဝက်များ တရုတ်ပြည်တွင် မျိုးတုန်းပျောက်ကွယ် သွားပြီ

Dugong လို့ ခေါ်တဲ့ သတ္တဝါဟာ ပင်လယ်ထဲမှာ နေတဲ့ သွေးနွေး နို့တိုက် သတ္တဝါ ဖြစ်ပါတယ်။ ဝက်နဲ့ တူလို့ မြန်မာလိုတော့ “ရေဝက်” လို့ ခေါ်ကြပါတယ်။ ဒီ ဒူဂေါင် ရေဝက်ဟာ မနားတီးစ် ရေဝက် (manatees) နဲ့ အမျိုးတော်ပြီး ပုံသဏ္ဍာန် ကလဲ​ ဆင်တူပါတယ်။ ဒီ ဒူဂေါင် နဲ့ မနားတီးစ် ရေဝက်တွေကို တချိန်က ပင်လယ်ထဲ ခရီးသွားတဲ့ သင်္ဘောသား တွေက မြင်ပြီ…

ထောပတ်သီး နေ့စဉ်စားသုံးခြင်းက ကိုလက်စထရောကို ကျဆင်းစေနိုင်

ထောပတ်သီးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေကို သုတေသန ပြုထားတဲ့ နောက်ဆုံး သုတေသန ရလဒ်အရ ထောပတ်သီး တစ်နေ့ တစ်လုံး (၆) လ ကြာအောင် နေ့စဉ် စားသုံးခြင်းဟာ အဝလွန် သူတွေကို ကိုယ်အလေးချိန် လျှော့ကျအောင် ပြုလုပ် ပေးနိုင်စွမ်း မရှိပါဘူး တဲ့။ ဒါပေမယ့် ဒီလို စားသုံးတဲ့ သူတွေမှာ သွေးတွင်းက ကိုလက်စထရော အဆီဓါတ် ကိုတော့ အနည်းငယ် ကျဆင်းစေနိ…

ဂျိမ်းစ်ဝက်ဘ် က ပြင်ပဂြိုဟ်ရဲ့ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ရှာတွေ့

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးကနေ ပြင်ပဂြိုဟ် တွေမှာ သက်ရှိတွေ ရှာဖွေနေတဲ့ နက္ခတ် ပညာရှင် တွေအတွက် အားတက်ဖွယ်ရာ တွေ့ရှိချက် တရပ်ကို နာဆာက ဒီနေ့ ထုတ်ပြန် လိုက်ပါတယ်။ အဲ့ဒါကတော့ exoplanet လို့ခေါ်တဲ့ ပြင်ပဂြိုဟ် တစ်စင်းရဲ့ လေထုထဲမှာ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့တွေ ရှာဖွေ တွေ့ရှိတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အခု တွေ့ရှိချက်ဟာ…

ဒိုင်နိုဆောတွေ မျိုးတုန်းရတာ တစ်ခုထက် ပိုတဲ့ ဥက္ကာခဲတွေကြောင့် ဖြစ်နိုင်တယ်

ချစ်ဆူလဘ် (Chicxulub) ဥက္ကာခဲကြီး လွန်ခဲ့တဲ့ နှစ် ၆၅ သန်းခန့်က ကမ္ဘာကို ဝင်ဆောင့်ခဲ့ တာကြောင့် ဒိုင်နိုဆောတွေ မျိုးတုန်း ပျောက်ကွယ် ခဲ့ရတယ်လို့ သိပ္ပံ ပညာရှင် တွေက ယုံကြည် ကြပါတယ်။ ဒါပေမယ့် ဒီ ဥက္ကာခဲကြီး တစ်လုံးထဲကြောင့်နဲ့ ကမ္ဘာတဝှမ်းက ဒိုင်နိုဆောတွေ အားလုံး မျိုးတုန်း သွားဖို့ လုံလောက်ပါ့ မလား ဆိုတာကို အချို့သော သိပ…

ကြယ်အသစ် တစ်လုံးကနေ မှုတ်ထုတ်လိုက်တဲ့ ဓါတ်ငွေ့တန်းများ

ဒီပုံကတော့ နာဆာရဲ့ ဟတ်ဘယ် တယ်လီစကုပ် (NASA/ESA Hubble Space Telescope) ကြီးကနေ ရိုက်ကူး ပေးပို့လိုက်တဲ့ မွေးကင်းစ ကြယ်သစ် တစ်လုံးရဲ့ ဓါတ်ပုံ ဖြစ်ပါတယ်။ ဒီပုံမှာ ကြယ်ပေါက်စ လေးကနေ ဓါတ်ငွေ့တွေကို အရှိန်အဟုန် ပြင်းပြင်း မှုတ်ထုတ်လိုက်တဲ့ ပုံကို ဟတ်ဘယ်က အမိအရ ရိုက်ကူး ထားခြင်း ဖြစ်ပါတယ်။ နက္ခတ် ပညာရှင် တွေကတော့ ဒီ ဖြစ်စဉ်က…

ဂျိမ်းစ်ဝက်ဘ်က ရိုက်ထားတဲ့ တောက်ပနေတဲ့ ဂျူပီတာ

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် (James Webb Space Telescope) ကြီးကနေ နောက်ဆုံး ပေးပို့လိုက်တဲ့ ဓါတ်ပုံကတော့ ဂျူပီတာ ခေါ် ကြာသပတေး ဂြိုဟ်ရဲ့ ဓါတ်ပုံပဲ ဖြစ်ပါတယ်။ ဒီပုံမှာ ကြာသပတေး ဂြိုဟ်ဟာ ဝင်ရိုးစွန်း အလင်းရောင်တွေ ငွေရောင် တိမ်တိုက်တွေနဲ့ အလွန် လှပလို့ နေပါတယ်။ ဂျူပီတာရဲ့ ဒီလို လှပတဲ့ ဓါတ်ပုံမျိုးကို အရင်တုန်းက ဘယ်တုန်းကမှ ရ…