Myanmar Scientist

ဆုကြေး ဒေါ်လာ ၁ သန်းပေးမယ့် နာဆာရဲ့ ပြိုင်ပွဲ

နာဆာ အဖွဲ့ကြီးဟာ လကမ္ဘာနဲ့ အင်္ဂါဂြိုဟ် ပေါ်ကို အာကာသ ယာဉ်မှူးတွေ နှစ်ရှည်လများ စေလွှတ်ဖို့ ကြိုးစားနေစဉ် တချိန်ထဲ မှာပဲ ဒီလို ကာလရှည် အာကာသ ခရီးတွေမှာ အဓိက အကျဆုံး လိုအပ်ချက် တစ်ခုဖြစ်တဲ့ အစာ ပြဿနာ ကိုလဲ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ ကြိုးစားနေပါတယ်။ အဓိက ကတော့ လိုအပ်တဲ့ အစာအဟာရ တွေကို ကမ္ဘာမြေကနေ သယ်ဆောင် သွားရတာမျို…

ရှည်မျောမျောနဲ့ ထူးထူးဆန်းဆန်း ဂြိုဟ် ရှာဖွေတွေ့ရှိ

ကျွန်တော်တို့ နေအဖွဲ့အစည်းရဲ့ အပြင်ဖက် ဝေးကွာတဲ့ အာကာသ ကြီးထဲမှာ အတော်လေး ထူးဆန်းတဲ့ ဂြိုဟ်အမျိုးအစား တစ်မျိုး ရှိပါတယ်။ နက္ခတ် ပညာရှင် တွေကတော့ သူတို့ကို ကြာသပတေး ဂြိုဟ်ပူကြီး (Hot Jupiters) တွေလို့ အမည်ပေးထား ကြပါတယ်။ ဒီ ဂြိုဟ်တွေဟာ သူတို့ရဲ့ မိခင် ကြယ်ကို ပတ်နေရာမှာ အရမ်းကို နီးကပ်လွန်းစွာ ပတ်နေကြတဲ့ ဂြိုဟ်တွေ ဖြစ်ပ…

James Webb တယ်လီစကုပ်ကြီး ပတ်လမ်းပေါ် ရောက်ပြီ

နာဆာရဲ့ James Webb တယ်လီ စကုပ်ကြီးဟာ အားလုံး ရင်တမမ ကြည့်နေရင်းကပဲ သူ့ရဲ့ နေပတ်လမ်းကြောင်း ပေါ်ကို ရောက်ရှိ သွားပြီလို့ နာဆာရဲ့ သတင်းထုတ်ပြန်ချက် အရ သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးဟာ သူ့ရဲ့ လမ်းကြောင်းထိန်း ဒုံးစက်တွေကို တတိယ အကြိမ်မြောက် နှိုးပြီး လမ်းကြောင်း တည့်မတ် အပြီးမှာ…

မဲဆောက် အဝင်က ကုန်းတက်ကို ကားတွေ လိမ့်တက်တဲ့ သံလိုက်တောင်

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဘန်ကောက်ကနေ မဲဆောက်ကို မော်တော်ကားနဲ့ သွားခဲ့စဉ်က ဖြစ်ပါတယ်။ မောင်းပို့ ပေးတာက မဲဆောက် ဇာတိ ကရင် လူမျိုး ထိုင်းနိုင်ငံသားပါ။ သူက မဲဆောက် ရောက်ခါနီး တောင်တက်နေတုန်း တနေရာ ကျတော့ ကားကို ဗြုန်းဆို ရပ်လိုက်ပါတယ်။ ပြီးတော့ ဒီတောင်က “မှော်ဝင်တောင်” (Magic Hill) ဗျ၊ ဆရာ ကြည့် ဆိုပြီး ကားကို စက်သတ် ဂီယ…

ကြာသပတေးဂြိုဟ်ဟာ ကမ္ဘာကို စောင့်ရှောက်နေသလား

ကမ္ဘာပေါ်မှာ အသက်ရှင် နေထိုင်နေကြတဲ့ သက်ရှိတွေ အာကာသက ကျရောက်လာတဲ့ ဥက္ကာပျံ တွေရဲ့ ဘေးရန်ကြောင့် မျိုးတုန်း ပျောက်ကွယ် မသွားရအောင် ကြာသပတေးဂြိုဟ် (ဂျူပီတာဂြိုဟ်) က အကာအကွယ် ပေးထားတယ်လို့ အချို့ သိပ္ပံ ပညာရှင် တွေက ယုံကြည် ကြပါတယ်။ ဒါပေမယ့် ဒီအချက်ကို နက္ခတ် ပညာရှင် အားလုံးက တညီတညွတ်ထဲ လက်ခံ ထားကြတာတော့ မဟုတ်ပါဘူး။ ဂျူပ…

လထွက်စမှာ ဘာလို့ အရွယ်ပိုကြီးရတာလဲ

လပြည့်ည တွေဆို လ ထွက်စ မိုးကုတ်စက်ဝိုင်း အထက်နားကို တက်လာချိန်မှာ လဟာ ပုံမှန်ထက် ပိုပြီး ကြီးနေတာကို သတိထားမိ ကြမယ် ထင်ပါတယ်။ ဒီလို မိုးကုတ်စက်ဝိုင်းနားက ထွက်ပြူလာစ လရဲ့ အရွယ် ကြီးနေတာကို ရှေးခေတ် ကာလ ကတဲက နက္ခတ် ပညာရှင်တွေ သတိပြုမိ ခဲ့ကြပါတယ်။ ဘာ့ကြောင့် ဒီလို မိုးကုတ်စက်ဝိုင်းနားက ထွက်ပြူစ လ က အရွယ်ပို ကြီးနေရတာလဲ ဆိ…

ဒိုင်နိုဆောများ မျိုးတုန်း ပျောက်ကွယ် ခဲ့စဉ်က

ကမ္ဘာဖျက် ဥက္ကာပျံကြီး ဝင်ဆောင့်ပြီးတဲ့နောက် နေ့ရက်တွေဟာ ဒိုင်နိုဆော တွေအတွက်တော့ တကယ့် အိပ်မက်ဆိုး ကြီးတွေပဲ ဖြစ်ပါတယ်။ ဥက္ကာပျံကြီး ဝင်တိုက်မိပြီး ဖြစ်လာတဲ့ တောမီး လောင်ကျွမ်း မှုတွေက ထွက်လာတဲ့ မီးခိုးတွေ၊ ပြာမှုန်တွေဟာ ကမ္ဘာအနှံ့က ကောင်းကင်ပြင်ကို ထူထပ်စွာ ဖုံးအုပ်သွားပါတယ်။ ထူထပ်တဲ့ မီးခိုးတွေ၊ ပြာမှုန်တွေကြောင့် န…

ကမ္ဘာ့ ဗဟိုချက် အေးခဲသွားရင် ဘာဖြစ်လာမလဲ

ကမ္ဘာ့ အတွင်းပိုင်း အလယ်ဗဟိုက အူတိုင်ဟာ အလွန်ကို ပူပြင်းတဲ့ နေရာ ဖြစ်ပါတယ်။ ကမ္ဘာ့မြေပြင်မှာ နှင်းကျပြီး အေးစက်နေတဲ့ နေရာတွေ ရှိနေပေမယ့် ကမ္ဘာ့ အတွင်းပိုင်း ကတော့ အနက်ပိုင်း ရောက်လေလေ အပူချိန် မြင့်တက်လာ လေလေပဲ ဖြစ်ပါတယ်။ ကမ္ဘာ့မြေလွှာဖွဲ့စည်းပုံ ကမ္ဘာ့ မြေထုကို အလွှာလွှာ အထပ်ထပ်နဲ့ ဖွဲ့စည်း ထားပါတယ်။ အတွင်းဆုံး ဗဟို အ…

ကမ္ဘာ့ဗဟိုအူတိုင် အပူချိန် ပိုမိုလျှင်မြန်စွာ အေးလာနေ

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄,၅၀၀ ခန့်က ကမ္ဘာ့ မြေမျက်နှာပြင်ဟာ အခုလို ကုန်းမြေ မဟုတ်သေးပါဘူး။ ကမ္ဘာမြေကို ပူပြင်းလှတဲ့ ချော်ရည်ပူ များနဲ့ ဖုံးလွှမ်း ထားတာပါ။ အခုလို ကုန်းမြေရယ်လို့ မရှိသေး သလို ပင်လယ် သမုဒ္ဒရာ တွေ ဆိုတာလဲ မရှိကြ သေးပါဘူး။ နောက် နှစ်သန်း အနည်းငယ် အကြာမှာတော့ ကမ္ဘာ့ မျက်နှာပြင် ပေါ်က ချော်ရည်ပူတွေဟာ တဖြည်…

စကြာဝဠာရဲ့ ပဟေဠိ အမှောင်ဒြပ် Dark Matter

စကြာဝဠာကို လွှမ်းခြုံထားတဲ့ မမြင်ရတဲ့ အမှောင်ဒြပ် ဆိုတာ ဘာလဲ ဆိုတာ တကယ်တမ်းတော့ သိပ္ပံ ပညာရှင်တွေ ကိုယ်တိုင်လဲ ရေရေရာရာတော့ သိကြတာ မဟုတ်ပါဘူး။ အချို့ သိပ္ပံပညာရှင်တွေက အမှောင်ဒြပ် ဆိုတာ ရှိမှ ရှိရဲ့လား ဆိုတာကို သံသယ ရှိကြပါတယ်။ Dark Matter လို့ ခေါ်တဲ့ အမှောင်ဒြပ် (ဝါ) ကိုယ်ပျောက်ဒြပ် ဟာ အရောင်အဆင်း အလင်းရောင် မရှိတဲ့…