Myanmar Scientist

Infrared အနီအောက် ရောင်ခြည် ဆိုတာ ဘာလဲ

မြန်မာလို အနီအောက် ရောင်ခြည်လို့ ဘာသာပြန်တဲ့ Infrared အင်ဖရာရက် ဆိုတာ တကယ်တော့ လျှပ်စစ်သံလိုက် လှိုင်း (electromagnetic wave) တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီ အနီအောက် ရောင်ခြည် ကို လူ့မျက်စိနဲ့ မမြင်နိုင် ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ရောင်ခြည်လှိုင်းတွေ ကိုတော့ အပူ အဖြစ်နဲ့ ခံစားနိုင်ပါတယ်။ အလွယ် ပြောရရင် အပူလှိုင်း လို့ ပြောလို့ ရ…

နေကရော သူ့ဝင်ရိုးပေါ်မှာ လည်နေသလား

ကမ္ဘာက သူ့ရဲ့ ဝင်ရိုးပေါ်မှာ ၂၄ နာရီ ကို တစ်ပတ် လည်နေပါတယ်။ ကမ္ဘာလိုပဲ နေ အဖွဲ့အစည်း ထဲက အခြား ဂြိုဟ်တွေဟာလဲ သူတို့ရဲ့ ဝင်ရိုးပေါ်မှာ ဗဟို ပြုပြီး လည်နေ ကြတာပါ။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ နေ ကရောဗျာ။ နေကရော သူ့ဝင်ရိုးပေါ် ဗဟိုပြုပြီး လည်နေ သလား။ မလည်ပဲ ငြိမ် နေသလား။ အကယ်လို့ လည်နေတယ် ဆိုရင် နာရီလက်တံ အတိုင်း လက်ယာရစ် လည…

ဂြိုဟ်တွေ ကန့်လန့်ပတ်နေတဲ့ကြယ်

နေ အဖွဲ့အစည်းရဲ့ အပြင်ဖက်က ဂြိုဟ်တွေကို ရှာဖွေနေခဲ့တဲ့ နက္ခတ် ပညာရှင် တွေဟာ နေအဖွဲ့အစည်း ပြင်ပမှာ အခြားသော မြင်တွေ့နေကြ ကြယ် အဖွဲ့အစည်း တွေနဲ့ မတူပဲ တမူထူးခြား နေတဲ့ ကြယ်တစင်းကို ရှာဖွေ တွေ့ရှိခဲ့ ကြပါတယ်။ HD 3167 လို့ အမည်ပေး ထားတဲ့ ဒီ ကြယ်မှာ ပတ်နေတဲ့ ဂြိုဟ်ကြီး ၃ စင်း ရှိပါတယ်။ ဒီ ဂြိုဟ်ကြီး တွေထဲက အနီးဆုံး ဂြိုဟ်ဟာ…

ကမ္ဘာပေါ်မှာ အသက်ဇီဝ ဘယ်လို စဖြစ်လာလဲ

ကမ္ဘာပေါ်မှာ အသက်ဇီဝဟာ လွန်ခဲ့တဲ့ နှစ် သန်း ၃,၀၀၀ လောက်က စတင် ဖြစ်တည် လာတယ်လို့ သိပ္ပံ ပညာရှင် တွေက ခန့်မှန်း ကြပါတယ်။ စဖြစ်စ တုန်းကတော့ တကယ့်ကို ရိုးရှင်းတဲ့ အဏုဇီဝ ပိုးမွှားလေး တွေပါ။ အဲ့သည်ကမှ တဖြည်းဖြည်း ရှုပ်ထွေးတဲ့ သက်ရှိ တွေ အဖြစ် အဆင့်ဆင့် ကူးပြောင်း လာကြတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သက်ရှိတွေ ဘယ်လို စတင် ဖြစ်ထွန်…

RPG ဘယ်လို အလုပ်လုပ်လဲ

RPG ရဲ့ အရှည် ကောက်က Rocket Propelled Grenade ဖြစ်ပါတယ်။ ဒုံးကျည် တွန်းကန် အားသုံး ဗုံးသီး လို့ ပြန်လျှင် ရမယ် ထင်ပါတယ်။ ဒါပေမယ့် ဒီဆောင်းပါး မှာတော့ RPG လို့ပဲ သုံးပါ့မယ်။ နောက်က ဒုံးကန်အားနဲ့ ပြေးတဲ့ ပုခုံးထမ်း ဒုံးကျည် မှန်သမျှကို RPG လို့ ခေါ်ပါတယ်။ ဒါပေမယ့် လူ အတော် များများ ကတော့ RPG လို့ ပြောလိုက်ရင် မျက်စေ့ထဲမှ…

ကမ္ဘာ့လေထု ဘယ်လို ဖြစ်လာလဲ

ကမ္ဘာ့လေထု (Earth’s atmosphere) ဟာ ထူးခြားပါတယ်။ ဘာထူးခြားလဲ ဆိုတော့ အသက်ဇီဝ ဖြစ်ထွန်းဖို့ လိုအပ်တဲ့ အောက်ဆီဂျင်ဓါတ် လုံလုံ လောက်လောက် ရှိနေတာပါပဲ။ တချိန်ထဲမှာ အသက်ဇီဝ ကို ပျက်စီးစေနိုင်တဲ့၊ အဆိပ်အတောက် ဖြစ်စေတဲ့ ဓါတ်တွေလဲ လေထုထဲမှာ ပြောပလောက်အောင် ပါဝင်ခြင်း မရှိပါဘူး။ ကျွန်တော်တို့ လ အပါအဝင် အခြား ဂြိုဟ်တွေ ပေါ်မှာလဲ…

စကြာဝဠာ ခေတ်ဦး ဂလက်ဆီ တစ်ခုမှာ ရေတွေ့

စကြာဝဠာရဲ အစောပိုင်း ကာလက ဖြစ်တည်ခဲ့တဲ့ ဧရာမ ဂလက်ဆီကြီး တစ်ခုမှာ သက်ရှိတွေ ရှင်သန်ဖို့ မရှိမဖြစ် လိုအပ်တဲ့ “ရေ” ရှာတွေ့တယ် လို့ သုတေသန စာတမ်း တစ်စောင်အရ သိရှိ ရပါတယ်။ ဒီ ရှာဖွေ တွေ့ရှိချက်ကို Atacama Large Millimeter/sub-millimeter Array (ALMA) ရေဒီယို တယ်လီ စကုပ် ကြီးကနေ ရှာဖွေ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။ ရှာဖွေ တွေ့ရှိ…

ဘာ့ကြောင့် ဂြိုဟ်တွေဟာ လုံးနေရတာလဲ

ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်း ထဲမှာ ကြည့်လိုက်ရင် ဂြိုဟ်ကြီး ၉ လုံးနဲ့ ဂြိုဟ်ရံလတွေ တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ထူးခြားတာ တခုကတော့ ဒီ ဂြိုဟ်တွေ လတွေ အားလုံးဟာ လုံးနေကြတယ် ဆိုတာပါပဲ။ ဒါဆို ဘာ့ကြောင့် ဂြိုဟ်တွေဟာ လုံးနေ ကြတာပါလဲ။ ဒီမေးခွန်းကို လွယ်လွယ် ဖြေရရင်တော့ ဆွဲငင်အား (Gravity) ကြောင့် လို့ပဲ ဖြေရမှာ ဖြစ်ပါတယ်။…

မစ်ကီးဝေး ဂလက်ဆီရဲ့ အလယ်မှာ ဘာရှိလဲ

မြို့ပြတွေနဲ့ ဝေးတဲ့ တောအရပ်မှာ ရောက်နေတယ် ဆိုပါစို့။ လျှပ်စစ်မီး တွေလဲ မရှိ၊ လကလဲ မသာ၊ ကောင်းကင်ကလဲ တိမ်ကင်းစင် နေတဲ့ ညဖက်အချိန် ကောင်းကင်ကို မော့ကြည်လိုက်ရင် အဖြူရောင် ပျပျ မီးခိုးငွေ့လို အတန်းကြီး တစ်ခုကို တစ်ခါတစ်လေ မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီ အဖြူရောင် အတန်းကြီးကို မြန်မာလိုတော့ နဂါးငွေ့တန်း လို့ အမြည် ပေးထားပါတယ်။…

ပုံမှန်ထက်ထူးခြားတဲ့ Black Hole တွင်းနက်တစ်ခု ရှာဖွေတွေ့ရှိ

အပြည်ပြည် ဆိုင်ရာက နက္ခတ် ပညာရှင်တွေ ပါဝင်တဲ့ သုတေသီ အဖွဲ့တဖွဲ့ဟာ ပုံမှန် မဟုတ်ပဲ ထူးခြားတဲ့ Black Hole တွင်းနက်ကြီး တစ်ခုကို ရှာဖွေ တွေ့ရှိထားကြောင်း သုတေသန စာတမ်း တစ်စောင်မှာ တင်ပြခဲ့ပါတယ်။ ကမ္ဘာကနေ အလင်းနှစ် ၉,၆၀၀ ခန့် အကွာမှာ ရှိနေတဲ့ Black Hole တွင်းနက် တစ်ခု ရဲ့ အနား ပတ်လည်က ထွက်လာတဲ့ အလင်းရောင် တွေဟာ ပုံမှန် တွေ…