Myanmar Scientist

ကြယ်ဖြူပုကို ပတ်နေတဲ့ ဂြိုလ်ကြီးတစ်လုံး တွေ့ရှိ

ကမ္ဘာလောက်ပဲ အရွယ်ရှိတဲ့ ကြယ်ဖြူပုလေး တစ်လုံးကို ပတ်နေတဲ့ နက်ပ်ကျွန်းဂြိုလ်လောက် ကြီးတဲ့ ဂြိုလ်ကြီး တစ်လုံးကို အာကာသ နက္ခတ်ပညာရှင်တွေ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီ ဂြိုလ်ကြီးရဲ့ ဒြပ်ထုတွေကု သူပတ်နေတဲ့ ကြယ်ဖြူပုလေးက စုပ်ယူဝါးမျိုနေတာကြောင့်မို့ ဒီဂြိုလ်ကြီးဟာ နေ့စဉ် ဒြပ်ထု တန် သန်းပေါင်း ၂၆၀ လောက် ဆုံးရှုံးနေတယ်…

ဆူပါနိုဗာ ကြယ်ပေါက်ကွဲမှုကြီးကို ပထမဆုံး အကြိမ် မှတ်တမ်းတင်နိုင်

ဆူပါနိုဗာ ကြယ်ပေါက်ကွဲမှု ကြီးတစ်ခုရဲ့ အစောဆုံး ကာလပိုင်းတွေကို ယခင်က သိပ္ပံ ပညာရှင်တွေ မှတ်တမ်းတင် လေ့လာနိုင်ခြင်း မရှိခဲ့ပါဘူး။​ ဒီ ပေါက်ကွဲမှုရဲ့ အစောပိုင်း ကာလကို ခန့်မှန်းချေပဲ မှန်းဆနိုင်ခဲ့ ကြပါတယ်။ ဒါပေမယ့် အခုတော့ ဆူပါနိုဗာရဲ့ အစောပိုင်း ကာလကို အသေးစိတ် မှတ်တမ်း တင် လေ့လာနိုင်ခွင့် ရခဲ့ကြပြီလို့ သိရပါတယ်။ အခု…

အာကာသထဲက မျက်လုံးကြီးနဲ့ တူတဲ့ Helix Nebula

ဒီမှာ မြင်ရတဲ့ ပုံကတော့ နာဆာရဲ့ ဆပစ်ဇာ (Spitzer Space Telescope) အာကာသ မှန်ပြောင်းကြီး နဲ့ ဂလက်ဆီ ဆင့်ကဲဖြစ်စဉ် လေ့လာရေးယာဉ် (Galaxy Evolution Explorer) တို့က ရိုက်ကူးထားတဲ့ နက်ဗြူလာ အာကာသ တိမ်တိုက်ကြီး တစ်ခုရဲ့ ပုံပဲ ဖြစ်ပါတယ်။ ဒီ လေ့လာရေး ကိရိယာ နှစ်ခုကို နာဆာကနေ အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်မှာ ရှိတဲ့…

အိုင်းစတိုင်း လက်စွပ်

ဟတ်ဘယ် (Hubble Space Telescope) နက္ခတ်ကြည့် မှန်ပြောင်းကြီး ကနေ ရိုက်ကူးထားတဲ့ အိုင်းစတိုင်း လက်စွပ် (Einstein Ring) ဓါတ်ပုံကို နာဆာ အဖွဲ့ကြီးက ထုတ်ပြန်လိုက်ပါတယ်။ ဒီပုံမှာပါတဲ့ အိုင်းစတိုင်း လက်စွပ်ဟာ ကမ္ဘာကနေဆို အလင်းနှစ် သန်းပေါင်း ထောင်ချီတဲ့ အကွာမှာ ရှိနေတာ ဖြစ်ပါတယ်။ ဒီ ထူးဆန်းတဲ့ သဘာဝ ကို အိုင်းစတိုင်းက စတင်ပြီး…

စကြာဝဠာကြီးက ဘာအရောင် ရှိလဲ

ညဖက် ကောင်းကင်ကြီးကို မော့ကြည့်လိုက်တဲ့ အခါ ဘာအရောင် မြင်ရပါသလဲ။ အမည်းရောင်ကြီး မြင်ရတာပေါ့ လို့ ဖြေမယ် မဟုတ်လား။ ကောင်းကင်ကို မော့ကြည့်လိုက်တိုင် အမည်းရောင် ချည်းပဲ မို့ အာကာသ စကြာဝဠာ ကြီးရဲ့ အရောင်ဟာ ဘာအရောင်လဲ ဆိုရင် အမည်းရောင် လို့ပဲ တွေးမိကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အာကာသ ထဲမှာ ရှိနေတဲ့ အလင်းရောင် ထွက်တဲ့ ကြယ်တွေ၊ ဂ…

အာကာသ တွင်းနက်ကြီးတွေရဲ့ အလေးချိန်ကိုတိုင်းမယ့် နည်းလမ်းသစ်

အာကာသ တွင်းနက်ကြီး (Black Hole) တွေရဲ့ အလေးချိန်ကို တိုင်းဖို့ဆိုတာ ထင်သလောက် မလွယ်ကူ လှပါဘူး။ ဒီနေရာမှာ Black Hole တွေရဲ့ အလေးချိန် လို့ ဆိုပေမယ့် တကယ်ကတော့ ဒြပ်ထု လို့ ပြောမှ မှန်ပါ့မယ်။ ဘာကြောင့်ဆို အလေးချိန် ဆိုတာက ဆွဲအားပေါ် မူတည်ပြီး ပြောင်းလဲတာကိုး။ ဒါပေမယ့် ကျွန်တော်တို့ အတော်များများကတော့ အလေးချိန်နဲ့ ဒြပ်ထုကိ…

အာကာသထဲကို ဘယ်လောက် ဝေးဝေးထိ မြင်နိုင်သလဲ

ညဖက် မြို့ပြရဲ့ အလင်းရောင်တွေ လုံးဝ မရှိတဲ့ တောထဲ တောင်ထဲ ရောက်နေတယ် ဆိုပါဆို့ဗျာ။ နောက်ပြီး ညကလဲ လမိုက်ည။ ကောင်းကင်မှာလဲ တိမ်တွေကင်းနေတယ် ဆိုပါစို့။ ဒီလိုညမျိုး ကောင်းကင်ကြီးကို မော့ကြည့် ဖူးကြလားဗျ။ ကျွန်တော်ကတော့ ကြုံဖူးတယ်။ တခါတည်း “ဟာ” ကနဲ ဖြစ်သွားတာပဲ။ ကောင်းကင် တစ်ခုလုံးဟာ ဘယ်က ထွက်လာမှန်း မသိတဲ့ ကြယ်တွေ ငွေမှုန…

စတီဗင် ဟော့ကင်းရဲ့ Black Hole သီအိုရီ နှစ် ၅၀ အကြာမှာ သက်သေပြနိုင်ပြီ

ကမ္ဘာကျော် ရူပဗေဒ သိပ္ပံပညာရှင်ကြီး စတီဗင် ဟော့ကင်း (Stephen Hawking) လွန်ခဲ့တဲ့ နှစ် ၅၀ က ဟောကိန်းထုတ်ခဲ့တဲ့ သီအိုရီ တစ်ရပ် မှန်ကန်ကြောင်းကို အာကာသ သုတေသီတွေက သက်သေပြလိုက် နိုင်ပြီ ဖြစ်ပါတယ်။ “ဟော့ကင်း ဧရိယာ သီအိုရီ" (Hawking's Area Theorem) လို့ အမည်ပေးထားတဲ့ ဒီ သီအိုရီကို စတီဗင် ဟော့ကင်းက ၁၉၇၁ ခုနှစ်မှာ တင်ပြခဲ့တာ ဖ…

E=mc2 ဆိုတာဘာလဲ

E = mc^2 ဆိုတာ ကမ္ဘာမှာ နာမည် အကျော်ကြားဆုံး ညီမျှချင်း (Equation) တစ်ခုလို့ ပြောရင် လွန်မယ် မထင်ပါဘူး။ ဒါပေမယ့် ဒီ အီကွေးရှင်း ရဲ့ အဓိပ္ပါယ်ကို တကယ် သိကြတဲ့ သူတွေကတော့ အနည်းအကျဉ်းလောက်ပဲ ရှိကြပါတယ်။ E = mc^2ဆိုတာဘာအဓိပ္ပါယ်လဲ သူ့အဓိပ္ပါယ်ကို အတိအကျ ပြန်ပြောရမယ်ဆို E ဆိုတဲ့ စွမ်းအင် (Energy) ဟာ ဒြပ်ပစ္စည်း တစ်ခုရဲ့ mas…

Black Hole တွေနားမှာ အဆင့်မြင့် သက်ရှိအဖွဲ့အစည်းတွေ ရှာတွေ့နိုင်မယ်

ကျွန်တော်တို့ အားလုံး တစ်ချိန်မဟုတ် တစ်ချိန် မေးမိမယ့် မေးခွန်းကတော့ ဒီလောက်ကြီးမားတဲ့ စကြာဝဠာ ကြီးထဲမှာ ကျွန်တော်တို့ လူသားတွေ ချည်းပဲ နည်းပညာ မြင့်တဲ့ သက်ရှိတွေ အနေနဲ့ ရှိနေတာလား ဆိုတာပါပဲ။ အခြား ကြယ်တွေ ဂြိုလ်တွေပေါ်မှာ သက်ရှိတွေ ရှိနေမှာပဲ ဆိုတာကတော့ ငြင်းစရာ မလိုအောင် သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူသားတွေလို…