Myanmar Scientist

ဂျပန် လဆင်းယာဉ် ပျက်ကျ

ကမ္ဘာ့ ပထမဆုံး ပုဂ္ဂလိက လဆင်းယာဉ်ဟာ မနေ့က လပေါ် ဆင်းသက်ဖို့ ကျိုးစားစဉ် ကမ္ဘာနဲ့ အဆက်ပြတ် သွားခဲ့တယ်လို့ သိရပါတယ်။ ဒီ လဆင်းယာဉ် စီမံကိန်းကို ဂျပန် နိုင်ငံက ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်တဲ့ iSpace နဲ့ အာရပ်ဆော်ဘွားများ ပြည်ထောင်စု (UAE) တို့ရဲ့ ပူးတွဲ ငွေကြေး ပံ့ပိုးမှုနဲ့ တည်ဆောက် လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ လဆင်းယာဉ်ဟာ လ…

ဗုဒ္ဓဟူးဂြိုဟ်ရဲ့ အမြှီး

အခု မြင်တွေ့ရတဲ့ ပုံဟာ ကြယ်တံခွန် တစ်ခုရဲ့ ဓါတ်ပုံ မဟုတ်ပါဘူး။ ကြယ်ကြွေကျ တာကို ရိုက်ထားတဲ့ ပုံလဲ မဟုတ်ပါဘူး။ ဒီ ဓါတ်ပုံဟာ မာကျူရီ (Mercury) ခေါ် ဗုဒ္ဓဟူးဂြိုဟ်ရဲ့ ဓါတ်ပုံ ဖြစ်ပါတယ်။ မာကျူရီ ရဲ့ အမြှီးတန်းကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းက တယ်လီစကုပ် နက္ခတ်ကြည့် မှန်ပြောင်းတွေနဲ့ ကြည့်ရှု မြင်တွေ့နိုင် ခဲ့ကြပါတယ်။ အခု…

သက်တမ်းအရင့်ဆုံး ဂလက်ဆီ James Webb ရှာတွေ့

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် (James Webb Space Telescope) ကြီးဟာ ကမ္ဘာနဲ့ အဝေးဆုံးမှာ ရှိတဲ့ ရှေးဟောင်း ဂလက်ဆီ အိုကြီး ၄ ခုကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒီ ဂလက်ဆီ တွေအနက်က သက်တမ်း အရင့်ဆုံး၊ အအိုမင်းဆုံး ဂလက်ဆီ ဟာဆိုရင် စကြာဝဠာ ဖြစ်တည်စ Big Bang မဟာပေါက်ကွဲ မှုကြီး အပြီး နှစ်သန်း ၃၂၀ အကြာမှာ မွေးဖွားခဲ့တဲ့ သက်တမ်း အရင့်ဆုံး…

မျိုးရိုးဗီဇ အခြေခံ ဒြပ်ပေါင်း ဂြိုဟ်သိမ် တစ်ခုပေါ်တွင် ရှာတွေ့

ကမ္ဘာပေါ်က အသက်ဇီဝ တွေအတွက် အလွန် အရေးပါတဲ့ မျိုးရိုးဗီဇ RNA ကို ဖွဲ့စည်းတည်ဆောက် ထားတဲ့ အခြေခံ ဒြပ်ပေါင်း တစ်ခုကို အာကာသထဲက ဂြိုဟ်သိမ် တစ်ခုပေါ်မှာ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သိပ္ပံ ပညာရှင် တွေက ကြေငြာလိုက်ပါတယ်။ ဒါဟာ မျိုးရိုးဗီဇကို ဖြစ်စေတဲ့ RNA နဲ့ DNA တွေကို ဖွဲ့စည်းထားတဲ့ ဒြပ်ပေါင်း တစ်ခုကို ကမ္ဘာ အပြင်ဖက်မှာ ပထမဆု…

ယူရေးနပ်စ် နဲ့ နက်ပ််ကျွန်း ဂြိုဟ်တွေမှာ တကယ်ပဲ စိန်မိုးတွေ ရွာနေသလား

ယူရေးနပ်စ် (Uranus) ဂြိုဟ်နဲ့ နက်ပ်ကျွန်း (Neptune) ဂြိုဟ် တွေပေါ်မှာ စိန်တွေ မိုးရွာသလို ရွာကျနေတယ် ဆိုတာကို မကြာခန ဖတ်ဖူးကြမှာပါ။ ဒါပေမယ့် ဒီ ဂြိုဟ်တွေပေါ်မှာ တကယ်ရော စိန်မိုးတွေ ရွာနေသလား။ ဒါမှ မဟုတ် ဒီလို စိန်မိုးရွာတယ် ဆိုတာ လူဖတ်များအောင် ရေးထားတဲ့ ဂျင်းတွေလား။ ယူရေးနပ်စ် နဲ့ နက်ပ်ကျွန်း ဂြိုဟ်တွေဟာ နေကနေ အလွန် ဝ…

လကမ္ဘာမှာ ဝတ်မယ့် အာကာသ ဝတ်စုံ နာဆာထုတ်ဖော်ပြသ

လပေါ်ဆင်းသက်မယ့် အာကာသ ယာဉ်မှူးတွေ ဝတ်ဆင်မယ့် လကမ္ဘာ ဝတ်စုံ ကို နာဆာက ထုတ်ဖော် ပြသ လိုက်ပါတယ်။ အခု ဝတ်စုံကို နာဆာ အဖွဲ့ကြီး နဲ့ Axiom Space Inc. တို့ ပူးပေါင်းပြီး တီထွင်ဖန်တီးထားတာ ဖြစ်ပါတယ်။ အခု ထုတ်ဖော်ပြသတဲ့ ဝတ်စုံဟာ ဝတ်စုံပြည့် မဟုတ်သေးပဲ အကြို နမူနာ ဝတ်စုံသာ ဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံ ပြီးစီးသွားတဲ့ ဝတ်စုံက…

အဖေနှစ်ယောက် ကမွေးတဲ့ ကြွက် အောင်မြင်စွာ ဖန်တီးနိုင်ပြီ

နို့တိုက် သတ္တဝါ အားလုံးဟာ မိခင် ရဲ့ မျိုးဥနဲ့ ဖခင်ရဲ့ သုက်ပိုးတို့ ပေါင်းစပ်ပြီး မွေးဖွားလာ ကြတာ ဖြစ်ပါတယ်။ တနည်း ပြောရရင် နို့တိုက် သတ္တဝါ အားလုံးမှာ ဖခင် တစ်ယောက် နဲ့ မိခင် တစ်ယောက် စီ ရှိကြပါတယ်။ ဒါပေမယ့် ဖခင် နှစ်ယောက် ကနေ ပေါင်းစပ်ပြီး မွေးဖွားလာတဲ့ ကြွက်သားငယ် တွေကို သိပ္ပံ ပညာရှင်တွေဟာ ဓါတ်ခွဲခန်း အတွင်း အောင်မ…

အင်ဆက်ပိုးမွှားရဲ့ ဦးဏှောက် အာရုံကြော ကွန်ယက်မြေပုံ ဖော်ထုတ်ပြသ

အင်းဆက် ပိုးမွှားရဲ့ ဦးဏှောက် အတွင်းက အာရုံကြော ဆဲလ် (neutrons) တွေ နဲ့ အာရုံကြောမြှင်တွေရဲ့ အသေးစိတ် အတိအကျ အာရုံကြောကွန်ယက် မြေပုံကို သိပ္ပံ ပညာရှင် တွေက ထုတ်ပြန် လိုက်ပါတယ်။ ဒီ ဦးဏှောက်နှင့် အာရုံကြော ကွန်ယက် မြေပုံကို Connectome လို့ အမည် ပေးထားပါတယ်။ ဒီ မြေပုံ ရဖို့ သိပ္ပံ ပညာရှင် တွေဟာ အချိန် ၁၂ နှစ်တောင် အချိန်ယ…

ကမ္ဘာ့လေထု အထက်လွှာက ထူးဆန်းတဲ့ အပြာရောင် မိုးကြိုး တန်း

မိုးကြိုး မုန်တိုင်းတွေ ဖြစ်ပေါ်တဲ့ အခါမျိုးမှာ ကမ္ဘာမြေပြင်က ကြည့်ရင် ကောင်းကင် တခွင်လုံး လျှပ်စီးတွေ ထိန်ထိန်ညီး နေတာကို မြင်တွေ့ ကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ် ကနေ မမြင်တွေ့ ရတဲ့ မိုးကြိုးမုန်တိုင်း ဖြစ်စဉ် အများအပြား ရှိနေပါသေးတယ်။ အခု ပုံမှာ မြင်တွေ့ရတာကတော့ ပစိဖိတ် သမုဒ္ဒရာ အတွင်းက နော်ရူး (Nauru) ဆိုတဲ့ ကျ…

အဲကွန်း မလိုပဲ အေးစေမယ့် အမိုးပြား

ရာသီဥတု ပူပြင်းတဲ့ ရာသီမှာ အဲကွန်း လေး အောက်ထဲ နေရတာဟာ အလွန်ပဲ သက်တောင့်သက်သာ ရှိစေပါတယ်။ အထူးသဖြင့် ကလေးငယ် တွေနဲ့ သက်ကြီးရွယ်အိုတွေ အတွက် ရာသီ ပူချိန်မှာ အဲကွန်း ဟာ အပူရှပ်ခြင်း (Heat Stroke) ကနေ အကာအကွယ် ပေးနိုင်တာမို့ ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေပါတယ်။ ဒါပေမယ့် အဲကွန်း တစ်လုံးရဲ့ ကုန်ကျစားရိတ်က မနည်းပါဘူး။​ ဆင…