
အမြှီးပါသော ရှေးဟောင်း ပင့်ကူမျိုးစု မြန်မာပြည်တွင် ရှာဖွေတွေ့ရှိ
သိပ္ပံပညာရှင်များဟာ အမြှီးပါတဲ့ ရှေးဟောင်း ပင့်ကူမျိုးစုတစ်စုကို မြန်မာပြည်မှာ ရှာဖွေတွေ့ရှိ ခဲ့တဲ့အကြောင်း ပညာရှင်များက ကြေညာခဲ့ပါတယ်။ ဒီပင့်ကူဟာ လက်ရှိ သက်ရှိထင်ရှား ရှိနေတာတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်သန်း ၁၀၀ လောက်တုန်းက အသက်ရှင် နေထိုင် ခဲ့တာပါ။ ဒီပင့်ကူရဲ့ အခုခေတ် ပင့်ကူတွေနဲ့ မတူတဲ့ ထူးခြားချက်ကတော့ ကြာပွတ်လိ…