← All tags

#exoplanet

31 posts

ဂြိုဟ်ငယ်လေးကို ဝါးမြိုခဲ့တဲ့ သံမိုးတွေ ရွာနေတဲ့ ဂြိုဟ်ကြီး

ဘလက်ဟိုး တွင်းနက်တွေက ဂြိုဟ်တွေ ကြယ်တွေကို ဝါးမြိုစားသုံး ပစ်တယ်ဆိုတဲ့ အကြောင်း ကြားဖူး ဖတ်ဖူး ကြမှာပါ။ ဒါပေမယ့် ဂြိုဟ်တစ်စင်းက အခြား ဂြိုဟ်တစ်စင်းကို ဝါးမြိုစားသုံး ပစ်လိုက်တယ် ဆိုတဲ့ ဖြစ်ရပ် ရှိတယ် ဆိုရင်တော့ သင့်အနေနဲ့ ယုံကောင်းမှ ယုံပါလိမ့်မယ်။ ဒီလို ဂြိုဟ်တစ်စင်းက အခြားဂြိုဟ် တစ်စင်းကို ဝါးမြို စားသုံး ပစ်လိုက်တဲ့…

ဂျိမ်းစ်ဝက်ဘ် က ရှာဖွေပေးတဲ့ ရှေးဟောင်း သမုဒ္ဒရာ ဂြိုဟ်

ကမ္ဘာနဲ့ အလင်းနှစ် ၄၀ လောက် ဝေးတဲ့နေရာမှာ ဂြိုဟ်တစ်စင်း ရှိပါတယ်။ GJ 1214b လို့ အမည်ပေးထားတဲ့ ဒီဂြိုဟ်ဟာ ထူထပ်တဲ့ တိမ်တွေနဲ့ အမြဲ ဖုံးလွှမ်းနေပါတယ်။ ဒါ့ကြောင့် ဒီ တိမ်တွေရဲ့ အောက်မှာ ဘာရှိမလဲ ဆိုတာ ပညာရှင်တွေ မသိနိုင် ခဲ့ကြပါဘူး။ ဒီဂြိုဟ်ဟာ mini-neptune ဂြိုဟ် အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ ဒီ​ မီနီနက်ပ်ကျွန်း (နက်ပ်ကျွန်…

မီးတောင်တွေ ဖုံးလွှမ်းနေတဲ့ ဂြိုဟ်တစ်ခုရှာတွေ့

ကမ္ဘာနဲ့ အရွယ်တူလောက် ရှိပြီး ဂြိုဟ်ကြီးတစ်ခုလုံး မီးတောင်တွေနဲ့ ဖုံးလွှမ်းနေတဲ့ ဂြိုဟ်ကြီး တစ်စင်းကို နက္ခတ်ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ထားကြပါတယ်။ LP-791-18 d လို့ အမည်ပေးထားတဲ့ ဒီဂြိုဟ်မှာ ပူနွေးတဲ့ လေထု ရှိမှာမို့ ရေငွေ့တွေနဲ့ အရည်ပျော် နေတဲ့ ရေတွေ ရှိနေနိုင်တယ်လို့ ပညာရှင် တွေက ယူဆ ကြပါတယ်။ ဒီဂြိုဟ်ဟာ ကြယ်နီပု (red…

နေနှစ်စင်း ထွက်တဲ့ ဂြိုဟ်တွေပေါ်မှာလဲ သက်ရှိတွေ ရှိနိုင်တယ်

Star Wars ထဲက Luke Skywalker ရဲ့ မူရင်းနေရပ် ဂြိုဟ်ကို မှတ်မိကြ မှာပါ။ တက်တူးအင်း လို့ အမည်ရတဲ့ ဒီဂြိုဟ်ဟာ နေနှစ်စင်း ထွက်တဲ့ ဂြိုဟ်ဖြစ်ပါတယ်။ ဒါမျိုးက ရုပ်ရှင်ထဲမှာသာ ရှိမယ်လို့ ထင်ရပေမယ့် လက်တွေ့မှာတော့ နေနှစ်စင်း ထွက်တဲ့၊ တနည်းအားဖြင့် ကြယ်နှစ်စင်း ပူးနေတဲ့ ကြယ်အဖွဲ့အစည်း အရေအတွက်ဟာ စကြာဝဠာ ထဲမှာ အရေအတွက် အများအပြား…

မိခင်ကြယ်က သူ့ရဲ့အရံဂြိုဟ်ကို ဝါးမြိုလိုက်တဲ့အဖြစ်

မိခင်ကြယ်ကနေ သူ့ကို ပတ်နေတဲ့ အရံဂြိုဟ် တစ်စင်းကို ဝါးမြိုစားသုံး ပစ်လိုက်တဲ့ ဖြစ်စဉ်တစ်ခုကို နက္ခတ် ပညာရှင်တွေ ပထမဆုံး အကြိမ်အဖြစ် မျက်ဝါးထင်ထင် တွေ့မြင်ခွင့် ရလိုက်ပါတယ်။ ဒီဖြစ်စဉ်မှာ သေဆုံးခါနီး အသက်ငင်နေပြီး ဖြစ်တဲ့ မိခင်ကြယ် ကြီးက သူ့ရဲ့ အရံဂြိုဟ် တစ်စင်းကို ဝါးမြို စားသုံးပြီး တစ်စစီ ဖျက်ဆီး ပစ်လိုက်ရာက ထွက်ပေါ်လာ…

နေအဖွဲ့အစည်း ဝန်းကျင်တွင် ဂြိုဟ်အသစ် ၅၉ စင်း ရှာဖွေတွေ့ရှိ

နေအဖွဲ့အစည်း ပြင်ပမှာ ရှိတဲ့ ပြင်ပဂြိုဟ်များ (Exoplanets) ရှာဖွေတဲ့ လုပ်ငန်းစဉ်ဟာ အရှိန်အဟုန်နဲ့ ဆက်လက် တိုးတက်လျှက် ရှိနေပါတယ်။ Kepler, TESS နဲ့ Hubble တို့လို အာကာသ တယ်လီစကုပ် ကြီးတွေရဲ့ ရှာဖွေဖော်ထုတ် ပေးမှုကြောင့် အတည်ပြု နိုင်ခဲ့တဲ့ ပြင်ပဂြိုဟ် အရေအတွက်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ် အတောအတွင်း အဆပေါင်း များစွာ တိုးတက်လို့…

ကမ္ဘာနဲ့ အရွယ်တူ ဂြိုဟ်တစ်စင်း ရှာတွေ့

ကမ္ဘာနဲ့ အရွယ်အစား မတိမ်းမယိမ်း တူညီတဲ့ ဂြိုဟ်တစ်စင်းကို ပညာရှင်တွေ ရှာဖွေ တွေ့ရှိထားတယ်လို့ သိရပါတယ်။ နာဆာရဲ့ ကက်ပလာ အာကာသ တယ်လီစကုပ် (Kepler spacecraft and Transiting Exoplanet Survey Satellite) ကြီးက ဖမ်းယူထား ခဲ့တဲ့ အချက်အလက် တွေကို အသေးစိတ် သုတေသန ပြုရာက ဒီ ဂြိုဟ်ကို ရှာဖွေ တွေ့ရှိ ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ ဂြိုဟ်ဟာ က…

ကြယ်သေကို ပတ်နေတဲ့ ဂြိုဟ်ပျက်ကြီး တစ်လုံးရှာတွေ့

နက္ခတ် ပညာရှင် တွေဟာ ကြယ်သေ တစ်စင်းကို ပတ်နေတဲ့ ဂြိုဟ်ပျက်ကြီး တစ်လုံးကို ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။ ဒီ ကြယ်သေဟာ ကြယ်တစ်စင်း သေဆုံးသွားပြီးနောက် ကြွင်းကျန်ရစ် ခဲ့တဲ့ ကြယ်ဖြူပု (white dwarf) တစ်စင်း ဖြစ်ပါတယ်။ ဒီ ကြယ်ဖြူပု ကို ပတ်နေတဲ့ ဂြိုဟ်ပျက်ကြီးဟာ ကျွန်တော်တို့ နေအဖွဲ့အစည်း ထဲက ဂျူပီတာ ခေါ် ကြာသပတေး ဂြိုဟ် နဲ့ အတော…

ပြင်ပဂြိုဟ်ရဲ့ လေထုကို ဂျိမ်စ်ဝက်ဘ် က လှစ်ပြလိုက်ပြီ

ဂျိမ်းဝက်ဘ် (James Webb Space Telescope) ကြီးဟာ နောက်ထပ် သမိုင်း မှတ်တိုင် တခုကို တင်နိုင်ခဲ့ ပြန်ပါပြီ။ အဲ့တာကတော့ အဝေး တနေရာက ဂြိုဟ်တစင်းရဲ့ လေထုဖွဲ့စည်းပုံကို အတိအကျ ထောက်လှမ်း ရှာဖွေ နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အလင်းနှစ် ၇၀၀ ခန့် အကွာမှာ စေတန် (စနေဂြိုဟ်) နဲ့ ခပ်ဆင်ဆင် တူတဲ့ ဂြိုဟ်တစင်း ရှိပါတယ်။ WASP-39 b လို့ အမည်ပေး…

သမုဒ္ဒရာရေတွေ ဖုံးလွှမ်းနေတဲ့ ဂြိုဟ်တစင်း ရှာတွေ့

နေအဖွဲ့အစည်း ပြင်ပက ဂြိုဟ်တွေကို လေ့လာတဲ့ အခါမှာ နက္ခတ် ပညာရှင် တွေနဲ့ နက္ခတ်ဇီဝ ပညာရှင် တွေဟာ ရေနောက်ကို လိုက်ကြပါတယ်။ ဆိုလိုတာက မိခင်ကြယ်နဲ့ မနီးမဝေးမှာ တည်ရှိတဲ့ “နေထိုင်နိုင်သော ဇုန် (habitable zone)” ထဲမှာ တည်ရှိတဲ့ ဂြိုဟ်တွေကို ရှာဖွေကြတာ ဖြစ်ပါတယ်။ ဒီ ဒေသ မှာ အပူချိန်ဟာ သင့်တင့် မျှတတာမို့ ရေဟာ အရည်အဖြစ် ရှိနေ န…