
မစ်ကီးဝေး နောက်မှာ ပုန်းနေတဲ့ ဂလက်ဆီ
ဟတ်ဘယ် တယ်လီစကုပ်ကြီးကို လွှတ်တင် ခဲ့တဲ့ အချိန်က စလို့ နက္ခတ် ပညာရှင် တွေဟာ အရင်က မတွေ့မြင် ဖူးခဲ့တဲ့ ရှာဖွေ တွေ့ရှိမှု အသစ် တွေကို တောက်လျောက် ရှာဖွေ တွေ့ရှိခဲ့ ပါတယ်။ အခုလဲ ဟတ်ဘယ် တယ်လီ စကုပ် ကြီးကနေ မစ်ကီးဝေး ဂလက်ဆီရဲ့ အနောက်ဖက်မှာ ပုန်းခိုနေတဲ့ ဂလက်ဆီ တစ်ခုကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒီ ဂလက်ဆီဟာ ကမ္ဘာကနေဆို အလင်းန…


