← All tags

#mystery

23 posts

တောင်အမေရိက ရှေးဒဏ္ဍာရီလာ “မြေအောက်ကမ္ဘာသို့ ဝင်ပေါက်” အားရှာတွေ့

တောင်အမေရိကတိုက် အလယ်ပိုင်းက ရှေး ဇာပိုတက် လူမျိုးနွယ်တွေ တည်ဆောက်ခဲ့တယ်လို့ ယူဆရတဲ့ “မြေအောက်ကမ္ဘာ (underworld) သို့ ဝင်ပေါက်” ကို မက္ကဆီကို နိုင်ငံက ရှေး ကက်သလစ် ဘုရားကျောင်း ကြီးတစ်ကျောင်းရဲ့ အောက်ခြေမှာ ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။ ဒီ “မြေအောက်ကမ္ဘာဝင်ပေါက်” ကို လွန်ခဲ့တဲ့ နှစ် တစ်ထောင်ကျော် ခန့်က ဒီဒေသမှာ ဖွံ့ဖြိုးခ…

အဒြကြယ်ကြီး ပေါက်ကွဲလုပြီလား

ဒီကဗျာမှာ ပါတဲ့ အဒြကြယ် ဆိုတာက Orion Constellation၊ အနောက်တိုင်း အခေါ် မုဆိုးကြယ်တာရာ၊ အရှေ့တိုင်း အခေါ်အားဖြင့် လိပ်ကြယ် တာရာစု အတွင်းမှာ ပါဝင်တဲ့ Betelgeuse ကြယ်ကြီး ဖြစ်ပါတယ်။ ဒီကြယ်ဟာ နက္ခတ်ပညာအရ အဓိက နက္ခတ် ၂၇ လုံး ထဲမှာ ၆ လုံးမြောက် ကြယ်လဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် အရှေ့တိုင်း နက္ခတ်ပညာမှာ အလွန် အရေးပါတဲ့ ကြယ်ကြီး…

နွေယဉ်စွန်း နေအလင်းကို ဖမ်းယူသည့် နှစ် ၅,၄၀၀ သက်တမ်းရှိ ဂူသင်္ချိုင်း စပိန်တွင် ရှာဖွေတွေ့ရှိ

ရှေးဟောင်း သုတေသန ပညာရှင် တွေဟာ နှစ်ပေါင်း ၅,၄၀၀ သက်တမ်းရှိ ရှေးဟောင်း ဂူသင်္ချိုင်း တစ်ခုကို စပိန် နိုင်ငံ တောင်ပိုင်းက တောင်တွေအကြားမှာ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒီ သင်္ချိုင်းရဲ့ ထူးခြားချက် ကတော့ သင်္ချိုင်းဂ ဝင်ပေါက်ဟာ နွေရာသီ နွေယဉ်စွန်းချိန် ထွက်ပေါ်လာတဲ့ နေရဲ့ အလင်းတန်းတွေကို ဂူအတွင်းပိုင်းကို ဝင်အောင် တည့်တည့်…

မံမီ ကျိန်စာကို သိပ္ပံပညာရှင်တွေက ဘယ်လိုအကြောင်းပြသလဲ

တူတန်ခမံ (King Tutankhamen) ဘုရင်ရဲ့ မံမီရုပ်ကြွင်း ကနေ ပိုလန်ဘုရင် စတုတ္ထမြောက် ကာဆီမီယာ (Poland’s King Casimir IV) ရဲ့ မံမီရုပ်ကြွင်း တွေအထိ မံမီတွေရဲ့ ကျိန်စာနဲ့ ပတ်သက်လို့ ပညာရှင် တွေအကြား ပဟေဠိ ဖြစ်နေခဲ့ကြတာ ကြာခဲ့ပါပြီ။ ဒါပေမယ့် အခုတော့ မံမီရဲ့ ကျိန်စာ ဘာ့ကြောင့် ဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းရင်းကို သိပ္ပံ ပညာရှင်တွေ…

အမေရိကန် လေတပ် ပစ်ချလိုက်တဲ့ အမျိုးအမည်မသိ ယာဉ်ပျံတွေဟာ ဘာတွေလဲ

လွန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ် အတွင်း ကမ္ဘာတဝန်းက သိပ္ပံ စိတ်ဝင်စား သူတွေကြားမှာ အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့တဲ့ သတင်းကတော့ အမေရိကန် လေတပ်က အမျိုးအမည် ခွဲခြား မရတဲ့ ယာဉ်ပျံ ၃ စင်းကို ပစ်ချခဲ့တယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဒီ သတင်းနဲ့ အတူ အချို့က ဒါတွေဟာ UFO ခေါ်တဲ့ အခြားဂြိုဟ်တွေက လာတဲ့ ယာဉ်ပျံတွေ ဖြစ်တယ် ဆိုတဲ့အထိ အမျိုး…

အီဂျစ် မရဏကျမ်း ပုရပိုက် အပြည့်အစုံ ရှာဖွေတွေ့ရှိ

အီဂျစ်နိုင်ငံ ဆက်ကရာ (Saqqara) ဒေသက ရှေးဟောင်း ဂူသင်္ချိုင်း တစ်ခု အတွင်းကနေ တစ်အုပ်လုံး ပြည့်စုံတဲ့ အီဂျစ် မရဏကျမ်း (Egyptian Book of the Dead) ကျူရွက် ပုရပိုက် တစ်စုံကို ရှေးဟောင်း သုတေသန ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ခဲ့တယ်လို့ အီဂျစ် ရှေးဟောင်း သုတေသန ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီ တွေ့ရှိမှုဟာ လွန်ခဲ့…

မြေအောက်ခန်း တူးရာက ပေါ်လာတဲ့ ဧရာမ ရှေးဟောင်း မြေအောက်မြို့တော်ကြီး

ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးရဲ့ အောက်မှာ တိမ်မြုပ် ပျောက်ကွယ်နေတဲ့ ရှေးဟောင်း သမိုင်း အမွေအနှစ်တွေ အများအပြား ရှိကြပါတယ်။ တခါတလေ ဒီ ရှေးဟောင်း အမွေအနှစ် တွေဟာ မထင်မှတ် ထားတဲ့ နေရာတွေမှာ တည်ရှိနေ ကြတာကို မကြာခန တွေ့ကြရ ပါတယ်။ ဒီဖြစ်ရပ် တွေထဲက တစ်ခုကတော့ ရုပ်ရှင်အလား ထင်မှတ်မှား ရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ ဒါကတေ…

အာကာာသ လေဟာနယ်မှာ အသက်ရှင်နိုင်တဲ့ “ရေဝံ”

တာဒီဂရိတ် (tardigrade) ကို “ရေညှိဝက်ပေါက် (moss piglet)” (သို့) “ရေဝံ (water bear)” လို့လဲ ခေါ်ကြပါတယ်။ ဒီ တာဒီဂရိတ် ရေဝံ တွေဟာ အတော်ကလေး ထူးဆန်းတဲ့ သတ္တဝါတွေ ဖြစ်ကြပါတယ်။ ဒီ ရေဝံ ကို သာမန် မျက်စေ့နဲ့ ကြည့်လို့ မမြင်နိုင်ပါဘူး။ သူ့ကို အဏုကြည့် မှန်ပြောင်း (microscope) နဲ့ ကြည့်မှသာမြင်နိုင်မှာ ဖြစ်ပါတယ်။ သူ့ပုံကလဲ ဒစ်စ…

ကမ္ဘာပေါ်က အသက်ဇီဝကို ဥက္ကာပျံတွေက သယ်ဆောင်လာ တာလား

ကမ္ဘာပေါ်က နက္ခတ် ပညာရှင်တွေဟာ နေအဖွဲ့အစည်း ပြင်ပက ကြယ်တွေကို ပတ်နေတဲ့ ဂြိဟ်တွေပေါ်မှာ သက်ရှိတွေ ရှိမလား ဆိုတာကို ဒေါ်လာ သန်းပေါင်းများစွာ အကုန်ကျခံပြီး ကြိုးစား ရှာဖွေ နေခဲ့ကြပါတယ်။ ဒါပေမယ့် အခု ထက်ထိတော့ ကမ္ဘာ ပြင်ပမှာ သက်ရှိတွေ ရှိနိုင်တယ် ဆိုတဲ့ အရိပ်အယောင် လေးတောင် ရှာမတွေ့ကြ သေးပါဘူး။ ဒီလို ကမ္ဘာပြင်ပမှာ သက်ရှိတွ…

ဘာ့ကြောင့် ရေဘဝဲဟာ မျိုးပွားအပြီး ကိုယ့်ကိုယ်ကို သတ်သေ ရတာလဲ

သက်ရှိ မျိုးနွယ်စု အများအပြားဟာ မျိုးပွား အပြီးမှာ အသက် သေဆုံး သွားကြပါတယ်။ ဒါပေမယ့် ရေဘဝဲ အမ မှာတော့ မျိုးပွားအပြီး သေဆုံးမှု ဖြစ်စဉ်ဟာ အတော်လေး ထိတ်လန့်ဖွယ်ရာ ဖြစ်နေပါတယ်။ ရေဘဝဲ မျိုးစိတ် အများစုမှာ မိခင်ဟာ ဥအုခါနီးမှာ အစာ ရှာဖွေ စားသောက်မှု မပြုလုပ်တော့ ပါဘူး။ ရေဘဝဲ အမဟာ ဥအု အပြီးမှာတော့ အလွန် ခက်ထန် ကြမ်းတမ်းတဲ့ နည…