← All tags

#news

120 posts

Graphene နဲ့ စမ်းသပ် လမ်းခင်း

UK နိုင်ငံက အဝေးပြေး လမ်းမတခုကို ပြုပြင်ပြီး လမ်းအချောတင်ရာမှာ စမ်းသပ် အနေနဲ့ Graphene ဂရပ်ဖင်း ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ ဒါဟာ ကမ္ဘာမှာ ပထမဆုံး အနေနဲ့ ဂရပ်ဖင်း အသုံးပြုပြီး လမ်းအသားတင်တာ ဖြစ်ပါတယ်။ အခု လမ်းခင်းတဲ့ စမ်းသပ်မှုမှာ ကမ္ဘာ့ အမာကျောဆုံးလို့ လက်ခံထားကတဲ့ ဂရပ်ဖင်းကို အသုံးပြုခြင်းအားဖြင့် လမ်းတွေရဲ့ ကြံ…

လေယာဉ်တင် သင်္ဘောကိုတောင် မနိုင်မယ့် ကမ္ဘာ့အကြီးဆုံး သံလိုက်တုံးကြီး

ပြင်သစ်နိုင်ငံက နျူကလိယ သိပ္ပံ သုတေသီ တွေဟာ သူတို့ အနှစ်နှစ် အလလ စောင့်စားနေ ခဲ့တဲ့ ဧရာမ လျှပ်စစ် သံလိုက်တုံးကြီးကို လက်ခံရရှိပြီလို့ သိရပါတယ်။ ဒီ သံလိုက်တုံးကြီးကို သူတို့ရဲ့ (Nuclear Fusion) နျူကလိယ နေအတု စမ်းသပ်မှု သုတေသနမှာ အသုံးပြု သွားမှာ ဖြစ်ပါတယ်။ ဒီ သံလိုက်တုံးကြီးကို အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ စက်ရုံ တစ်ရ…

ကမ္ဘာ့ ပထမဆုံး မိုးပျံ မော်တော်ဆိုင်ကယ်

မိုးပျံ ကားတွေနဲ့ ကျောပိုး ဒုံးစက်တွေကို အောင်မြင်စွာ တီထွင် ဖန်တီး နိုင်ခဲ့ကြတာ ကြာပါပြီ။ ကျောပိုး မိုးပျံ ဒုံးစက်ဆိုရင် စီးပွားဖြစ် ထုတ်လုပ် ရောင်းချ နိုင်တဲ့ အထိ အောင်မြင်မှု ရရှိခဲ့ပါတယ်။ မိုးပျံကားလဲ မကြာမီ စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းနေ ကြပါတယ်။ ဒီအချိန်မှာ ကျောပိုး ဒုံးစက်ကို ဈေးကွက်မှာ အောင်အောင်မြ…

SpaceX ကုန်တင်ယာဉ် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ အောင်မြင်စွာ ဆိုက်ကပ်နိုင်ခဲ့

SpaceX ကုန်တင် အာကာသယာဉ် ဖြစ်တဲ့ SpaceX Dragon ကုန်တင် အာကာသယာဉ်ဟာ အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းမှာ အောင်မြင်စွာ ဆိုက်ကပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီ ဆိုက်ကပ်မှုကို ဩဂုတ်လ ၃၀ ရက်နေ့ အမေရိကန် အရှေ့ပိုင်း စံတော်ချိန် မနက် ၁၀ နာရီ ၃၀ မိနစ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆိုက်ကပ်မှု ပြုလုပ်တဲ့အ ချိန်မှာ အပြည်ပြည် ဆိုင်ရာ အာက…

အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကြီးကို လမ်းချော်သွားစေတဲ့ ရုရှားအာကာသယာဉ်

ပြီခဲ့တဲ့ ကြာသပတေးနေ့က အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (International Space Station, ISS) ကြီးဟာ မူလလမ်းကြောင်းကနေ အချိန် ၄၇ မိနစ်တာလောက် ကြာအောင် လမ်းချော်သွားပါတယ်။ ဒီဖြစ်ရပ်ကို ဖြစ်စေခဲ့တာကတော့ လောလောလတ်လတ် ISS နဲ့ လာချိတ်ဆက်ခဲ့တဲ့ ရုရှ သိပ္ပံ ဓါတ်ခွဲ စမ်းသပ်ခန်း အာကာသယာဉ်ပဲ ဖြစ်ပါတယ်။ ပြီခဲ့တဲ့ ကြာသပတေးနေ့က ISS နဲ့ နော…

ကျွန်တော်တို့ရဲ့ စကြာဝဠာကြီးက ဒိုးနတ်ပုံ အဝိုင်းကြီးတဲ့ဗျာ

စဉ်းစားကြည့်ကြပေါ့ဗျာ။ အာကာသထဲမှာ အာကာသယာဉ်ကြီးနဲ့ ခရီးသွားနေတာ။ တချိန်လဲကျရော မူလ ထွက်လာခဲ့တဲ့ နေရာကို ပြန်ရောက်လာရော။ ဘောလုံးကွင်းထဲ ကားပတ်မောင်း သလိုပေါ့ဗျာ။ အကယ်လို့ ကျွန်တော်တို့ရဲ့ စကြာဝဠာကြီးကသာ အချို့ သိပ္ပံပညာရှင်တွေ ဟောကိန်းထုတ်ထားသလို ဒိုးနတ်ပုံ အဝိုင်းကြီး ဆိုရင် အာကာသထဲ ခရီးထွက်တဲ့ သူမှန်သမျှ တချိန်တော့ မူ…

အရက်သောက်ခြင်းက စိုးရိမ်ပူပန်စိတ်ကို များစေတယ်

အရက်ကို ကြာရှည်စွဲသောက်ခြင်းဟာ စိုးရိမ်ပူပန်မှုကို မြင့်မားစေနိုင်တယ်လို့ သုတေသန တစ်ခုက တွေ့ရှိထားပါတယ်။ ဒီ သုတေသနကို Scripps Research Institute က ဆေးပညာရှင်တွေက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဦးဏှောက်ရဲ့ အတွင်းပိုင်းထဲမှာ ရှိတဲ့ amygdala လို့ခေါ်တဲ့ အစိတ်အပိုင်းလေးဟာ လူတွေရဲ့ စိတ်ခံစားမှု၊ စိတ်လှုပ်ရှားမှုနဲ့ အမူအကျင့်တွေကို…

ကမ္ဘာ့ ပထမဆုံး လေယဉ်တင် လေဆာ လက်နက်

အစ္စရေး တပ်မတော်နဲ့ အစ္စရေး လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ Elbit System တို့ဟာ ကမ္ဘာ့ ပထမဆုံး လေယဉ်တင် လေဆာ လက်နက်ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ ဒါ့ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး လေယဉ်ကနေ လေဆာ လက်နက်နဲ့ ပစ်ခတ်မှုပဲ ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုမှာ လူမပါတဲ့ မောင်းသူမဲ့ လေယဉ်ကို အခြားလေယဉ်ပေါ်ကနေ လေဆာ လက်နက်နဲ့ ပစ်ခတ်ပြီး ပစ်ချခဲ…

ကမ္ဘာ့အကြီးဆုံး လေယာဉ်ပျံ ကြီးတွေ

Airbus 380 ပုံကို တွေ့ဖူးကြတယ် မဟုတ်လား။ နှစ်ထပ်ခရီးသည်တင် လေယာဉ်ပျံ ကြီးလေ။ ခရီးသည်တင် လေယာဉ်တွေ ထဲမှာတော့ အကြီးဆုံးပါပဲ။ ဒါပေမယ့် ဒီလေယာဉ်ကြီးဟာ ကမ္ဘာ့အကြီးဆုံး လေယာဉ်တော့ မဟုတ်ပါဘူး။ သူ့ထက်ကြီးတဲ့ လေယာဉ်ကြီးတွေ ရှိပါသေးတယ်။ Airbus Beluga XL အဲဘတ်စ်ရဲ့ ဌာနချုပ်ဖြစ်တဲ့ ပြင်သစ်နိုင်ငံ တူးလူစ်မြို့က စက်ရုံထဲက လေယာဉ်အလုပ…

ကမ္ဘာပေါ်ကို ပျက်ကျလာမယ့် တရုတ်အာကသစခန်း

တရုတ်နိုင်ငံရဲ့ အာကသစခန်းဖြစ်တဲ့ တီဂုံ (၁) အာကာသစခန်း (Tiangong-1 Space Station) ဟာ မကြာမီ ရက်အနည်းငယ်အတွင်းမှာ ကမ္ဘာပေါ်ကို ပျက်ကျလာတော့မယ်လို့ ဒီအာကသ စခန်း၌ရဲ့ လှုပ်ရှားမှုတွေကို လေ့လာစောင့်ကြည့်နေကြတဲ့ သိပ္ပံပညာရှင်များက ဟောကိန်းထုတ်လိုက်ပါတယ်။ ဒီ တီဂုံ (၁) အာကသစခန်းဟာ တရုတ်ရဲ့ အာကသတွင်း လူနေထိုင်တဲ့ အာကသစခန်းစီမံကိ…