← All tags

#news

120 posts

အင်္ဂါဂြိုဟ် ဥက္ကာတွင်းကြီးတွေ အတွင်းက ထူးဆန်းသော ပုံသဏ္ဍာန်များ

အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင် ပေါ်မှာ ရှိတဲ့ ထူးဆန်းတဲ့ မြေမျက်နှာ သွင်ပြင် အများအပြားကို ပညာရှင်တွေ မကြာခန ရှာဖွေ တွေ့ရှိ နေကြပါတယ်။ နက္ခတ် ပညာရှင် တွေအကြား မှာလဲ အင်္ဂါဂြိုဟ်ဟာ ပဟေဠိ တွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ဥပမာ အင်္ဂါဂြိုဟ် ပေါ်မှာ သက်ရှိတွေ ရှိခဲ့ ဘူးသလား၊ အင်္ဂါဂြိုဟ်ရဲ့ ဝင်ရိုးစွန်း ရေခဲပြင် အောက်ထဲမှာ ပုန်းက…

၂၀၂၇ မှာ ဖွင့်မယ်ဆိုတဲ့ ကမ္ဘာ့ ပထမဆုံး အာကာသ ဟိုတယ်

အပန်းဖြေ ခရီးထွက်တယ်လို့ ပြောလိုက်ရင် လူအများစုရဲ့ စိတ်မှာ ပင်လယ် ကမ်းခြေတွေ၊ နှင်းတွေ ဝေနေတဲ့ တောင်ပေါ် အပန်းဖြေ စခန်းတွေနဲ့ ငွေကြေး တတ်နိုင် သူတွေအတွက် နိုင်ငံခြား တိုင်းပြည်ကို အလည်အပတ် သွားတာတွေကို ပြေးမြင်မိ ကြမှာပါ။ ဘယ်သူမှ အပန်းဖြေ ခရီးကို အာကာသထဲ ထွက်ဖို့ စိတ်ကူး ရှိကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အာကာသထဲ​ အပန်းဖြေ…

အပြည်ပြည်ဆိုင်ရာ အာကာသစခန်းရှိ ရုရှားဆိုယုယာဉ်မှ ဓါတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွား

အပြည်ပြည် ဆိုင်ရာ အာကာသစခန်း (International Space Station (ISS)) မှာ ဆိုက်ကပ်ထားတဲ့ ရုရှားပိုင် ဆိုယု (Soyuz) အာကာသ ယာဉ်မှ ဓါတ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွား ခဲ့ပါတယ်။ ဒီ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီ ဖြစ်စဉ်မှာ အာကာသ စခန်းမှာ ဆိုက်ကပ်ထားတဲ့ ဆိုယု အာကာသ ယာဉ်ရဲ့ အအေးပေး စနစ်မှာ အသုံးပြုတ…

ဒီဇင်ဘာမှာ မြင်ရမယ့် Geminids ကြယ်မိုး

အခုလာမယ့် ဒီဇင်ဘာ ၁၃-၁၄ ရက်ည တွေမှာ ဂျင်မစ်နစ် ကြယ်မိုး (Geminids meteor shower) ကို မြန်မာ နိုင်ငံ အပါအဝင် ကမ္ဘာ့ မြောက်ခြမ်းက သူတွေ တွေ့မြင် ကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီ ဂျင်မစ်နစ် ကြယ်မိုးဟာ နှစ်စဉ် ဒီဇင်ဘာ လလယ်လောက်မှာ ပေါ်ပေါက် လာလေ့ ရှိတဲ့ ကြယ်မိုး ဖြစ်ပါတယ်။ ကြယ်ကြွေတာ အများဆုံး အချိန်တွေ မှာဆို တစ်နာရီကို ဥက…

အီဂျစ်ဂူသင်္ချိုင်း တစ်ခုအတွင်း ဂရိ မံမီရုပ်ကြွင်းများ ရှာတွေ့

အီဂျစ်ပြည်က ရှေးဟောင်း ဂူသင်္ချိုင်း တစ်ခုအတွင်းမှာ မြှုပ်နှံထားတဲ့ ဂရိ မံမီရုပ်ကြွင်း တစ်ခုကို ရှေးဟောင်း ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒါဟာ ထူးဆန်းတဲ့ ရှာဖွေ တွေ့ရှိမှု ဖြစ်တယ်လို့ အီဂျစ် ရှေးဟောင်း ပညာရှင် တွေက ပြောကြပါတယ်။ ဒါ့ထက် ပိုထူးဆန်း နေတာကတော့ ဒီ မံမီရုပ်ကြွင်းရဲ့ အမည်ကို ရေးထိုးထားတဲ့ ကြေးပြား တစ်ချပ်…

အင်္ဂါဂြိုဟ် ပေါ်မှာ အော်ဂဲနစ် ဒြပ်ပေါင်း အထောက်အထားသစ် ရှာတွေ့

မားစ်ဂြိုဟ် (အင်္ဂါဂြိုဟ်) ပေါ်က ရဇီရို ချိုင့်ဝှမ်း (Jazero Crater) ထဲက ကျောက်သား တွေကို လေ့လာပြီးနောက် ဒီ ကျောက်သားတွေ ထဲမှာ ကာဗွန် အခြေပြု အော်ဂဲနစ် ဒြပ်ပေါင်းတွေ ရှိခဲ့တဲ့ အထောက်အထား တွေ့ရှိရတယ်လို့ Science သုတေသန ဂျာနယ်မှာ သိပ္ပံ သုတေသီ အဖွဲ့က တင်ပြထားပါတယ်။ ဒီ ရဇီရို ချိုင့်ဝှမ်းကြီး ထဲမှာ ၂၀၂၀ ခုနှစ်က ပါဆီးဗားရင…

လကမ္ဘာ သွားမည့် အာတီးမီးစ် ဒုံးပျံ အောင်မြင်စွာ လွှတ်တင်

နာဆာရဲ့ အာတီးမီးစ် အမှတ် ၁ (Artemis 1) ဒုံးပျံကို အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ပြီလို့ သိရပါတယ်။ ဒါဟာ ၁၉၆၀ နဲ့ ၁၉၇၀ နှစ်တွေ အလွန်မှာ လူလိုက်ပါတဲ့ လသွား အာကာသယာဉ် လွှတ်တင်နိုင်ဖို့ အရေးပါတဲ့ ခြေလှမ်း တစ်ရပ်ပဲ ဖြစ်ပါတယ်။ နာဆာက အခု လွှတ်တင်တဲ့ Space Launch System ဟာ လူလိုက်ပါခြင်း မရှိတဲ့ အိုရိုင်ယွန် အာကာသယာဉ် (Orion Sp…

ဒီည မြန်မာနိုင်ငံက မြင်တွေ့ရမယ့် လအပြည့်ကြတ်ခြင်း

၂၀၂၂ ခုနှစ်ရဲ့ ဒုတိယ အကြိမ်မြောက် လ အပြည့် ကြတ်ခြင်းကို ဒီည မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားကနေ တွေ့မြင် ကြရမှာ ဖြစ်ပါတယ်။ အခုလို လအပြည့် ကြတ်ခြင်းကို နောက်တကြိမ် ထပ်မံ ကြုံတွေ့ဖို့ နောက်ထပ် ၃ နှစ် ထပ်စောင့်ရ မယ်လို့လဲ သိရပါတယ်။ နောက်တကြိမ် လအပြည့် ကြတ်ခြင်းဟာ ၂၀၂၅ ခု မတ်လ ၁၄ ရက် နေ့မှသာ ထပ်မံ တွေ့မြင် ကြ…

ဂလက်ဆီ တွေကို ဝါးမျိုစားသုံးနေတဲ့ ကွေဆာကြီး

စကြာဝဠာ အတွင်းက ဝေးလံတဲ့ အရပ်ဒေသ တစ်ခုမှာ မွေးကင်းစ ဂလက်ဆီ တွေ စုပေါင်းနေထိုင် ကြတဲ့ ရှေးဦး ဂလက်ဆီ အစုအဝေး (galaxy protocluster) တစ်ခု ရှိပါတယ်။ ဒီ ဂလက်ဆီ အစုအဝေးကနေ စကြာဝဠာ ဖြစ်တည်မှုရဲ့ အစောပိုင်း ကာလတွေနဲ့ ပတ်သက်ပြီး အရေးပါတဲ့ အချက်အလက်တွေကို နက္ခတ်ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။ အရေး အကြီးဆုံး အချက်ကတော့ ဒီ ဂ…

စက်တင်ဘာ ၂၆ မှာ ဥက္ကာပျံကို ဝင်ဆောင့်မယ့် နာဆာရဲ့ DART Mission

နာဆာက ပြီးခဲ့တဲ့ နှစ်က လွှတ်တင်ခဲ့တဲ့ DART အာကာသ ယာဉ်ဟာ လာမယ့် စက်တင်ဘာ ၂၆ နေ့မှာ သူ့ရဲ့ ဦးတည်ရာ ပစ်မှတ် ဖြစ်တဲ့ ဂြိုဟ်သိမ် ကို ဝင်ဆောင့်တော့ မယ်လို့ သိရပါတယ်။ DART အာကာသယာဉ် ကို ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာလ ၂၄ ရက်နေ့က SpaceX Falcon 9 ဒုံးပျံကြီးနဲ့ အောင်မြင်စွာ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ စီမံကိန်းကို Double Asteroid Red…