
ကမ္ဘာကြီး လည်နေတယ်ဆိုရင် ဘာ့ကြောင့် ကျွန်တော်တို့ မသိရတာလဲ
ကမ္ဘာကြီးက လည်နေပါတယ်။ တစ်နာရီကို မိုင် ၁၀၀၀ နှုန်းနဲ့ လည်နေတာပါ။ အဲဒီတော့ ဒီကမ္ဘာကြီးပေါ်မှာ နေတဲ့ ကျွန်တော်တို့တွေလဲ တစ်နာရီကို မိုင် ၁၀၀၀ နှုန်းနဲ့ ခရီးသွားနေတာပေါ့။ ဒါ အသံထက် မြန်တဲ့ နှုန်းနော်။ ဒီ့လောက်မြန်တဲ့ အရှိန်နဲ့ ခရီးသွားနေတာဆိုရင် ဘာ့ကြောင့် ကမ္ဘာလည်နေတာကို ကျွန်တော်တို့ မခံစားရတာလဲ။ ကမ္ဘာကြီး လည်နေတာကို မ…