← All tags

#relativity

23 posts

အချိန်ခရီးသွားပြီး အတိတ်ကို ပြောင်းလဲနိုင်မလား

အိုင်းစတိုင်းက ၁၉၀၅ မှာ နှိုင်းယှဉ်ခြင်း သီအိုရီကို တင်ပြခဲ့ပါတယ်။ ဒီအချိန်က စလို့ သိပ္ပံ ပညာရှင်တွေ အကြားမှာ (အထူးသဖြင့် ရူပဗေဒ ပညာရှင်တွေ အကြာမှာ) အချိန် ခရီးသွားခြင်း (time travel) နဲ့ ပါတ်သက်လို့ အလေးအနက်ထား ပြောဆို ဆွေးနွေး သုတေသန ပြုလုပ်လာ ခဲ့ကြပါတယ်။ အချို့က အတိတ်ကို အချိန်ခရီးသွားဖို့ ဖြစ်နိုင်တယ်လို့ ယုံကြည်ကြ…

Black hole တွေ တိုက်မိရာက ထွက်လာတဲ့ ဆွဲငင်အားလှိုင်း အမြောက်အများ ဖမ်းမိ

ဩစတြေးလျ အမျိုးသား တက္ကသိုလ် (The Australian National University (ANU)) က ရူပဗေဒ ပညာရှင် တွေဟာ အာကာသ ထဲက ဆွဲငင်အားလှိုင်း (Gravitational Waves) တွေ အမြောက်အများ ဖမ်းယူရရှိ ခဲ့တယ်လို့ သူတို့ တင်ပြတဲ့ စာတမ်း တစ်စောင်မှာ ဖေါ်ပြ ထားပါတယ်။ အခု တွေ့ရှိချက်ဟာ ကျွန်တော်တို့ စကြာဝဠာ ယူနီဗာစ် ကြီးရဲ့ လှို့ဝှက်ချက် တွေကို ဖော်ထုတ…

ထူးဆန်းတဲ့ ဂလက်ဆီ အမွှာစုံတွဲ ပဟေဠိ အဖြေပေါ်ပြီ

ဂလက်ဆီ ကြယ်စု ကြီးတွေ ဆိုတာ ကျွန်တော်တို့ရဲ့ လက်ဗွေရာ တွေလို ပါပဲ။ ဘယ် လက်ဗွေရာမှ နှစ်ခု ထပ်တူ မတူနိုင် သလို ဘယ် ဂလက်ဆီ မှလဲ ထပ်တူ မတူနိုင် ဘူးလို့ နက္ခတ် ပညာရှင် တွေက ပြောပါတယ်။ ၂၀၁၃ ခု နှစ်မှာ ချွတ်ဆွတ် တူတဲ့ ဂလက်ဆီ အမွှာ ညီနောင်ကို နက္ခတ် ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ခဲ့ချိန်မှာတော့ အတော်များများ အံ့အား သင့်ကုန် ကြပါတယ…

ဘာ့ကြောင့် အချိန်က အာကာသထဲမှာ ပိုမြန်ရတာလဲ

တောင်ထိပ်မှာ နာရီတစ်လုံးကိုထားလိုက်ဗျာ။ နောက်တစ်လုံးကို ပင်လယ်ရေမျက်နှာပြင်နဲ့ အမြင့်တူတဲ့ ကမ်းခြေ တစ်နေရာမှာ ထားထားလိုက်။ ဒီနှစ်လုံးကို အချိန် တစ်ချိန်ထဲကို တိုက်ထားမယ်ဗျာ။ ပထမတော့ မသိသာဘူးပေါ့။ ဒါပေမယ့် အချိန်ကြာလာ တာနဲ့အမျှ ဒီနာရီ နှစ်လုံးဟာ မတူညီတဲ့ အချိန်နှစ်ခုကို ညွှန်ပြနေတယ် ဆိုတာကို ခင်ဗျားတို့ တွေ့လာရပါလိမ့်မယ…

Wormhole တွေတကယ်ရှိလား

Wormhole ဆိုတာကို အလွယ်ဆုံး ပြောရရင်တော့ စကြာဝဠာထဲမှာ ဝေးလံတဲ့ အရပ်ဒေသတွေကို ဆက်စပ်ပေးထားတဲ့ ဖြတ်လမ်းတွေပဲ ဖြစ်ပါတယ်။ ဒီ Wormhole (တီတွင်း) သီအိုရီ အရဆို space-time ဆိုတဲ့ အာကာသနဲ့ အချိန် ကို ဖြတ်သန်းဖေါက်လုပ်ထားတဲ့ ဖြတ်လမ်းတွေကို အသုံးပြုပြီး စကြာဝဠာ အတွင်းမှာ တနေရာက တနေရာကို အချိန် တိုတိုအတွင်းမှာ သွားလာနိုင်မယ်လို့…

Black Hole ရဲ့အမွှာ White Hole

Black hole ခေါ် အာကာသ တွင်းနက်တွေ အကြောင်းကတော့ ရေးတဲ့သူတွေ များလို့ ကြားဖူးတဲ့သူ အတော်များပါတယ်။ တော်တော်များများလဲ အနည်းအကျဉ်းတော့ ဘလက်ဟိုး တွင်းနက်တွေ အကြောင်း သိကြပါတယ် (မှန်တာ မမှန်တာ တပိုင်းပေါ့လေ)။ တခါ Intersteller လို ရုပ်ရှင်ကားတွေ ကြောင့်လဲ လူပိုသိလာ ကြပါတယ်။ ဒီလို Black Hole တွင်းနက်ကြီးတွေ အကြောင်း လူသိကြသလ…

Dark Energy ရှာတွေ့ပြီလား

Dark Energy ခေါ် အမှောင်စွမ်းအင် ဆိုတာကို အခုအချိန်ထိ မြင်နိုင်၊ တွေ့နိုင်၊ ခံစားနိုင်ခြင်း မရှိသေးပါဘူး။ ဒီ dark energy အမှောင်စွမ်းအင် ဆိုတာက ရူပဗေဒ ပညာရှင်တွေရဲ့ မှန်းဆချက် တရပ်ပဲ ရှိပါသေးတယ်။ အခုအချိန်အထိ သူ့ရဲ့ သက်ရောက်မှုကို တိုက်ရိုက် ရှာဖွေတွေ့ရှိခြင်း မရှိသေးသလို တိုင်းတာလို့လဲ မရသေးပါဘူး။ ဒါဆို ဒီ dark energy…

Black Hole တွေဟာ အခြား စကြာဝဠာတွေကို သွားဖို့ တံခါးပေါက်တွေလား

အိုင်းစတိုင်းရဲ့ ရီလေတီဗတီ နှိုင်းယှဉ်ခြင်း သီအိုရီ (General Theory of Relativity) အရတော့ Black Hole တွင်းနက်တွေဟာ သက်ရှိတွေ အသက်ရှင် နေနှိုင်ခြင်း မရှိတဲ့ အရပ်ဒေသတွေပဲ ဖြစ်ပါတယ်။ ဒီထဲကို ဝင်သွားတဲ့ အရာမှန်သမျှဟာ Singularity ခေါ်တဲ့ မူလမှတ်မှာ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။ Singularity ခေါ် မူလမှတ် ဆိုတာက အလွန်သေးငယ်တဲ့ နေ…

Black Hole ထဲကို လူတွေဝင်ပြီး လေ့လာနိုင်မလား

Black Hole တွင်းနက်ကြီး တွေဟာ လူသားတွေ အတွက်တော့ ဖြေရှင်းရ အလွန်ခက်ခဲတဲ့ ပဟေဠိ တစ်ခုပဲ ဖြစ်ပါတယ်။ ဒီပဟေဠိကို ဖြေရှင်းဖို့ ဆိုရင် အကောင်းဆုံး နည်းလမ်းကတော့ တွင်းနက်ကြီး တစ်ခုထဲကို လူသား သုတေသီ တွေ ကိုယ်တိုင် ဝင်ရောက်ပြီး အဖြေရှာဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ဝင်ဖို့ ဆိုတာက ထင်သလောတော့ မလွယ်ပါဘူး။ ဒီလို ဝင်နိုင်ဖို့ဆို…

အိုင်းစတိုင်း လက်စွပ်

ဟတ်ဘယ် (Hubble Space Telescope) နက္ခတ်ကြည့် မှန်ပြောင်းကြီး ကနေ ရိုက်ကူးထားတဲ့ အိုင်းစတိုင်း လက်စွပ် (Einstein Ring) ဓါတ်ပုံကို နာဆာ အဖွဲ့ကြီးက ထုတ်ပြန်လိုက်ပါတယ်။ ဒီပုံမှာပါတဲ့ အိုင်းစတိုင်း လက်စွပ်ဟာ ကမ္ဘာကနေဆို အလင်းနှစ် သန်းပေါင်း ထောင်ချီတဲ့ အကွာမှာ ရှိနေတာ ဖြစ်ပါတယ်။ ဒီ ထူးဆန်းတဲ့ သဘာဝ ကို အိုင်းစတိုင်းက စတင်ပြီး…