← All tags

#research

7 posts

Tardigrade ရေဝံ ၏ မျိုးရိုးဗီဇအား လူ့ပင်မဆဲလ် အတွင်း ထည့်သွင်းပြီး ဆူပါစစ်သည်များ ဖန်တီးရန် တရုတ်သုတေသနပြု

Tardigrade ခေါ် ရေဝံ တွေဟာ အလွန် အသက်ပြင်းတဲ့ သတ္တဝါတွေ ဖြစ်ကြပါတယ်။ ရေခမ်းခြောက်တဲ့ဒါဏ်၊ အပူအအေးဒါဏ် နဲ့ ရေဒီယေးရှင်း ဓါတ်ရောင်ခြည် ဒါဏ်တွေကို ခံနိုင်သလို အာကာသ လေဟာနယ် ထဲမှာလဲ အချိန် အတိုင်းအတာ တခုအထိ အသက်ရှင် နိုင်စွမ်း ရှိကြပါတယ်။ ဒီ တာဒီဂရိတ် ရေဝံ တွေရဲ့ မျိုးရိုးဗီဇကို လူ့ မျိုးရိုးဗီဇထဲ ထည့်သွင်း ပေါင်းစပ် လိုက်…

အဖေနှစ်ယောက် ကမွေးတဲ့ ကြွက် အောင်မြင်စွာ ဖန်တီးနိုင်ပြီ

နို့တိုက် သတ္တဝါ အားလုံးဟာ မိခင် ရဲ့ မျိုးဥနဲ့ ဖခင်ရဲ့ သုက်ပိုးတို့ ပေါင်းစပ်ပြီး မွေးဖွားလာ ကြတာ ဖြစ်ပါတယ်။ တနည်း ပြောရရင် နို့တိုက် သတ္တဝါ အားလုံးမှာ ဖခင် တစ်ယောက် နဲ့ မိခင် တစ်ယောက် စီ ရှိကြပါတယ်။ ဒါပေမယ့် ဖခင် နှစ်ယောက် ကနေ ပေါင်းစပ်ပြီး မွေးဖွားလာတဲ့ ကြွက်သားငယ် တွေကို သိပ္ပံ ပညာရှင်တွေဟာ ဓါတ်ခွဲခန်း အတွင်း အောင်မ…

ကမ္ဘာ့ ဗဟိုအူတိုင် လည်ပတ်မှု ရပ်ဆိုင်းတော့မည်လော

ကမ္ဘာ့ ဗဟိုအူတိုင်ဟာ အလွန် ပူပြင်းတဲ့ သံထည်ထု လုံးကြီး တစ်လုံး ဖြစ်ပါတယ်။ ဒီ ဗဟိုအူတိုင်က သံလုံးကြီးရဲ့ အရွယ်အစားဟာ ပလူတို ဂြိုဟ်ငယ် ရဲ့ အရွယ်သာသာလောက် ရှိပါတယ်။ ဒီ ဗဟိုအူတိုင် သံလုံးကြီးဟာ ပုံမှန် ကမ္ဘာ လည်နေ သလိုမျိုး အလားတူပဲ​သူ့ ဝင်ရိုးပေါ်မှာ သူလည်ပတ်နေပါတယ်။ ဒါပေမယ့် ဒီ အူတိုင်ရဲ့ လည်ပတ်မှုဟာ တဖြည်းဖြည်း နှေးလာ န…

အာကာာသ လေဟာနယ်မှာ အသက်ရှင်နိုင်တဲ့ “ရေဝံ”

တာဒီဂရိတ် (tardigrade) ကို “ရေညှိဝက်ပေါက် (moss piglet)” (သို့) “ရေဝံ (water bear)” လို့လဲ ခေါ်ကြပါတယ်။ ဒီ တာဒီဂရိတ် ရေဝံ တွေဟာ အတော်ကလေး ထူးဆန်းတဲ့ သတ္တဝါတွေ ဖြစ်ကြပါတယ်။ ဒီ ရေဝံ ကို သာမန် မျက်စေ့နဲ့ ကြည့်လို့ မမြင်နိုင်ပါဘူး။ သူ့ကို အဏုကြည့် မှန်ပြောင်း (microscope) နဲ့ ကြည့်မှသာမြင်နိုင်မှာ ဖြစ်ပါတယ်။ သူ့ပုံကလဲ ဒစ်စ…

ထောပတ်သီး နေ့စဉ်စားသုံးခြင်းက ကိုလက်စထရောကို ကျဆင်းစေနိုင်

ထောပတ်သီးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေကို သုတေသန ပြုထားတဲ့ နောက်ဆုံး သုတေသန ရလဒ်အရ ထောပတ်သီး တစ်နေ့ တစ်လုံး (၆) လ ကြာအောင် နေ့စဉ် စားသုံးခြင်းဟာ အဝလွန် သူတွေကို ကိုယ်အလေးချိန် လျှော့ကျအောင် ပြုလုပ် ပေးနိုင်စွမ်း မရှိပါဘူး တဲ့။ ဒါပေမယ့် ဒီလို စားသုံးတဲ့ သူတွေမှာ သွေးတွင်းက ကိုလက်စထရော အဆီဓါတ် ကိုတော့ အနည်းငယ် ကျဆင်းစေနိ…

မိခင်အတွက် Stem Cells လှူတဲ့ သန္ဓေသားငယ်

အမေတွေသာ သူတို့ရဲ့ သားငယ် သမီးငယ်တွေကို ကုသမှု ပေးနိုင်တယ်လို့ လယ်သူက ပြောလဲဗျ။ ကလေးကလဲ သူ့မိခင်ကို ရောဂါကုသမှု ပေးနိုင်တဲ့ စွမ်းဆောင်ရည် ရှိပါတယ်ဗျ။ တကယ်က ဗိုက်ထဲကတောင် ထွက်မလာသေးဘူး ကိုယ်ဝန်ကာလ မေမေ့ဗိုက်ထဲမှာတင်ကို ကလေးလေးက သူ့မေမေကို ဆေးကုပေးနိုင်တယ်နော်။ ကိုယ်ဝန်ဆောင် ကာလမှာ မိခင်က သန္ဓေသား လိုအပ်တဲ့ အစာအဟာရတွေနဲ့…

ပိုးစားသောသွားများကို အသစ်ပြန်ပေါက်အောင် လုပ်နိုင်တော့မည်

သွားဆရာဝန်ဆီမှာ သွားပိုးစားလို့ သွားပေါက်ဖါဖူးတယ် မဟုတ်လား။ ဘယ်လိုနေကြလဲ။ သွားပိုးစားလို့ ပေါက်နေတဲ့ သွားကို မဖာခင် သွားဆရာဝန်တွေဟာ သူတို့ရဲ့ လွန်သွား (drill) နဲ့ အရင် စားပစ်ပြီး သွားပေါက်ကို ချဲ့ရပါတယ်။ ပြီးမှာ သွားဖါဆေးထည့်ပြီး ဖါရပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး ဆေးပညာဆိုင်ရာ ရှာဖွေတွေ့ရှိမှုတွေအရ နောက်ဆို ဒီလို သွားပေါ…