← All tags

#universe

84 posts

စကြာဝဠာ အစောပိုင်းက အချိန်ဟာ ၅ ဆ ပိုနှေးခဲ့ကြောင်း ပညာရှင်များ ရှာဖွေတွေ့ရှိ

စကြာဝဠာ အစောပိုင်းက ကွေဆာတွေ (quasars) ထဲမှာ အချိန်ဟာ ပိုမိုနှေးကွေးစွာ စီးဆင်းနေ ခဲ့ကြောင်း ရှာဖွေ တွေ့ရှိ ထားပါတယ်။ ဒါဟာ အိုင်းစတိုင်းရဲ့ ကြိုတင် ဟောကိန်း ထုတ်ထားခဲ့တဲ့ အတိုင်းပါပဲ။ သူ့ရဲ့ အထွေထွေ နှိုင်းရ နိယာမ (General Theory of Relativity) အရ ဆွဲငင်အား ကြီးမားတဲ့ အရာဝတ္ထုတွေရဲ့ အနီးမှာ အချိန်ဟာ ပိုမို နှေးကွေးစွာ…

စကြာဝဠာရဲ့ နောက်ခံ ဆွဲအားလှိုင်းများ ရှာဖွေတွေ့ရှိ

အိုင်းစတိုင်းရဲ့ နှိုင်းရ သီအိုရီ အရ black hole တွင်းနက်တွေ တိုက်မိကြတဲ့ အခါမှာ ပြင်းထန်တဲ့ ဆွဲငင်အား လှိုင်းတွေ ထွက်ပေါ်လို့ လာပါတယ်။ ဒီ ဆွဲငင်အား လှိုင်းတွေ ရှိကြောင်းကိုလဲ LIGO ဆွဲအားလှိုင်း ဖမ်းစက်နဲ့ ဖမ်းယူပြီး သက်သေ ပြနှိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။ ယခုအခါ သိပ္ပံ ပညာရှင်တွေဟာ စကြာဝဠာရဲ့ နောက်ခံ ဆွဲအားလှိုင်းကြီးကိုလဲ…

စကြာဝဠာဟာ black hole တွင်းနက်တစ်ခုအတွင်းမှာ တည်ရှိနေတာလား

ညဖက် မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် မစ်ကီးဝေး ဂလက်ဆီ အတွင်းက ကြယ်တွေ မရေမတွက်နိုင်အောင် တွေ့ကြရမှာ ဖြစ်ပါတယ်။ အားကောင်းတဲ့ တယ်လီစကုပ် မှန်ပြောင်းတွေနဲ့ ကြည့်မယ်ဆိုရင် ကြယ်တွေတင် မကပဲ မစ်ကီးဝေး ဂလက်ဆီ အပြင်ဖက်က ဂလက်ဆီ တွေကိုပါ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ဂလက်ဆီ တွေရဲ့ အဆုံးမှာ ဘာရှိနေ မလဲ။ တနည်းအားဖြင့် စက…

စကြာဝဠာရဲ့ ပထမဆုံး ဂလက်ဆီ ၇၁၇ ခု ဂျိမ်စ်ဝက်ဘ် ရှာတွေ့ထားပြီ

မနှစ်ကမှ စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် (James Webb Space Telescope) ကြီးဟာ တစ်နှစ်တောင် မပြည့်သေးတဲ့ အချိန်ကာလ အတောအတွင်း စကြာဝဠာရဲ့ ပထမဆုံး လို့ ယူဆရတဲ့ ဂလက်ဆီပေါင်း ၇၁၇ ခု ရှာဖွေ တွေ့ရှိထားပြီး ဖြစ်ပါတယ်။ Big Bang ခေါ်တဲ့ မဟာပေါက်ကွဲမှုကြီး အပြီး နှစ်သန်း ၆၀၀ လောက် အကြာမှာ စတင် မွေးဖွား ခဲ့ကြတဲ့…

စကြာဝဠာအတွင်း အစောဆုံး အော်ဂဲနစ် ဒြပ်ပေါင်း ဂျိမ်းစ်ဝက်ဘ် ရှာဖွေတွေ့ရှိ

ကမ္ဘာမြေ ကနေ အလင်းနှစ် ၁၂.၃ ဘီလီယံ (အလင်းနှစ် သန်း ၁၂,၃၀၀) အကွာမှာ ရှိတဲ့ ရေးဦး ဂလက်ဆီကြီး တစ်ခု အတွင်းမှာ ရှုပ်ထွေးတဲ့ အော်ဂဲနစ် ဒြပ်ပေါင်း (complex organic molecules) တွေ ရှာဖွေ တွေ့ရှိ ထားပါတယ်။ ဒါဟာ ယခုထိ ရှာဖွေ ပြီးသမျှ အော်ဂဲနစ် ဒြပ်ပေါင်းတွေ အနက် အစောဆုံး ဖြစ်သလို ကမ္ဘာကနေ အဝေးဆုံး နေရာမှာ ရှာဖွေ တွေ့ရှိမှုလဲ ဖြ…

စကြာဝဠာကနဦးမှ ရှေးအကျဆုံး black hole တွင်းနက်ကြီး ဂျိမ်းစ်ဝက်ဘ် ရှာတွေ့

စကြာဝဠာ ကနဦးက ရှေးအကျဆုံး black hole တွင်းနက်ကြီး တစ်ခုကို ဂျိမ်းစ်ဝက်ဘ် အာကာသ တယ်လီစကုပ် (James Webb Space Telescope) ကြီးကနေ ရှာဖွေပေးလိုက် ပြန်ပါပြီ။ အခုရှာတွေ့တဲ့ တွင်းနက်ကြီးဟာ ကျွန်တော်တို့ နေ အလုံး ၁၀ သန်းနဲ့ ညီမျှတဲ့ ဒြပ်ထုကို ပိုင်ဆိုင်တဲ့ ဧရာမ တွင်းနက်ကြီး ဖြစ်ပါတယ်။ ဒီ တွင်းနက်ကြီးကို Big Bang ကနေ စကြာဝဠာ မွ…

ပေါက်ကွဲလုလု ကြယ်ကြီးတစင်းရဲ့ ပုံကို ဂျိမ်းစ်ဝက်ဘ် က အမိအရ ရိုက်ယူနိုင်ခဲ့

နာဆာရဲ့ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးဟာ အံ့မခန်း ရှာဖွေ တွေ့ရှိမှုတွေကို ဆက်တိုက် ဆိုသလိုပဲ ရှာဖွေ ပေးလျှက် ရှိပါတယ်။ အခုလဲ ဧရာမ ကြယ်ကြီး တစ်စင်းရဲ့ ပေါက်ကွဲလုလု ဓါတ်ပုံကို နာဆာက ထုတ်ပြန်လိုက် ပြန်ပါတယ်။ ဒီ ပုံမှာပါတဲ့ ကြယ်ဟာ ကမ္ဘာကနေဆို အလင်းနှစ် ၁၅,၀၀၀ အကွာမှာ ရှိတဲ့ ကြယ်ဖြစ်ပါတယ်။ ဒီကြယ်ဟာ Sagittarius နက္ခတ်ခွင် အတွ…

မိခင်ကြယ်က သူ့ရဲ့အရံဂြိုဟ်ကို ဝါးမြိုလိုက်တဲ့အဖြစ်

မိခင်ကြယ်ကနေ သူ့ကို ပတ်နေတဲ့ အရံဂြိုဟ် တစ်စင်းကို ဝါးမြိုစားသုံး ပစ်လိုက်တဲ့ ဖြစ်စဉ်တစ်ခုကို နက္ခတ် ပညာရှင်တွေ ပထမဆုံး အကြိမ်အဖြစ် မျက်ဝါးထင်ထင် တွေ့မြင်ခွင့် ရလိုက်ပါတယ်။ ဒီဖြစ်စဉ်မှာ သေဆုံးခါနီး အသက်ငင်နေပြီး ဖြစ်တဲ့ မိခင်ကြယ် ကြီးက သူ့ရဲ့ အရံဂြိုဟ် တစ်စင်းကို ဝါးမြို စားသုံးပြီး တစ်စစီ ဖျက်ဆီး ပစ်လိုက်ရာက ထွက်ပေါ်လာ…

ကမ္ဘာဆီ တည့်တည့်ချိန်ရွယ်လာတဲ့ Black Hole ကြီး

မစ်ကီးဝေး အပြင်ဖက် ကမ္ဘာနဲ့ ဝေးကွာတဲ့ အရပ်မှာ ဂလက်ဆီကြီး တစ်ခု ရှိပါတယ်။ ဒီ ဂလက်ဆီ ကြီးရဲ့ အလယ်ဗဟိုမှာ ကြီးမားတဲ့ ဧရာမ တွင်းနက်ကြီး (supermassive black hole) တစ်ခု ရှိပါတယ်။ ဒီ တွင်းနက်ကြီး ကနေ အလွန်အင်အားကောင်းတဲ့ ရေဒီယေးရှင်း ဓါတ်ရောင်ခြည် တွေကို အလင်းလျှင်နှုန်း နီးပါး အမြန်နဲ့ မှုတ်ထုတ် နေပါတယ်။ ဒီလို ရေဒီရေးရှင်း…

သက်တမ်းအရင့်ဆုံး ဂလက်ဆီ James Webb ရှာတွေ့

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် (James Webb Space Telescope) ကြီးဟာ ကမ္ဘာနဲ့ အဝေးဆုံးမှာ ရှိတဲ့ ရှေးဟောင်း ဂလက်ဆီ အိုကြီး ၄ ခုကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒီ ဂလက်ဆီ တွေအနက်က သက်တမ်း အရင့်ဆုံး၊ အအိုမင်းဆုံး ဂလက်ဆီ ဟာဆိုရင် စကြာဝဠာ ဖြစ်တည်စ Big Bang မဟာပေါက်ကွဲ မှုကြီး အပြီး နှစ်သန်း ၃၂၀ အကြာမှာ မွေးဖွားခဲ့တဲ့ သက်တမ်း အရင့်ဆုံး…