← All categories

earth

39 posts

ကမ္ဘာလုံးကြောင်း ဘယ်လို သိနိုင်မလဲ

ကမ္ဘာလုံးတယ် ဆိုတာ ဒီခေတ်မှာ သိပ္ပံ ပညာရှင်တွေ တင်မက လူ အများစု သိရှိပြီး ကြတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါများ အရေးတယူ လုပ်ပြီး ဆောင်းပါး ရေးနေရသေးလား ဆိုပြီး အပစ်တင် မစောကြ ပါနဲ့ ခင်ဗျာ။ ကျွန်တော်တို့ သိပ္ပံ အဖွဲ့သားတွေ ဖွဲ့စည်းထားတဲ့ “အာကာသ နှင့် သိပ္ပံ” Group မှာ ကမ္ဘာ လုံးတာ လက်မခံတဲ့ သူတွေ၊ နောက်ပြီး ကမ္ဘာလုံးတယ် ဆိုတာ သ…

ကမ္ဘာပေါ်မှာ အသက်ဇီဝ ဘယ်လို စဖြစ်လာလဲ

ကမ္ဘာပေါ်မှာ အသက်ဇီဝဟာ လွန်ခဲ့တဲ့ နှစ် သန်း ၃,၀၀၀ လောက်က စတင် ဖြစ်တည် လာတယ်လို့ သိပ္ပံ ပညာရှင် တွေက ခန့်မှန်း ကြပါတယ်။ စဖြစ်စ တုန်းကတော့ တကယ့်ကို ရိုးရှင်းတဲ့ အဏုဇီဝ ပိုးမွှားလေး တွေပါ။ အဲ့သည်ကမှ တဖြည်းဖြည်း ရှုပ်ထွေးတဲ့ သက်ရှိ တွေ အဖြစ် အဆင့်ဆင့် ကူးပြောင်း လာကြတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သက်ရှိတွေ ဘယ်လို စတင် ဖြစ်ထွန်…

ကမ္ဘာ့လေထု ဘယ်လို ဖြစ်လာလဲ

ကမ္ဘာ့လေထု (Earth’s atmosphere) ဟာ ထူးခြားပါတယ်။ ဘာထူးခြားလဲ ဆိုတော့ အသက်ဇီဝ ဖြစ်ထွန်းဖို့ လိုအပ်တဲ့ အောက်ဆီဂျင်ဓါတ် လုံလုံ လောက်လောက် ရှိနေတာပါပဲ။ တချိန်ထဲမှာ အသက်ဇီဝ ကို ပျက်စီးစေနိုင်တဲ့၊ အဆိပ်အတောက် ဖြစ်စေတဲ့ ဓါတ်တွေလဲ လေထုထဲမှာ ပြောပလောက်အောင် ပါဝင်ခြင်း မရှိပါဘူး။ ကျွန်တော်တို့ လ အပါအဝင် အခြား ဂြိုဟ်တွေ ပေါ်မှာလဲ…

ပင်လယ်ထဲကို ဆားတွေ ဘယ်ကရောက်လာလဲ

ပင်လယ်ရေ ဘာလို့ ငန်ရတာပါလဲ။ ဟုတ်ကဲ့ ပင်လယ်ရေထဲ ဆားတွေ ပါနေလို့ ငန်နေရတာပါ။ ဒါလေးများ ကလေးတောင် သိသေးတယ်။ ပြဿနာက အဲ့ဒီ ဆားတွေ ဘယ်က ရောက်လာလဲ ဆိုတာပါပဲ။ အဲ့တာကျတော့ လူ ၁၀၀ မှာ ၉၉ မသိကြပါဘူး။ ငယ်ငယ်ကတော့ လူထု ဦးလှ ရေးတဲ့ တိုင်းရင်းသား ပုံပြင် တစ်ပုဒ်မှာ ရေသူမလေး ပင်လယ်ထဲ ကျသွားပြီး ပင်လယ်ရေကြီးက ငန်သွားတယ် လို့ ဖတ်ရဖူးတယ်…

အောက်ဆီဂျင် ကုန်ခမ်းသွားပြီး ကမ္ဘာပေါ်က သက်ရှိတွေ ကွယ်ပျောက်သွားမယ်လို့ သိပ္ပံပညာရှင်များက ဟောကိန်းထုတ်

ယခုလက်ရှိ အချိန်မှာတော့ ကမ္ဘာ့လေထုထဲမှာ အောက်ဆီဂျင်တွေ ပေါပေါများများနဲ့မို့ သက်ရှိတွေ အမြောက်အများ ရှင်သန်ပွားများခွင့် ရနေကြပါတယ်။ ဒါပေမယ့် ကမ္ဘာလေထုထဲမှာ ဒီလို အောက်ဆီဂျင် ပေါပေါများများ ရှိနေတာက အမြဲတမ်းတော့ မဟုတ်ခဲ့ပါဘူး။ ယခုအခါ သိပ္ပံပညာရှင်များက အနာဂါတ်ကာလမှာ ကမ္ဘာ့လေထုထဲက အောက်ဆီဂျင်တွေ ခမ်းခြောက်သွားပြီး ယခင်…

နဂါးပြာမြစ်

မြစ်နာမည်က နဂါးပြာမြစ် (Blue Dragon River) ပါတဲ့။ ပေါ်တူဂီ နိုင်ငံမှာ ရှိတဲ့ မြစ်ကြီး တစ်စင်းပေါ့။ ဘာလို့ နဂါးပြာမြစ်လို့ ခေါ်ကြလဲ ဆိုတော့ ဒီမြစ်ကို ကောင်းကင်က ကြည့်ရင် တရုတ်နဂါးကြီး အမောက်ထောင် နေတဲ့ပုံနဲ့ တူနေလို့ပါတဲ့။ နောက်ပြီး ရေရဲ့ အရောင်ကလဲ ကောင်းကင်က အရောင်ဟပ်တော့ အပြာရောင် သန်းနေတာကြောင့် အပြာရောင် နဂါးကြီး အမ…

လဟာ ကမ္ဘာကနေ ဘာ့ကြောင့် ဝေးရာကို ပြေးထွက်နေရတာလဲ

လဟာ ကမ္ဘာကနေ ဝေးရာကို တဖြည်းဖြည်း ပြေးထွက်နေပါတယ်။ ဒီလို ဝေးကွာသွားမှုဟာ ကမ္ဘာပေါ်က သက်ရှိတွေအပေါ်မှာ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာ စေနိုင်ပါတယ်တဲ့။ ဒါပေမယ့် ဒီလို ဖြစ်လာဖို့ကတော့ နှစ်သန်း ထောင်ပေါင်းများစွာ (ဘီလီယံ ပေါင်း များစွာ) ကြာအုံးမှာပါ။ ကမ္ဘာပေါ်က ကြည့်ရင် လဟာ တစ်ချိန်လုံး ဒီနေရာမှာ ဒီအရွယ်ပဲ ရှိ…

ကမ္ဘာမြေပုံ (World Map Download)

ကျွန်တော်တို့ ​Facebook page မှာ ကမ္ဘာမြေပုံ High Resolution ဘယ်မှာ ရနိုင်မလဲ ဆိုပြီး မကြာခန လာမေးကြပါတယ်။ ပညာရေး အတွက်ပဲ ဖြစ်စေ၊ အလုပ်ကိစ္စ အတွက်ပဲ ဖြစ်စေ၊ ဗဟုသုတ အတွက်ပဲ ဖြစ်စေ ကမ္ဘာ့မြေပုံ လိုချင်သူတွေအတွက် အဆင်ပြေအောင် World map မြေပုံ download လုပ်လို့ရမယ့် link တွေ စုဆောင်း ပေးထားပါတယ်။ အောက်က ပုံတွေက ကိုယ် downl…

ကမ္ဘာ့အလယ်ဗဟို အူတိုင်ကိုဖြတ်ပြီး ပြုတ်ကျဖို့ အချိန်ဘယ်လောက် ကြာမလဲ

ဒီမေးခွန်းက နိုင်ငံတကာက တက္ကသိုလ်တွေက ရူပဗေဒ ကျောင်းသားတွေကို အမြဲလိုလို မေးလေ့ရှိတဲ့ ရူပဗေဒ ဆိုင်ရာ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ တကယ်ကတော့ ကမ္ဘာ့အလယ်အူတိုင်ကို ဖြတ်ပြီး ခရီးသွားဖို့ လှိုင်ခေါင်းဖောက်ဖို့ ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အနည်းဆုံးတော့ လက်ရှိ နည်းပညာတွေနဲ့ မဖြစ်နိုင် သေးပါဘူး။ ထားပါတော့လေ။ ဒီမေးခွန်းကို…