
အမေဇုံ မြစ်ဝှမ်းဒေသအတွင်း ပျောက်ဆုံးနေသော ရှေးမြို့ဟောင်း အများအပြား ရှာတွေ့
တောင်အမေရိက တိုက်မှာ ရှိတဲ့ အမေဇုံ မြစ်ကို ကြားဖူး ကြမှာပါ။ ဒီ အမေဇုံ မြစ်ဝှမ်း ဒေသမှာ ဘိုလစ်ဗီးယား၊ ဘရာဇီး၊ ကိုလမ်ဘီယာ၊ အက်ကွေဒေါ၊ ပီရူး နဲ့ ဗင်နီဇွဲလား နိုင်ငံတို့ရဲ့ ဒေသ အစိတ်အပိုင်းတွေ ပါဝင် ကြပါတယ်။ ရှေးဟောင်း သုတေသီ တွေက ဒီ အမေဇုံ ဖြစ်ဝှမ်းဟာ တောင်အမေရိက တိုက်ကို စပိန် ကိုလိုနီ နယ်ချဲ့တွေ မရောက်ရှိမီ အချိန်က လူဦး…








