
အင်္ဂါစုံ ဒိုင်နိုဆောဥ ကျောက်ဖြစ်ရုပ်ကြွင်း ရှာတွေ့
ဒိုင်နိုဆော သားလောင်းလေးရဲ့ အင်္ဂါတွေ အစုံအလင် ပြည့်စုံဲတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ရှေးဟောင်း သုတေသီ တွေက သုတေသန စာတမ်း တစ်စောင်မှာ တင်ပြ ထားပါတယ်။ အခု ရှာတွေ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းရဲ့ သက်တမ်းဟာ လွန်ခဲ့တဲ့ နှစ်သန်း ၆၆ သန်းနဲ့ ၇၂ သန်းကြားက ဖြစ်မယ်လို့ ဆိုပါတယ်။ ဒီ ဒိုင်နိုဆော ဥ ရဲ့ အတွင…








