← All categories

life-science

29 posts

ကြီးမားတဲ့ ဧရာမ ဘက်တီးရီးယား ပိုးမျိုးသစ် ရှာဖွေတွေ့ရှိ

ရုတ်တရက် ကြည့်လိုက်ရင် စမ်းသပ်ဖန်ပြွန် ထဲက ခပ်နောက်နောက် ရေဟာ ရေမြောင်းထဲက ခပ်ထားတဲ့ ရေလို့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့် သေသေခြာခြား ကြည့်ရင် ဒီ ရေထဲမှာ ဆံချည်မျှင်လို အမျှင်လေးတွေ အများအပြား မြောပါနေတာကို တွေ့ကြရမှာပါ။ ဒီ ဆံချည်မျှင်လို အမျှင် လေးတွေဟာ တကယ်တော့ ဆဲလ် တစ်လုံးပဲ ပါတဲ့ ဘက်တီးရီးယား တွေ ဖြစ်ပါတယ်။ ဘက်တီးရီးယာ…

ချင်ပန်ဇီ မျောက်တွေရဲ့ ဘာသာစကား ရှာဖွေတွေ့ရှိ

ပညာရှင် တွေဟာ ဘာသာစကား ဆိုတာ လူသားတွေ မှာပဲ ရှိတယ်လို့ ယူဆခဲ့ ကြပါတယ်။ လူသားနဲ့ တိရစ္ဆာန် တွေကို အဓိက ခွဲခြားထားတဲ့ အရာဟာ ဘာသာစကား ဖြစ်တယ်၊ ဘာသာ စကားဟာ အသိဉာဏ်ရည် မြင့်မားမှုရဲ့ လက္ခဏာ တစ်ရပ် ဖြစ်တယ် လို့ ရာစုနှစ်ပေါင်း များစွာ ကတဲက ယူဆခဲ့ ကြပါတယ်။ ဒါပေမယ့် အခု နောက်ဆုံး တင်ပြလာတဲ့ ချင်ပန်ဇီ မျောက်တွေ အပေါ် လေ့လာ သုတေသ…

ဆေးကြောင်နေတဲ့ ပင့်ကူများ

၁၉၉၅ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု နာဆာ အဖွဲ့ကြီးရဲ့ သုတေသန ဓါတ်ခွဲခန်း တစ်ခုမှာ မူးယစ်ဆေးဝါး တွေရဲ့ အာနိသင်နဲ့ ပါတ်သက်လို့ သုတေသန တစ်ခု ပြုလုပ် ခဲ့ပါတယ်။ ဒီ သုတေသနမှာ စမ်းသပ်ခံ သတ္တဝါ တွေကတော့ ပင့်ကူ တွေပဲ ဖြစ်ကြပါတယ်။ နာဆာ သုတေသီ တွေဟာ ပင့်ကူ တွေကို မူယစ်ဆေးဝါး အမျိုးမျိုး တိုက်ကျွေးပြီး စမ်းသပ် ခဲ့ ကြပါတယ်။ မူးယစ်…

တိရစ္ဆာန်တွေ အရောင် မြင်နိုင်သလား

လူတွေပဲ အရောင် မြင်ရတယ် တိရစ္ဆာန် တွေဟာ အရောင် မမြင်ရဘူး။ သူတို့ဟာ အဖြူ အမဲ ပုံရိပ်တွေပဲ မြင်ရတယ်လို့ ရေးထားတာ ဖတ်ဖူး ကြမှာပါ။ ဒါပေမယ့် ဒါဟာ တကယ် အမှန် ပဲလား။ တိရစ္ဆာန် တွေဟာ အရောင် မမြင် ရဘူးလား။ သိပ္ပံ ပညာရှင် တွေက ဘာပြောသလဲ။ တိရစ္ဆာန် လောကက သန်းပေါင်း များစွာသော သတ္တဝါ တွေ အားလုံးရဲ့ မျက်လုံးတွင်းက မြင်လွှာ (Retina)…

မှိုတွေမှာ ဘာသာစကား ရှိကြောင်း သိပ္ပံ ပညာရှင်များ ရှာဖွေတွေ့ရှိ

မှိုတွေကို လေ့လာနေတဲ့ သိပ္ပံ ပညာရှင် တွေဟာ မှိုတွေမှာ အချင်းချင်း ဆက်သွယ်နိုင်တဲ့ စွမ်းရည် ရှိကြောင်း ရှာဖွေ တွေ့ရှိခဲ့ ကြပါတယ်။ ဒီ့ထက် ပိုပြီး ထူးဆန်းတာ ကတော့ မှိုတွေ အချင်းချင်း ဆက်သွယ်တဲ့ အချက်ပြ ဆက်သွယ်မှု တွေဟာ လူသားတွေရဲ့ “စကားပြော” ဖွဲ့စည်းပုံနဲ့ ဆင်တူ နေတာကိုလဲ တွေ့ခဲ့ ကြပါတယ်။ အစောပိုင်း သုတေသန ပြုချက်တွေ အရ မ…

ခူကောင်ကို Zombie အဖြစ် ပြောင်းပစ်တဲ့ ဗိုင်းရပ်စ်

ခူကောင်တွေ အပါအဝင် အင်းဆက် ပိုးမွှားတွေကို ကူးဆက်ပြီး ဒီ အင်းဆက် ပိုးမွှားတွေကို ထိန်းချုပ်နိုင်တဲ့ zombie ဗိုင်းရပ်စ် တစ်မျိုး ရှိကြောင်း သိပ္ပံ ပညာရှင်တွေ သိရှိခဲ့တာ ကြာခဲ့ပါပြီ။ ဒီ ဗိုင်းရပ်စ် ဟာ အဓိက အားဖြင့် လိပ်ပြာတွေ ဖြစ်လာမယ့် ခူကောင်တွေကို အဓိက ကူးဆက်တာကို တွေ့ရှိရပါတယ်။ ဒီ ဗိုင်းရပ်စ် ကူးဆက် ခံရတဲ့ ခူကောင်တွေ…

ကျား ဘာကြောင့် အဝါရောင် ဖြစ်နေတာလဲ

သတ္တဝါ တွေရဲ့ ကိုယ်ခန္ဓာက အရောင် အဆင်းနဲ့ အဆင် တွေဟာ သူ့ဟာသူ ကြုံရာ ကျဘမ်း ဖြစ်လာကြတာ မဟုတ်ပါဘူး။ တိရိစ္ဆာန် တွေရဲ့ ပြင်ပ အရောင်အဆင်း အဆင် သဏ္ဍာန် တွေဟာ ဒီ တိရိစ္ဆာန် တွေအတွက် အကျိုးကျေးဇူး တစ်စုံတစ်ရာ ရရှိဖို့ ဖြစ်လာကြတာ ဖြစ်ပါတယ်။ ဥပမာ ပြရရင် အချို့ တိစ္ဆာန် တွေရဲ့ လှပတဲ့ အရောင်အသွေးဟာ သူတို့ မိတ်လိုက်ချိန်မှာ ဆန့်ကျ…

အထီးတခြမ်း အမတခြမ်း သတ္တဝါများ

သက်ရှိ သတ္တဝါ တွေမှာ ကျားနဲ့ မ၊ အဖို အမ၊ အထီး အမ ဆိုပြီး ကွဲပြားကြပါတယ်။ ဒီလို ကွဲပြားသလိုပဲ ပြင်ပ သွင်ပြင် လက္ခဏာ တွေလဲ ကွဲပြားကြပါတယ်။ လူတယောက်ကို ပြင်ပက ကြည့်ရင် အထီးအမ သိနိုင် သလို တိရိစ္ဆာန် တွေရဲ့ ပြင်ပ လက္ခဏာ တွေဟာလဲ အထီး အမ ကွဲပြားကြပါတယ်။ ခွေး၊ ကြောင် တို့လို နို့တိုက် သတ္တဝါ တွေတင်မက ငှက်တွေ၊ ငါးတွေ၊ အင်းဆက်…

လူ့မျိုးရိုးဗီဇ ကိုသုံးပြီး မျောက်ဦးဏှောက် ကြီးထွားအောင် စမ်းသပ်အောင်မြင်

မျောက်ဝံများ၏ဂြိုဟ် (Planet of the Apes) ရုပ်ရှင်ကား ကြည့်ဖူးကြ သလားဗျာ။ မျောက်တွေက အသိဉာဏ် တိုးတက်ပြီး လူသားတွေကို ပြန်ကျွန်ပြုတဲ့ ရုပ်ရှင်လေ။ အခုလဲ သိပ္ပံ ပညာရှင် တွေဟာ လူသားတွေရဲ့ မျိုးရိုးဗီဇ Gene ကို အသုံးပြုပြီး မျောက်တွေရဲ့ ဦးဏှောက်တွေ အရွယ်အစား ကြီးထွားအောင် စမ်းသပ်မှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ဒီ သုတေသန စမ…

ခြေချောင်း ၁,၃၀၆ ချောင်းပါတဲ့ ကင်းခြေများ ရှာတွေ့

ကမ္ဘာပေါ်မှာ ရှာတွေ့ခဲ့ သမျှ ကင်းခြေများတွေထဲမှာ ခြေထောက်အရေအတွက် အများဆုံး ကင်းခြေများကို ဩစတြေးလျ နိုင်ငံ က မြေအောက်လှိုင်ခေါင်း တစ်ခု အတွင်းမှာ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ကင်းခြေများကို အင်္ဂလိပ်လို millipede (မီလီပိဒ်) လို့ ခေါ်ပါတယ်။ အဓိပ္ပါယ် ကတော့ ခြေချောင်း တစ်ထောင် လို့ အဓိပ္ပါယ် ရပါတယ်။ ဒါပေမယ့် အခုထိ ဘယ်တုန်းက…