← All categories

space

319 posts

ကြာသပတေး ဂြိုဟ်ကို ပတ််နေတဲ့ လ ၁၂ လုံး ထပ်မံရှာဖွေ တွေ့ရှိ

နေအဖွဲ့ အစည်းထဲမှာ ရှိတဲ့ ဂြိုဟ်တွေ အနက်မှာ ဂျူပီတာ (Jupiter) ခေါ် ကြာသပတေး ဂြိုဟ်ဟာ အကြီးဆုံး ဖြစ်ပါတယ်။ ကြာသပတေး ဂြိုဟ်ရဲ့ အချင်းဟာ မိုင်အားဖြင့် ၄၃,၄၄၀.၇ မိုင် ရှိတာမို့ ကမ္ဘာ့အချင်းထက် ၁၁ ဆ တောင် ပိုပြီး ကျယ်ပါတယ်။ နောက်ပြီး သူ့ရဲ့ မျက်နှာပြင်က Giant Red Spot လို့ အမည်ပေး ထားတဲ့ မုန်တိုင်းကြီး ဟာလဲ တိုက်ခတ်နေ ခဲ့တာ…

ကြယ်သေကို ပတ်နေတဲ့ ဂြိုဟ်ပျက်ကြီး တစ်လုံးရှာတွေ့

နက္ခတ် ပညာရှင် တွေဟာ ကြယ်သေ တစ်စင်းကို ပတ်နေတဲ့ ဂြိုဟ်ပျက်ကြီး တစ်လုံးကို ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။ ဒီ ကြယ်သေဟာ ကြယ်တစ်စင်း သေဆုံးသွားပြီးနောက် ကြွင်းကျန်ရစ် ခဲ့တဲ့ ကြယ်ဖြူပု (white dwarf) တစ်စင်း ဖြစ်ပါတယ်။ ဒီ ကြယ်ဖြူပု ကို ပတ်နေတဲ့ ဂြိုဟ်ပျက်ကြီးဟာ ကျွန်တော်တို့ နေအဖွဲ့အစည်း ထဲက ဂျူပီတာ ခေါ် ကြာသပတေး ဂြိုဟ် နဲ့ အတော…

ဂျိမ်းစ်ဝက်ဘ် ၏ အနီအောက်ရောင်ခြည် ကင်မရာ တစ်လုံးနှင့် အဆက်အသွယ် ပြတ်တောက်သွား

ဂျမ်းစ်ဝက်ဘ် အာကာသ တယ်လီစကုပ် (James Webb Space Telescope) ကြီးရဲ့ အနီအောက် ရောင်ခြည် အာရုံခံ​ကင်မရာ တစ်လုံးနဲ့ ရက်အတန်ကြာအောင် အဆက်ပြတ်နေတယ်လို့ နာဆာက ထုတ်ဖော် ပြောကြား လိုက်ပါတယ်။ အခု အဆက်အသွယ် ပြတ်တောက်သွားတဲ့ ကင်မရာဟာ ဂျိမ်းစ်ဝက်ဘ် ရဲ့ Near Infrared Imager and Slitless Spectrograph (NIRISS) ကင်မရာ ဖြစ်ပါတယ်။ ဒီ ကင်…

လပေါ်တွင် GPS လမ်းညွှန် အသုံးပြုနိုင်ရန် နာဆာကြိုးစားနေ

လပေါ်မှာ GPS လမ်းညွှန် အသုံးပြုနိုင်ဖို့ နာဆာ အဖွဲ့ကြီးနဲ့ ဥရောပ အာကာသ အေဂျင်စီ တို့က ကြိုးပမ်းနေ ကြပါတယ်။ အမေရိကန် အာကာသ အေဂျင်စီ ဖြစ်တဲ့ နာဆာ အဖွဲ့ကြီးဟာ လပေါ်မှာ GPS လမ်းညွှန် ဂြိုဟ်တု စီမံကိန်း နှစ်ခု အကောင်အထည် ဖေါ်ဖို့ စီမံလျှက် ရှိပါတယ်။ အကယ်လို့ ဒီ စီမံကိန်းတွေသာ အောင်မြင်မယ် ဆိုရင် အနာဂါတ် အာကာသ ယာဉ်မှူးတွေဟာ…

ဇန်နဝါရီ လထဲ ပြန်ပေါ်လာမယ့် ရေခဲခေတ်က ကြယ်တံခွန်

လွန်ခဲ့တဲ့ နောက်ဆုံး ရေခဲခေတ် တုန်းက ကမ္ဘာနား ကပ်လာ ခဲ့တဲ့ ကြယ်တံခွန် တစ်စင်းကို အခုလာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ - ဖေဖော်ဝါရီ လထဲမှာ ကမ္ဘာကနေ ပြန်လည် မြင်တွေ့ ကြရမယ်လို့ နာဆာရဲ့ ထုတ်ပြန် ကြေငြာချက် အရ သိရပါတယ်။ C/2022 E3 (ZTF) comet လို့ အမည်ပေးထားတဲ့ ဒီ ကြယ်တံခွန်ဟာ နေကို နှစ် ၅၀,၀၀၀ မှ တစ်ကြိမ် ပတ်တဲ့ ကြယ်တံခွန် ဖြစ်ပ…

အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှ ယာဉ်မှူးများ ကယ်ဆယ်ရေး နာဆာနှင့် SpaceX ဆွေးနွေး

အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းမှာ ရပ်နားထားတဲ့ ရုရှား ဆိုယုဇ် အာကာသယာဉ်က အအေးပေး ဓါတ်ငွေ့ရည်တွေ ယိုစိမ့်မှု ဖြစ်ပွားခဲ့တယ် ဆိုတာကို ကျွန်တော်တို့ တင်ပြခဲ့ ပါတယ်။ ဒီ ဖြစ်ရပ်ကြောင့် အပြည်ပြည် ဆိုင်ရာ အာကာသ စခန်း (ISS) ပေါ်က ပြည်တော်ပြန် ကြမယ့် ယာဉ်မှူးတွေ ပြန်ဆင်းဖို့ နှောင့်နှေး ကြန့်ကြာမှုတွေ ဖြစ်ပေါ် လာကောင်း လာနိုင်တယ…

သောကြာဂြိုဟ် လေထုထဲမှာ သက်ရှိတွေ ရှိနေနိုင်သလား

သောကြာဂြိုဟ်ဟာ နေအဖွဲ့အစည်း အတွင်းမှာ ရှိတဲ့ ဂြိုဟ်တွေ အနက်မှာ ကမ္ဘာနဲ့ အနီးဆုံး ဂြိုဟ်ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုက ထိပ်တန်း တက္ကသိုလ် တစ်ခုဖြစ်တဲ့ Massachusetts Institute of Technology (MIT) က နက္ခတ် ပညာရှင် တစ်စုရဲ့ အဆိုအရ သောကြာဂြိုဟ်ရဲ့ လေထု အတွင်းမှာ သက်ရှိတွေကို ညွှန်ပြတဲ့ ဓါတ်ပေါင်းတွေ တွေ့ရှိရတယ်လို့ ဆိုပါတ…

အင်္ဂါဂြိုဟ် ဥက္ကာတွင်းကြီးတွေ အတွင်းက ထူးဆန်းသော ပုံသဏ္ဍာန်များ

အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင် ပေါ်မှာ ရှိတဲ့ ထူးဆန်းတဲ့ မြေမျက်နှာ သွင်ပြင် အများအပြားကို ပညာရှင်တွေ မကြာခန ရှာဖွေ တွေ့ရှိ နေကြပါတယ်။ နက္ခတ် ပညာရှင် တွေအကြား မှာလဲ အင်္ဂါဂြိုဟ်ဟာ ပဟေဠိ တွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ဥပမာ အင်္ဂါဂြိုဟ် ပေါ်မှာ သက်ရှိတွေ ရှိခဲ့ ဘူးသလား၊ အင်္ဂါဂြိုဟ်ရဲ့ ဝင်ရိုးစွန်း ရေခဲပြင် အောက်ထဲမှာ ပုန်းက…

၂၀၂၇ မှာ ဖွင့်မယ်ဆိုတဲ့ ကမ္ဘာ့ ပထမဆုံး အာကာသ ဟိုတယ်

အပန်းဖြေ ခရီးထွက်တယ်လို့ ပြောလိုက်ရင် လူအများစုရဲ့ စိတ်မှာ ပင်လယ် ကမ်းခြေတွေ၊ နှင်းတွေ ဝေနေတဲ့ တောင်ပေါ် အပန်းဖြေ စခန်းတွေနဲ့ ငွေကြေး တတ်နိုင် သူတွေအတွက် နိုင်ငံခြား တိုင်းပြည်ကို အလည်အပတ် သွားတာတွေကို ပြေးမြင်မိ ကြမှာပါ။ ဘယ်သူမှ အပန်းဖြေ ခရီးကို အာကာသထဲ ထွက်ဖို့ စိတ်ကူး ရှိကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အာကာသထဲ​ အပန်းဖြေ…

အပြည်ပြည်ဆိုင်ရာ အာကာသစခန်းရှိ ရုရှားဆိုယုယာဉ်မှ ဓါတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွား

အပြည်ပြည် ဆိုင်ရာ အာကာသစခန်း (International Space Station (ISS)) မှာ ဆိုက်ကပ်ထားတဲ့ ရုရှားပိုင် ဆိုယု (Soyuz) အာကာသ ယာဉ်မှ ဓါတ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွား ခဲ့ပါတယ်။ ဒီ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီ ဖြစ်စဉ်မှာ အာကာသ စခန်းမှာ ဆိုက်ကပ်ထားတဲ့ ဆိုယု အာကာသ ယာဉ်ရဲ့ အအေးပေး စနစ်မှာ အသုံးပြုတ…