Myanmar Scientist

လေထဲက သောက်ရေသန့်ထုတ်မယ့် စီမံကိန်း

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ စာရင်းအရ ကမ္ဘာပေါ်က လူဦးရေ ၇၈၅ သန်းဟာ သန့်ရှင်းပြီး အန္တရာယ်ကင်းတဲ့ သောက်ရေ မရရှိကြဘူးလို့ ဆိုပါတယ်။ ဒီ သောက်ရေပြဿနာကို ဖြေရှင်းနိုင်ဖို့ ကမ္ဘာအနှံ့က ပညာရှင်တွေနဲ့ အဖွဲ့အစည်းတွေက နည်းမျိုးစုံနဲ့ ကြိုးစားကြပါတယ်။ ဒီ သောက်ရေ ပြဿနာဟာ သဲကန္တာရလို ပူပြင်းပြီး ရေရှားတဲ့ အရပ်ဒေသတွေမှာ ပိုပြီး ဆို…

ဆယ်ကျော်သက် မိန်းကလေးတွေ တီထွင်လိုက်တဲ့ အိမ်ယာမဲ့တို့အတွက် ရွှေ့ပြောင်းတဲအိမ်

မိန်းကလေးတွေရဲ့ အစွမ်းအစကို လူ့ပတ်ဝန်းကျင်က သိပ်အထင်ကြီးလေ့ မရှိကြပါဘူး။ အမျိုးသမီး သိပ္ပံပညာရှင်တွေ ဆိုလဲ သိပ္ပံ ပညာရှင် အသိုင်းအဝိုင်းမှာကို သိပ်အထင်ကြီး မခံကြရပါဘူး။ ဒါပေမယ့် ဆယ်ကျော်သက် မိန်းကလေးငယ်လေး ၁၂ ယောက် ပါဝင်တဲ့ အင်ဂျင်နီယာ လောင်းလျှာများအဖွဲ့ဟာ အိမ်ခြေမဲ့တွေ ဆောင်းတွင်းမှာ နွေးထွေးစွာ နေနိုင်စေဖို့ ဖြုတ်လိ…

မာကျူရီဂြိုလ် စူးစမ်းရေး အာကာသယာဉ် ရောက်ရှိ

ဥရောပ သမဂ္ဂနဲ့ ဂျပန်နိုင်ငံတို့ ပူးပေါင်းလွှတ်တင်တဲ့ မာကျူရီ (ဗုဒ္ဓဟူးဂြိုလ်) စူးစမ်းလေ့လာရေးယာဉ်ဟာ သူ့ရဲ့ ပထမဆုံး မာကျူရီဂြိုလ်နား ကပ်ပျံသန်းမှုကို ပြီးခဲ့တဲ့ သောကြာနေ့က ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ၇ နှစ် ကြာမြင့်မယ့် သုတေသန ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အနီးကပ် ပျံသန်းမှုပဲ ဖြစ်ပါတယ်။ ဘက်ပီကိုလံဘို မစ်ရှင် (BepiColombo miss…

Fuel Cell ဆိုတာဘာလဲ

၂၁ ရာစုကို ဝင်လာတာနဲ့အတူ လျှပ်စစ်ကားတွေ၊ လျှပ်စစ်မော်တော်ဆိုင်ကယ်တွေ ခေတ်စားလို့ လာပါတယ်။ အခုဆို လျှပ်စစ်ကားနဲ့ လျှပ်စစ် မော်တော်ဆိုင်ကယ် လောက်တင်မက လျှပ်စစ်စွမ်းအင်သုံး မိုးပျံတက္ကစီ တွေနဲ့ ခရီးသည်တင် လေယာဉ်ငယ် လေးတွေပါ ထွက်ပေါ်လို့ လာနေပါပြီ။ ဒီ လျှပ်စစ်စွမ်းအင်သုံး ယာဉ်အမျိုးမျိုးကို ဓါတ်အားပေးတဲ့ နေရာမှာ အင်ဂျင်နီယ…

အီဂျစ်မံမီ ၃ ခု၏ မျက်နှာအား DNA မှတဆင့် ပြန်ပုံဖေါ်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ ကျော်က ရှေးဟောင်း အီဂျစ်ပြည်မှာ အသက်ရှင် နေထိုင်ခဲ့တဲ့ သူ ၃ ဦးရဲ့ မျက်နှာတွေကို ဒစ်ဂျစ်တယ် နည်းနဲ့ ပြန်လည်ဖော်ထုတ် နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ မံမီရုပ်ကြွင်းကနေ ရတဲ့ မျိုးရိုးဗီဇ DNA ကို ပြန်လည်တည်ဆောက်ယူပြီး ကွန်ပြူတာနဲ့ ပုံဖေါ်ထားတာ ဖြစ်ပါတယ်။ ဒီ မံမီရုပ်ကြွင်းတွေကို အီဂျစ်ရှေးဟောင်း မြို့ကြီ…

မစ်ချလင်တာယာကုမ္ပဏီက လေမဲ့တာယာ ထုတ်ဖော်ပြသ

ကမ္ဘာကျော် မော်တော်ကား တာယာ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး ဖြစ်တဲ့ မစ်ချလင် ကုမ္ပဏီက လေထိုးစရာ မလိုတဲ့ လေမဲ့တာယာသစ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ တကယ်တော့ ဒါဟာ အသစ်အဆန်း သတင်းတော့ မဟုတ်ပါဘူး။ လေမဲ့တာယာ ထုတ်လုပ်နိုင်ဖို့ မစ်ချလင်က စမ်းသပ် သုတေသနပြုလုပ်နေခဲ့တာ အခုဆို ဆယ်စုနှစ် တစ်စုမကတော့ပါဘူး။ ဒါပေမယ့် အခုထိတော့ ထုတ်လုပ်ရောင်းချနိ…

လာမယ့်ရာစုနှစ်မှာ ဥက္ကာပျံ တစ်သန်းလောက် ကမ္ဘာဆီ ဦးတည်လာမယ်ဟု တရုတ်ပညာရှင်များပြော

လာမယ့် ရာစုနှစ် (နှစ် ၁၀၀) အတွင်းမှာ အာကာသထဲကနေ ဥက္ကာပျံတစ်သန်းလောက်ထိ ကမ္ဘာမြေဆီကို ဦးတည်လာဖွယ် ရှိတယ်လို့ တရုတ်သုတေသီများက တင်ပြတဲ့ စာတမ်းတစောင်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာဆီ ဦးတည်လာတဲ့ ဥက္ကာပျံတွေ ကမ္ဘာ့လေထုထဲထိ ဝင်ရောက်လာပြီး ကမ္ဘာမြေနဲ့ ဝင်တိုက်နိုင်တဲ့ အခွင့်အလမ်းကတော့ နည်းပါတယ်။ နောက်ပြီး ဦးတည်လာမယ့် ဥက္ကာပျံ အများ…

Black Hole ရဲ့အမွှာ White Hole

Black hole ခေါ် အာကာသ တွင်းနက်တွေ အကြောင်းကတော့ ရေးတဲ့သူတွေ များလို့ ကြားဖူးတဲ့သူ အတော်များပါတယ်။ တော်တော်များများလဲ အနည်းအကျဉ်းတော့ ဘလက်ဟိုး တွင်းနက်တွေ အကြောင်း သိကြပါတယ် (မှန်တာ မမှန်တာ တပိုင်းပေါ့လေ)။ တခါ Intersteller လို ရုပ်ရှင်ကားတွေ ကြောင့်လဲ လူပိုသိလာ ကြပါတယ်။ ဒီလို Black Hole တွင်းနက်ကြီးတွေ အကြောင်း လူသိကြသလ…

Dark Energy ရှာတွေ့ပြီလား

Dark Energy ခေါ် အမှောင်စွမ်းအင် ဆိုတာကို အခုအချိန်ထိ မြင်နိုင်၊ တွေ့နိုင်၊ ခံစားနိုင်ခြင်း မရှိသေးပါဘူး။ ဒီ dark energy အမှောင်စွမ်းအင် ဆိုတာက ရူပဗေဒ ပညာရှင်တွေရဲ့ မှန်းဆချက် တရပ်ပဲ ရှိပါသေးတယ်။ အခုအချိန်အထိ သူ့ရဲ့ သက်ရောက်မှုကို တိုက်ရိုက် ရှာဖွေတွေ့ရှိခြင်း မရှိသေးသလို တိုင်းတာလို့လဲ မရသေးပါဘူး။ ဒါဆို ဒီ dark energy…

လက်ရှိ ဘက်ထရီတွေထက် ၁၀ ဆလောက် ပိုခံနိုင်မယ့် ဘက်ထရီသစ် တီထွင်အောင်မြင်

လက်ရှိအသုံးပြုနေတဲ့ လစ်သီယမ် အိုင်းယင်း (Lithiu ion) ဘက်ထရီတွေထွက် အား ၁၀ ဆလောက် ပိုသိမ်းဆည်းနိုင်မယ့် ဘက်ထရီ အသစ်ကို အမေရိကန် ပြည်ထောင်စုက အင်ဂျင်နီယာများက တီထွင်နိုင်ခဲ့ကြပါတယ်။ ဒီနည်းပညာသစ်ဟာ လက်ရှိ လျှပ်စစ်ကားတွေရဲ့ အားသွင်းဖို့ ကြာချိန်ကိုရော သွားနိုင်တဲ့ အကွာအဝေးကိုရော ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်လာစေမယ်လိ…