Myanmar Scientist

မစ်ကီးဝေးရဲ့ ဗဟိုက ထူးဆန်းတဲ့ ရေဒီယို အချက်ပြလှိုင်းများ

ကျွန်တော်တို့ နေထိုင်တဲ့ မစ်ကီးဝေး ဂလက်ဆီ (Milky Way Galaxy) ကြီးရဲ့ ဗဟိုနားက လာတဲ့ ထူးဆန်းတဲ့ ရေဒီယို အချက်ပြလှိုင်းများကို သိပ္ပံပညာရှင်များ ဖမ်းယူရရှိ ခဲ့ပါတယ်။ အရင် ဖမ်းယူရရှိဖူးတဲ့ ရေဒီယို အချက်ပြတွေနဲ့ တူညီမှု မရှိတဲ့ ဒီ ရေဒီယို လှိုင်းတွေကြောင့် သိပ္ပံပညာရှင်တွေအကြား အဖြေရှာမရ ဖြစ်ကုန်ကြပါတယ်။ ဒီ ဖမ်းယူရရှိတဲ့ ရ…

ဟိုက်ဒရိုဂျင် ဓါတ်ငွေ့ရည်သုံး eVTOL ထောင်လိုက်တက်ဆင်း မိုးပျံယာဉ် Paragon Soar

Paragon VTOL Aerospace ကုမ္ပဏီကနေ လက်ရှိတည်ဆောက်နေတဲ့ နောက်မျိုးဆက်သစ် ထောင်လိုက်တက်ဆင်း မိုးပျံယာဉ်နဲ့ပါတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ပြန်လိုက်ပါတယ်။ အခြား ပြိုင်ဖက် ထောင်လိုက်တက်ဆင်း မိုးပျံယာဉ် တွေနဲ့ မတူတာကတော့ ဒီယာဉ်ဟာ ဟိုက်ဒရိုဂျင် ဓါတ်ငွေ့ရည် လောင်ဆာကို အသုံးပြု ပျံသန်းမှာပဲ ဖြစ်ပါတယ်။ ဒီ ထောင်လိုက်တက်ဆင်း မိုးပျ…

ဓါတ်ခွဲခန်းမွေး အသားကို စီးပွားဖြစ် ထုတ်လုပ်မယ့် အစ္စရေး

အစ္စရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ အနာဂါတ် အသား နည်းပညာ (Future Meat Technologies) ကုမ္ပဏီက cultured meat လို့ခေါ်တဲ့ ဓါတ်ခွဲခန်းထဲမှာ ဖန်တီးမွေးမြူတဲ့ အသားကို စီးပွားဖြစ်ထုတ်လုပ်မယ့် စက်ရုံသစ်ကို ဖွင့်လှစ်လိုက်ပါတယ်။ ဒီစက်ရုံဟာ ဓါတ်ခွဲခန်းမွေး အသား အမြောက်အများ ထုတ်လုပ်မယ့် ကမ္ဘာ့ပထမဆုံး စက်ရုံ ဖြစ်ပါတယ်။ ဒီစက်ရုံ စတင်လည်ပတ…

သုက်ပိုးကို ရေကူးနိုင်အောင်ကူမယ့် နာနိုစက်ရုပ်

မျိုးအောင်ဖို့အတွက် သုက်ပိုးတကောင်ရဲ့ အလုပ်က သာမန်ကြည့်ရင် သိပ်ပြီး ခက်ခက်ခဲခဲ ရှိလှတာ မဟုတ်ပါဘူး။ သူ့အလုပ်က မမျိးဥဆီ အမြန်ရောက်အောင် ရေကူးပြီး မမျိုးဥနဲ့ ပေါင်းစပ်ဖို့ပဲ မဟုတ်လား။ ဒါပေမယ့် အချို့သော သူတွေမှာ သုက်ပိုးဟာ ကောင်းကောင်း ရေမကူးနိုင်တဲ့ အခြေအနေမျိုး ရှိတတ်ပါတယ်။ ဒီလို အခါမျိုးမှာ သုက်ပိုးက မမျိုးဥနဲ့ ပေါင်းစ…

Airbus ရဲ့ မြို့တွင်းသုံး လျှပ်စစ်မိုးပျံတက္ကစီ

ခရီးသည်တင် လေယာဉ်တွေ ထုတ်လုပ်တဲ့ နာမည်ကျော် Airbus လေယာဉ် ကုမ္ပဏီကြီးက မျိုးဆက်သစ် မိုးပျံတက္ကစီ ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီ မိုးပျံတက္ကစီကို CityAirbus လို့ အမည်ပေးထားပါတယ်။ ဒီ မိုးပျံ တက္ကစီဟာ လျှပ်စစ်စွမ်းအင်ကို အသုံးပြုပြီး မြို့ပြတွေရဲ့ ကောင်းကင်မှာ အသံတိတ်ဆိတ်ငြိမ်သက်စွာနဲ့ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ ယခုထုတ်ဖေါ…

လျှပ်စစ်ဓါတ်အား မလိုတဲ့ အအေးပေးစနစ်

ကမ္ဘာပေါ်မှာ ရှိတဲ့ အပူပိုင်း ဒေသတွေက အိမ်ယာနဲ့ အဆောက်အအုံတွေမှာ ပူပြင်းတဲ့ ရာသီဥတုဒါဏ် ခံနိုင်ဖို့ အအေးပေး စနစ်တွေ လိုအပ်ပါတယ်။ ဒါပေမယ့် ဒီ အအေးပေး စနစ်တွေကို အသုံးပြုဖို့ လျှပ်စစ်ဓါတ်အားကိုတော့ ဒီဒေသက လူတိုင်း မတတ်နိုင် ကြပါဘူး။ ဒီလို လျှပ်စစ်ဓါတ်အား မရလို့ (သို့) မတတ်နိုင်လို့ ပူပြင်းတဲ့ ဒါဏ်ကို လူးလှိမ့် ခံနေရတဲ့ သ…

စကြာဝဠာထဲက အလှဆုံး ဂလက်ဆီများ

ကျွန်တော်တို့ရဲ့ စကြာဝဠာကြီးမှာ ဂလက်ဆီပေါင်း ဘယ်လောက် ရှိလဲဆိုတာ ဘယ်သူမှတော့ သေချာ မသိကြပါဘူး။ ပညာရှင် အများစု ခန့်မှန်းတာကတော့ စုစုပေါင်း ဂလက်ဆီ သန်း ၁၀၀,၀၀၀ ကနေ ၂၀၀,၀၀၀ ကြား ရှိမယ်လို့ ယူဆကြပါတယ်။ ဒါတောင် လျှော့လျှော့ပေါ့ပေါ့ ခန့်မှန်းထားတာပါ။ ပညာရှင် အများစုကတော့ တကယ်ရှိတဲ့ ဂလက်ဆီ အရေအတွက်ဟာ ဒီ့ထက် ပိုမယ်လို့ ယူဆကြပ…

နေအဖွဲ့အစည်းနား ကပ်ပျံသွားတဲ့ကြယ်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀,၀၀၀ လောက်တုန်းက တိုဘာ (Toba) အမည်ရှိတဲ့ ဧရာမ မီးတောင်ကြီး ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ဒီမီးတောင် ပေါက်ကွဲမှု ကြောင့် ကုဗမိုင်ပေါင်း ၆၇၀ လောက် (ကုဗပေ ၁၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ပမာဏ ရှိတဲ့ ပြာမှုန်တွေနဲ့ ဖုံမှုန့်တွေ ကမ္ဘာလေထုထဲကို ပျံ့လွင့်လို့ သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ကမ္ဘာ့ ရာသီဥတုတွေ ဖောက်ပ…

သစ်သားနဲ့ လုပ်တဲ့မှန်

အနာဂါတ် ကာလမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာမယ့် သစ်သားနဲ့ ပြုလုပ်ထားတဲ့ မှန်ကို အမေရိကန် ပြည်ထောင်စုက သိပ္ပံ ပညာရှင်တွေက အောင်မြင်စွား တီထွင်လိုက်ပါတယ်။ ဒီ သစ်သားမှန်ကို မေရီလင်း တက္ကသိုလ်နဲ့ ကော်လိုရာဒို တက္ကသိုလ် တို့က သိပ္ပံပညာရှင်တွေက သစ်တောထွက်ပစ္စည်း သုတေသန ဓါတ်ခွဲခန်းနဲ့ ပူးပေါင်း တည်ထွင်လိုက်တာ ဖြစ်ပါတယ်။ အခု ထု…

နေအတုလုပ်ဖို့ နီးစပ်ပြီလား

ပြီးခဲ့တဲ့ ဩဂုတ်လက အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယား ပြည်နယ်၊ လောရင့်စ် လစ်ဗာမိုး အမျိုးသား ဓါတ်ခွဲခန်း (Lawrence Livermore National Laboratory) မှာရှိတဲ့ အမျိုးသား လောင်ကျွမ်းမှု လေ့လာရေး ဓါတ်ခွဲခန်း (National Ignition Facility) မှာ စမ်းသပ်မှု တခုကို ပြုလုပ်ခဲ့ကြပါတယ်။ ဒီစမ်းသပ်မှုမှာ လေဆာရောင်ခြည်ကို အသုံးပြုပြီး…