← All tags

#astronomy

120 posts

ဂြိုဟ်ငယ်လေးကို ဝါးမြိုခဲ့တဲ့ သံမိုးတွေ ရွာနေတဲ့ ဂြိုဟ်ကြီး

ဘလက်ဟိုး တွင်းနက်တွေက ဂြိုဟ်တွေ ကြယ်တွေကို ဝါးမြိုစားသုံး ပစ်တယ်ဆိုတဲ့ အကြောင်း ကြားဖူး ဖတ်ဖူး ကြမှာပါ။ ဒါပေမယ့် ဂြိုဟ်တစ်စင်းက အခြား ဂြိုဟ်တစ်စင်းကို ဝါးမြိုစားသုံး ပစ်လိုက်တယ် ဆိုတဲ့ ဖြစ်ရပ် ရှိတယ် ဆိုရင်တော့ သင့်အနေနဲ့ ယုံကောင်းမှ ယုံပါလိမ့်မယ်။ ဒီလို ဂြိုဟ်တစ်စင်းက အခြားဂြိုဟ် တစ်စင်းကို ဝါးမြို စားသုံး ပစ်လိုက်တဲ့…

စကြာဝဠာအတွင်း အစောဆုံး အော်ဂဲနစ် ဒြပ်ပေါင်း ဂျိမ်းစ်ဝက်ဘ် ရှာဖွေတွေ့ရှိ

ကမ္ဘာမြေ ကနေ အလင်းနှစ် ၁၂.၃ ဘီလီယံ (အလင်းနှစ် သန်း ၁၂,၃၀၀) အကွာမှာ ရှိတဲ့ ရေးဦး ဂလက်ဆီကြီး တစ်ခု အတွင်းမှာ ရှုပ်ထွေးတဲ့ အော်ဂဲနစ် ဒြပ်ပေါင်း (complex organic molecules) တွေ ရှာဖွေ တွေ့ရှိ ထားပါတယ်။ ဒါဟာ ယခုထိ ရှာဖွေ ပြီးသမျှ အော်ဂဲနစ် ဒြပ်ပေါင်းတွေ အနက် အစောဆုံး ဖြစ်သလို ကမ္ဘာကနေ အဝေးဆုံး နေရာမှာ ရှာဖွေ တွေ့ရှိမှုလဲ ဖြ…

အဒြကြယ်ကြီး ပေါက်ကွဲလုပြီလား

ဒီကဗျာမှာ ပါတဲ့ အဒြကြယ် ဆိုတာက Orion Constellation၊ အနောက်တိုင်း အခေါ် မုဆိုးကြယ်တာရာ၊ အရှေ့တိုင်း အခေါ်အားဖြင့် လိပ်ကြယ် တာရာစု အတွင်းမှာ ပါဝင်တဲ့ Betelgeuse ကြယ်ကြီး ဖြစ်ပါတယ်။ ဒီကြယ်ဟာ နက္ခတ်ပညာအရ အဓိက နက္ခတ် ၂၇ လုံး ထဲမှာ ၆ လုံးမြောက် ကြယ်လဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် အရှေ့တိုင်း နက္ခတ်ပညာမှာ အလွန် အရေးပါတဲ့ ကြယ်ကြီး…

ဂျိမ်းစ်ဝက်ဘ် က ရှာဖွေပေးတဲ့ ရှေးဟောင်း သမုဒ္ဒရာ ဂြိုဟ်

ကမ္ဘာနဲ့ အလင်းနှစ် ၄၀ လောက် ဝေးတဲ့နေရာမှာ ဂြိုဟ်တစ်စင်း ရှိပါတယ်။ GJ 1214b လို့ အမည်ပေးထားတဲ့ ဒီဂြိုဟ်ဟာ ထူထပ်တဲ့ တိမ်တွေနဲ့ အမြဲ ဖုံးလွှမ်းနေပါတယ်။ ဒါ့ကြောင့် ဒီ တိမ်တွေရဲ့ အောက်မှာ ဘာရှိမလဲ ဆိုတာ ပညာရှင်တွေ မသိနိုင် ခဲ့ကြပါဘူး။ ဒီဂြိုဟ်ဟာ mini-neptune ဂြိုဟ် အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ ဒီ​ မီနီနက်ပ်ကျွန်း (နက်ပ်ကျွန်…

မီးတောင်တွေ ဖုံးလွှမ်းနေတဲ့ ဂြိုဟ်တစ်ခုရှာတွေ့

ကမ္ဘာနဲ့ အရွယ်တူလောက် ရှိပြီး ဂြိုဟ်ကြီးတစ်ခုလုံး မီးတောင်တွေနဲ့ ဖုံးလွှမ်းနေတဲ့ ဂြိုဟ်ကြီး တစ်စင်းကို နက္ခတ်ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ထားကြပါတယ်။ LP-791-18 d လို့ အမည်ပေးထားတဲ့ ဒီဂြိုဟ်မှာ ပူနွေးတဲ့ လေထု ရှိမှာမို့ ရေငွေ့တွေနဲ့ အရည်ပျော် နေတဲ့ ရေတွေ ရှိနေနိုင်တယ်လို့ ပညာရှင် တွေက ယူဆ ကြပါတယ်။ ဒီဂြိုဟ်ဟာ ကြယ်နီပု (red…

ပေါက်ကွဲလုလု ကြယ်ကြီးတစင်းရဲ့ ပုံကို ဂျိမ်းစ်ဝက်ဘ် က အမိအရ ရိုက်ယူနိုင်ခဲ့

နာဆာရဲ့ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးဟာ အံ့မခန်း ရှာဖွေ တွေ့ရှိမှုတွေကို ဆက်တိုက် ဆိုသလိုပဲ ရှာဖွေ ပေးလျှက် ရှိပါတယ်။ အခုလဲ ဧရာမ ကြယ်ကြီး တစ်စင်းရဲ့ ပေါက်ကွဲလုလု ဓါတ်ပုံကို နာဆာက ထုတ်ပြန်လိုက် ပြန်ပါတယ်။ ဒီ ပုံမှာပါတဲ့ ကြယ်ဟာ ကမ္ဘာကနေဆို အလင်းနှစ် ၁၅,၀၀၀ အကွာမှာ ရှိတဲ့ ကြယ်ဖြစ်ပါတယ်။ ဒီကြယ်ဟာ Sagittarius နက္ခတ်ခွင် အတွ…

မိုဘိုင်းဖုန်း signal တွေဟာ ဂြိုဟ်သားတွေကို ကမ္ဘာရှိရာ လမ်းညွှန်ပေးနေတယ်

အကယ်လို့သာ ကမ္ဘာပြင်က မစ်ကီးဝေး ဂလက်ဆီ ထဲမှာ အဆင့်မြင့် နည်းပညာ ပိုင်ဆိုင်တဲ့ ဂြိုဟ်သားတွေ ရှိနေတယ် ဆိုပါစို့။ ဒီ ဂြိုဟ်သားတွေဟာ မစ်ကီးဝေး ဂလက်ဆီ ကြီးထဲမှာ သူတို့လို အသိဉာဏ်မြင့် အဆင့်မြင့် နည်းပညာ ပိုင်ဆိုင်တဲ့ အခြား သက်ရှိတွေ ရှိမလားလို့ ရှာဖွေနေကြမှာပဲ ဖြစ်ပါတယ်။ ဒီလိုသာ ရှာဖွေ နေ ကြမယ်ဆိုရင် ကျွန်တော်တို့ ကမ္ဘာက မိ…

မေလဆန်းမှာ မြင်ရမယ့် အေကွာရစ် ကြယ်မိုး

အီတာ အေကွာရစ် (Eta Aquarid meteor shower) ကြယ်မိုးဟာ အခုနှစ် ဧပြီ ၁၅ ရက်က စလို့ မေလ ၂၇ ရက်နေ့ အတောအတွင်းမှာ ကမ္ဘာပေါ်ကို ကျရောက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို အဓိက မြင်တွေ့ရမှာ ကတော့ မေလဆန်းထဲ မှာပဲ ဖြစ်ပါတယ်။ အီတာ အေကွာရစ် ကြယ်မိုးဟာ လာမယ့် မေလ ၅ ရက်နဲ့ ၆ ရက်နေ့ ညတွေမှာ ကမ္ဘာ့လေထုထဲကို အမြောက်အများ ဝင်ရောက်လာမှာ ဖြစ်ပ…

ဗုဒ္ဓဟူးဂြိုဟ်ရဲ့ အမြှီး

အခု မြင်တွေ့ရတဲ့ ပုံဟာ ကြယ်တံခွန် တစ်ခုရဲ့ ဓါတ်ပုံ မဟုတ်ပါဘူး။ ကြယ်ကြွေကျ တာကို ရိုက်ထားတဲ့ ပုံလဲ မဟုတ်ပါဘူး။ ဒီ ဓါတ်ပုံဟာ မာကျူရီ (Mercury) ခေါ် ဗုဒ္ဓဟူးဂြိုဟ်ရဲ့ ဓါတ်ပုံ ဖြစ်ပါတယ်။ မာကျူရီ ရဲ့ အမြှီးတန်းကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းက တယ်လီစကုပ် နက္ခတ်ကြည့် မှန်ပြောင်းတွေနဲ့ ကြည့်ရှု မြင်တွေ့နိုင် ခဲ့ကြပါတယ်။ အခု…

သက်တမ်းအရင့်ဆုံး ဂလက်ဆီ James Webb ရှာတွေ့

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် (James Webb Space Telescope) ကြီးဟာ ကမ္ဘာနဲ့ အဝေးဆုံးမှာ ရှိတဲ့ ရှေးဟောင်း ဂလက်ဆီ အိုကြီး ၄ ခုကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒီ ဂလက်ဆီ တွေအနက်က သက်တမ်း အရင့်ဆုံး၊ အအိုမင်းဆုံး ဂလက်ဆီ ဟာဆိုရင် စကြာဝဠာ ဖြစ်တည်စ Big Bang မဟာပေါက်ကွဲ မှုကြီး အပြီး နှစ်သန်း ၃၂၀ အကြာမှာ မွေးဖွားခဲ့တဲ့ သက်တမ်း အရင့်ဆုံး…