
အာကာသထဲကို ဘယ်လောက် ဝေးဝေးထိ မြင်နိုင်သလဲ
ညဖက် မြို့ပြရဲ့ အလင်းရောင်တွေ လုံးဝ မရှိတဲ့ တောထဲ တောင်ထဲ ရောက်နေတယ် ဆိုပါဆို့ဗျာ။ နောက်ပြီး ညကလဲ လမိုက်ည။ ကောင်းကင်မှာလဲ တိမ်တွေကင်းနေတယ် ဆိုပါစို့။ ဒီလိုညမျိုး ကောင်းကင်ကြီးကို မော့ကြည့် ဖူးကြလားဗျ။ ကျွန်တော်ကတော့ ကြုံဖူးတယ်။ တခါတည်း “ဟာ” ကနဲ ဖြစ်သွားတာပဲ။ ကောင်းကင် တစ်ခုလုံးဟာ ဘယ်က ထွက်လာမှန်း မသိတဲ့ ကြယ်တွေ ငွေမှုန…







