← All tags

#future-tech

61 posts

၂၀၂၇ မှာ ဖွင့်မယ်ဆိုတဲ့ ကမ္ဘာ့ ပထမဆုံး အာကာသ ဟိုတယ်

အပန်းဖြေ ခရီးထွက်တယ်လို့ ပြောလိုက်ရင် လူအများစုရဲ့ စိတ်မှာ ပင်လယ် ကမ်းခြေတွေ၊ နှင်းတွေ ဝေနေတဲ့ တောင်ပေါ် အပန်းဖြေ စခန်းတွေနဲ့ ငွေကြေး တတ်နိုင် သူတွေအတွက် နိုင်ငံခြား တိုင်းပြည်ကို အလည်အပတ် သွားတာတွေကို ပြေးမြင်မိ ကြမှာပါ။ ဘယ်သူမှ အပန်းဖြေ ခရီးကို အာကာသထဲ ထွက်ဖို့ စိတ်ကူး ရှိကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အာကာသထဲ​ အပန်းဖြေ…

ကမ္ဘာ့အမြန်ဆုံး ဆူပါကွန်ပြူတာ အမေရိကန် တီထွင်

ကမ္ဘာ့ အမြန်ဆုံး ဆူပါကွန်ပြူတာ နံပတ် (၁) နေရာကို အမေရိကန် ပြည်ထောင်စုက ပြန်လည် ရရှိသွားပြီး ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု တင်နက်စီ ပြည်နယ်က Oak Ridge National Laboratory မှာ တပ်ဆင်လိုက်တဲ့ exascale Frontier system ဆူပါ ကွန်ပြူတာ ကြီးဟာ တစ်စက္ကန့်ကို တွက်ချက်မှုပေါင်း 1.102 exaflop ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကို…

နေကို တယ်လီစကုပ်အဖြစ် အသုံးပြုပြီး အခြားကမ္ဘာက သက်ရှိတွေ ရှာဖွေဖို့ နာဆာ ပညာရှင်များ အဆိုပြု

နေကို ဧရာမ တယ်လီစကုပ်ကြီး အဖြစ် အသုံးပြုပြီး ဝေးကွာတဲ့ အရပ်က ဂြိုဟ်တွေပေါ်မှာ သက်ရှိတွေ ရှာဖွေဖို့ နာဆာရဲ့ ပညာရှင် အဖွဲ့တစ်ဖွဲ့က အဆိုပြုလိုက်ပါတယ်။ အခု အဆိုပြုတဲ့ စီမံကိန်းကို နာဆာရဲ့ Jet Propulsion Laboratory သုတေသန ဌာနက ဆလာဗာ တူရီရှက်ဗ် ဦးဆောင်တဲ့ သုတေသန အဖွဲ့က အဆိုပြု လိုက်တာ ဖြစ်ပါတယ်။ သူတို့ အဖွဲ့ဟာ ဒီ စီမံကိန်း ဖ…

နှစ် ၂၀၀၀ က အီဂျစ်မံမီ ကလေးငယ်၏ ရုပ်သွင်ကို ပညာရှင်များ ဖော်ထုတ်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ ကျော်က မြှုပ်နှံခဲ့တဲ့ မံမီ ရုပ်ကြွင်းရဲ့ သက်ရှိစဉ်က ရုပ်ပုံကို ပညာရှင် တွေက ကွန်ပြူတာ ဓါတ်မှန် (CT Scan) အသုံးပြုပြီး ပြန်လည် ပုံဖော်နိုင် ခဲ့ကြပါတယ်။ ဒီကလေးငယ်ရဲ့ မံမီရုပ်ကြွင်းကို ၁၈၈၀ ခုနှစ်က ဟာဝါရာ ပိရမစ် ကြီးရဲ့ အနီးက ရှေးဟောင်း သင်္ချိုင်း တစ်ခုကနေ တူးဖော် ရရှိ ခဲ့ကြတာ ဖြစ်ပါတယ်။ အခု…

ရှေးနှစ် ၁ သန်းက လူသားတွေ မီးသုံးခဲ့တဲ့ အထောက်အထား AI ဉာဏ်ရည်တုက ရှာဖွေတွေ့ရှိ

AI ဉာဏ်ရည်တု ကနေပြီး လွန်ခဲ့တဲ့ နှစ် ၁ သန်းခန့်က လူသားတွေ မီးကို စတင် အသုံးပြုခဲ့တယ် ဆိုတဲ့ အထောက်အထား ရှာဖွေ ပေးခဲ့တဲ့ ဖြစ်စဉ် တစ်ခုကို ပညာရှင် တွေက တင်ပြ လာပါတယ်။ အခု ဖြစ်စဉ်မှာ အစ္စရေး ရှေးဟောင်း သုတေသန ပညာရှင် တွေဟာ AI ဉာဏ်ရည်တု ကို အသုံးပြုပြီး အစ္စရေး နိုင်ငံ အတွင်းမှာ ရှေးဟောင်း လူသားတွေ နေထိုင်ခဲ့တဲ့ နှစ် ၁ သန်…

အညစ်အကြေးမှ ဘိလပ်မြေထုတ်သော နည်းပညာ တီထွင်အောင်မြင်

စွန့်ပစ် အညစ်အကြေးမှ ဇီဝ ဘိလပ်မြေ ထုတ်နိုင်မယ့် နည်းပညာကို ပညာရှင် များက အောင်မြင်စွာ တီထွင် နိုင်ခဲ့ ကြပါတယ်။ အခု နည်းပညာကို တီထွင် ခဲ့ကြတဲ့ ပညာရှင် တွေကတော့ စင်္ကာပူ နိုင်ငံက မြန်မာတွေကြား လူသိများပြီး ဖြစ်တဲ့ နန်ယမ်း နည်းပညာ တက္ကသိုလ် (Nanyang Technological University) က သုတေသီ များပဲ ဖြစ်ကြပါတယ်။ ဘိလပ်မြေ (cement)…

အာကာသယာဉ် မသုံးပဲ ကြယ်တွေဆီ ခရီးသွားမယ်

နောက် နှစ် သန်း ၅,၀၀၀ လောက် ကြာတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ နေဟာ လောင်စာ ကုန်ခမ်း လာမှာ ဖြစ်ပါတယ်။ ဒီ အချိန် ရောက်ရင် နေဟာ အဆမတန် အရွယ် ကြီးလာပြီး ကြယ်နီကြီး (red giant) တစ်ခု အဖြစ် အသွင် ပြောင်းသွားမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ကမ္ဘာ အပါအဝင် အတွင်းပိုင်းက ဂြိုဟ်တွေဟာ ဒီ ကြယ်နီကြီးရဲ့ ဝါးမြိုခြင်းကို ခံရပြီး ပျက်စီး သွာ…

ငှက်ပျောခွံမှ ဟိုက်ဒြိုဂျင် လောင်စာထုတ်နည်းသစ်

ကမ္ဘာ့ စွမ်းအင် လိုအပ်ချက်ဟာ တစ်နေ့ထက် တစ်နေ့ မြင့်မားလို့ လာနေပါတယ်။ ဒီ စွမ်းအင် လိုအပ်ချက် ကို ဖြည့်ဆည်းဖို့ အတွက် ရေနံ နဲ့ ကျောက်မီးသွေးလို ရုပ်ကြွင်း လောင်စာ အမြောက်အများကို အသုံးပြု နေရပါတယ်။ ရလဒ် ကတော့ ကမ္ဘာ့ လေထုရဲ့ အပူချိန်ကို မြင့်တက် စေတဲ့ ဖန်လုံးအိမ် ဓါတ်ငွေ့တွေ တနေ့တခြား ပိုပို များလာတာပဲ ဖြစ်ပါတယ်။ ဒီ ပြဿန…

ကားတာယာ အဟောင်းများနဲ့ ခင်းတဲ့လမ်းက ကြာရှည်ပိုခံ

အိမ်ပြင်ပ အဆောက် အဦတွေမှာ အများအားဖြင့် နေရဲ့ ဒါဏ်၊ ရာသီဥတု ဒါဏ်တွေ ခံနိုင်အောင် အကာအကွယ် သုတ်ဆေး သုတ်ထား တတ်ကြပါတယ်။ အဆောက်အဦ နံရံတွေကို ဆေးသုတ်တာ အလှ အပ သက်သက် အတွက်တင် မကပါဘူး၊ နေဒါဏ်၊ မိုးဒါဏ်၊ ရာသီဥတု ဒါဏ်တွေ ခံနိုင်အောင်လဲ ပါပါတယ်။ အဆောက် အဦ တွေနဲ့ မတူတာက မော်တော်ကား လမ်းတွေရဲ့ မျက်နှာပြင်မှာ ဘာမှ နေဒါဏ်၊ မိုးဒါဏ…

လကမ္ဘာက မြေသားမှာ အပင်စိုက်ပျိုးအောင်မြင်

သိပ္ပံ ပညာရှင် များဟာ ပထမဆုံး အနေနဲ့ လ ရဲ့ မြေသားကို အသုံးပြုပြီး အပင်တွေကို အောင်မြင်စွာ စမ်းသပ် စိုက်ပျိုး နိုင်ခဲ့ပါတယ်။ ဒါဟာ လ ပေါ်မှာ လူသားတွေ အခြေချ နေထိုင်နိုင်ဖို့ ကြိုးစားနေ မှုအတွက် အရေးပါတဲ့ အောင်မြင်မှု တစ်ခု ဖြစ်ပါတယ်။ သိပ္ပံ ပညာရှင် တွေဟာ ၁၉၆၉-၁၉၇၂ ခုနှစ် တွေ အတွင်း လပေါ် ဆင်းသက်ခဲ့တဲ့ အပိုလို စီမံကိန်ုး…