← All tags

#nasa

100 posts

အင်္ဂါဂြိုလ်ပေါ်မှာ မြစ်ချောင်းတွေရှိခဲ့တဲ့ အထောက်အထား

နာဆာက အင်္ဂါဂြိုလ် (မားစ်ဂြိုလ်) စူးစမ်းလေ့လာရေးယာဉ် Perseverance ဆင်းသက်မယ့်နေရာကို ရွေးတော့ ၂၈ မိုင် အကျယ်ရှိတဲ့ ယဇီးရိုး (Jezero) ဥက္ကာတွင်းကြီးနေရာကို ရွေးချယ်ခဲ့ပါတယ်။ ဒါကလဲ အကြောင်းမဲ့ ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။ ဒီတွင်းကြီးထဲမှာ တချိန်က ရေကန်ကြီးနဲ့ မြစ်ဝကျွန်းပေါ်လို ဖြစ်နေတဲ့ မြစ်ချောင်းအင်းအိုင်တွေ ရှိခဲ့မယ်လို…

ဂလက်ဆီ နှစ်လုံး တိုက်မိတဲ့ ဓါတ်ပုံ

ကမ္ဘာကနေ အလင်းနှစ် သန်း ၁၀၀ လောက် ဝေးတဲ့နေရာမှာ ရှိနေတဲ့ ဂလက်ဆီကြီး နှစ်ခု တိုက်မိတဲ့ ဓါတ်ပုံကို အမေရိကန် ပြည်ထောင်စု နာဆာ အာကာသ အေဂျင်ဆီက လွှတ်တင်ထားတဲ့ Hubble Space Telescope နက္ခတ်ကြည့် မှန်ပြောင်းကြီးကနေ အမိအရ ရိုက်ယူထားလိုက်နိုင်ပါတယ်။ အခု ဂလက်ဆီ နှစ်ခုကို ပေါင်းပြီး Arp 91 လို့ အမည်ပေးထားပါတယ်။ အခုဂလက်ဆီ နှစ်ခုဟာ…

နာဆာက လွှတ်တင်မယ့် နေစွမ်းအားသုံး ဒုံးစက်တပ် အာကာသယာဉ်

လာမယ့် ၂၀၂၃ ခုနှစ်မှာ နာဆာကနေ လွှတ်တင်မယ့် ဆိုက်ခီ (Psyche) အာကာသယာဉ်ဟာ အခြား အာကာသယာဉ်တွေနဲ့ မတူ တမူထူးခြားတဲ့ ဒုံးစက်အင်ဂျင်ကို တပ်ဆင်အသုံးပြုမှာ ဖြစ်ပါတယ်။ ဆိုက်ခီ အာကာသယာဉ်မှာ တပ်ဆင်မယ့် ဒုံးစက်က ထူးထူးခြားခြား လောင်စာဆီကို အသုံးမပြုပဲ နေစွမ်းအင်ကို အသုံးပြုပြီး တွန်းအားပေးမယ့် ဒုံးစက်ဖြစ်ပါတယ်။ ဒီဒုံးစက်ဟာ တကယ်တော…

ကမ္ဘာ့အကြီးဆုံး အာကာသ မှန်ပြောင်းကြီး လွှတ်တင်မည်

ကမ္ဘာ့အကြီးဆုံး ဖြစ်တဲ့ ဂျိမ်းစ်ဝက်ဘ် (James Webb Space Telescope) နက္ခတ်တာရာကြည့် မှန်ပြောင်းကြီးကို လွှတ်တင်မယ့် ရက်ကို နာဆာက ကြေငြာလိုက်ပါတယ်။ ဒီမှန်ပြောင်းကြီးကို လာမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ပြင်သစ်ပိုင် ဂီယာနာ ကျွန်းပေါ်မှာရှိတဲ့ ဥရောပ အာကာသစခန်းကနေ အာရီယန် ၅ (Ariane 5) ဒုံးပျံနဲ့ လွှတ်တင်မှာ ဖြစ်ပါတယ်။ လွှတ်တင်မှ…

ပြင်မရအောင် ပျက်နေပြီ ဆိုတဲ့ အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းကြီး

အပြည်ပြည် ဆိုင်ရာ အာကာသ စခန်း (The International Space Station (ISS)) ဟာ ခေတ်နောက်ကျနေတဲ့ စက်ကိရိယာ ပစ္စည်းတွေကြောင့် ပြန်ပြီး ပြုပြင်မရအောင် ပျက်စီးသွားနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ ရုရှား အာကာသ အကြီးအကဲ တစ်ဦး ဖြစ်သူ ဗလာဒီမီယာ ဆိုလိုရော့ဗ် က ပြောကြားလိုက်ပါတယ်။ ဒီ အာကာသ စခန်းကြီးရဲ့ ရုရှားဖက် ခြမ်းက ပျံသန်းရေး ဆိုင်ရာ…

ကမ္ဘာကို ဥက္ကာပျံတွေ အန္တရာယ်က ကာကွယ်ပေးမယ့် ကာကွယ်ရေး စနစ်

အမေရိကန် ပြည်ထောင်စု နာဆာ အာကာသ အေဂျင်စီ နဲ့ ကမ္ဘာကျော် ဂျွန်ဟော့ကင်း တက္ကသိုလ် အသုံးချ ရူပဗေဒ ဌာန ( Johns Hopkins Applied Physics Laboratory (APL)) တို့ ပူးပေါင်းပြီး ကမ္ဘာဂြိုလ်ကို ပြင်ပက အန္ထရာယ် ပြုလာမယ့် ဥက္ကာပျံ ဥက္ကာတုံး တွေရန်က ကာကွယ်ရေး စနစ် တစ်ရပ်ကို သုတေသနပြု တီထွင်လျက် ရှိပါတယ်။ ဒီသုတေသနကို Double Asteroid…

ကမ္ဘာအနီးက ဖြတ်သွားမယ့် ဥက္ကာပျံကြီးတွေ

အခု စက်တင်ဘာလ အတွင်းမှာ ဧရာမ ဥက္ကာခဲကြီး တစ်လုံးဟာ ကမ္ဘာနားကနေ ဖြတ်ပြီး ပျံသန်းသွားလိမ့်မယ်လို့ နာဆာက ထုတ်ပြန်တဲ့ သတင်း အချက်အလက် တွေအရ သိရှိရပါတယ်။ 2021 NY1 လို့ အမည်ပေးထားတဲ့ ဒီ ဥက္ကာခဲ ကြီးဟာ အလျား မီတာ ၃၀၀ (ပေ ၁,၀၀၀ ခန့်) နဲ့ အကျယ် မီတာ ၁၃၀ (၄၃၀ ပေခန့်) ရှိပါတယ်။ အကြမ်း ပြောရရင် ဒီ ဥက္ကာခဲ ကြီးရဲ့ အရှည်ဟာ အထပ် ၁၀၀…

SpaceX ကုန်တင်ယာဉ် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ အောင်မြင်စွာ ဆိုက်ကပ်နိုင်ခဲ့

SpaceX ကုန်တင် အာကာသယာဉ် ဖြစ်တဲ့ SpaceX Dragon ကုန်တင် အာကာသယာဉ်ဟာ အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းမှာ အောင်မြင်စွာ ဆိုက်ကပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီ ဆိုက်ကပ်မှုကို ဩဂုတ်လ ၃၀ ရက်နေ့ အမေရိကန် အရှေ့ပိုင်း စံတော်ချိန် မနက် ၁၀ နာရီ ၃၀ မိနစ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆိုက်ကပ်မှု ပြုလုပ်တဲ့အ ချိန်မှာ အပြည်ပြည် ဆိုင်ရာ အာက…

နာဆာရဲ့အာကာသ ယာဉ်ပေါ်သုံး ဘောပင်

နာဆာက အာကာသ ယာဉ်မှူးတွေ အာကာသထဲ ရေးတဲ့ “အာကာသ ဘောပင် (Space Pen)” ဟာ အမေရိကန်က သိပ္ပံ ဝါသနာ အိုးတွေ အကြားမှာ အတော်လေး လူသိများကြပါတယ်။ ဒီ Space Pen ကို မကြာခန ဆိုသလို ရုပ်ရှင်တွေ၊ စာဆောင်တွေ နဲ့ တီဗီသတင်း တွေ ထဲမှာ ဖော်ပြလေ့ ရှိပါတယ်။ ဒီနှစ် ၂၀၂၁ ခုနှစ်မှာဆို “အာကာသ နည်းပညာ ကျော်ကြားစာရင်း (Space Technology Hall of Fam…

အာကာသ ရတနာတွင်းကြီးကို လေ့လာမယ့် နာဆာ

နေအဖွဲ့အစည်းထဲမှာ ရှိနေတဲ့ ဂြိုလ်သိမ် (asteroid) တွေ ထဲမှာ တန်ဖိုးအကြီးဆုံးလို့ သတ်မှတ်ထားခြင်း ခံရတဲ့ ဂြိုလ်သိမ် တစ်ခုကို လေ့လာဖို့ စူးစမ်းလေ့လာရေး ယာဉ်တစ်စီး စေလွှတ်ဖို့ နာဆာက စီစဉ်နေပါတယ်။ ဒီဂြိုလ်သိမ်ရဲ့ တန်ဖိုးဟာ ပျမ်းမျှ ဒေါ်လာ ကွင်တီလီယမ် ၇၀၀ တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ တစ် ကွင်တီလီယံ (Quintillion = 1,000,000,00…