← All tags

#physics

61 posts

ဘာ့ကြောင့် ကောင်းကင်က ပြာနေတာလဲ

ကောင်းကင်ကြီးက ပြာနေပါတယ်။ ဒါပေမယ့် နေ့ဖက်ပဲ ပြာတာပါ။ ညဖက်ကျတော့ မဲမှောင် နေတာပါပဲ။ အာကာသ ဟင်းလင်းပြင် ကြီးကလဲ မှောင်မဲ နေတာပဲ။ ဒါဆို ဘာဖြစ်လို့ နေ့ဖက်ဆို ကောင်းကင်ကြီးက ပြာနေရတာပါလဲ။ (တကယ်ကတော့ ကောင်းကင်က ဘာအရောင်မှ မရှိပါဘူး။ ဖန်သားလို ကြည်နေတာပါ။) ကောင်းကင်ကြီးက နေ့ဖက်ပဲ ပြာတာ ဆိုတော့ နေ့ဖက် အလင်းရောင်နဲ့တော့ ဆိုင်မ…

မိုးကြိုးလွှဲ ဘယ်လို အလုပ်လုပ်လဲ

မိုးကြိုးလွှဲ ဆိုတာ ကြားတော့ ကြားဖူး ကြမှာပါ။ အပြင်မှာ လက်တွေ့ မြင်ဖူးတဲ့ သူတော့ ရှားပါတယ်။ တကယ်တော့ မမြင်ဖူးဘူးလို့ ထင်ကြတာပါ။ ဘာ့ကြောင့်ဆို မိုးကြိုးလွှဲ ဆိုတာကို အတော် ထူးဆန်းတဲ့ ကိရိယာ တစ်ခုလို ထင်ကြလို့ပဲ ဖြစ်ပါတယ်။ မိုးကြိုးလွှဲကို ဘင်ဂျမင် ဖရန်ကလင် က စတင် တီထွင်ခဲ့တယ်လို့ ဆိုပါတယ်။ မိုးကြိုးလွှဲ ဆိုတာ တကယ်ကတော့…

ဘာ့ကြောင့် ကမ္ဘာကြီးက အာကာသထဲ ပြုတ်ကျမသွားရတာလဲ

ကမ္ဘာကြီးက အာကာသ ဟင်းလင်းပြင်ကြီး ထဲမှာ မြောပြီး နေကို ပတ်နေတာ ဖြစ်ပါတယ်။ နေကို ပတ်တဲ့ ပတ်လမ်းက နေရဲ့ အီကွေတာ ပတ်ဝန်းကျင်မှာပါ။ ဒီတော့ မေးစရာ ရှိလာတာက ဒီလို ပြင်ညီမှာ ပတ်နေတော့ အောက်ကို ပြတ်မကျ သွားဘူးလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီ မေးခွန်းက နေကို ကမ္ဘာက နဲ့ ဂြိုဟ်တွေ ပတ်နေတဲ့ ပြင်ညီ ပတ်လမ်းကြီးပုံကို မြင်တဲ့ သူ အတော်များမျ…

အာကာသက ဘယ်လောက်အေးလဲ

နေက အရမ်း ပူပါတယ်။ ဒါပေမယ့် ကမ္ဘာ့အပြင်ဖက် အာကာသထဲ ထွက်သွားရင် အရမ်း အေးနေပါတယ်။ ဘာ့ကြောင့် ဒီလောက်ပူတဲ့ နေနားက အာကာသ ထဲမှာ ဒီ့လောက် အေးနေ ရတာပါလဲ။ ကမ္ဘာပေါ်မှာ အအေးဆုံး အရပ်ဒေသဟာ တောင်ဝင်ရိုးစွန်းဒေသ အန္တာတိက တိုက်မှာ ရှိတဲ့ အရှေ့ အန္တာတိက ကုန်းပြင်မြင့် ဖြစ်ပါတယ်။ ဆောင်းရာသီမှာ သုညအောက် -၉၄ ဒီဂရီ စင်တီဂရိတ်အထိ အေးပါတ…

အလင်း ဘယ်လောက်ဝေးဝေးထိ ရောက်နိုင်လဲ

ညညဆို ကောင်းကင်ကို မော့ကြည့်လိုက်ရင် ကြယ်တွေ လင်းနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ညဖက် ကောင်းကင်ကို မော့ကြည့်လိုက်ရင် ဘယ်လောက်ဝေးဝေးထိ မြင်နိုင်လဲ ဆိုတာနဲ့ ပါတ်သက်လို့ ဆောင်းပါး ရေးခဲ့ပြီး ဖြစ်ပါတယ်။ အခုဆောင်းပါးမှာတော့ အလင်းရောင်ဟာ ဘယ်လောက် ဝေးဝေးထိ ရောက်နိုင်လဲ ဆိုတာနဲ့ ပါတ်သက်လို့ တင်ပြ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဆက်စပ်ဆောင…

အချိန်ခရီးသွားပြီး အတိတ်ကို ပြောင်းလဲနိုင်မလား

အိုင်းစတိုင်းက ၁၉၀၅ မှာ နှိုင်းယှဉ်ခြင်း သီအိုရီကို တင်ပြခဲ့ပါတယ်။ ဒီအချိန်က စလို့ သိပ္ပံ ပညာရှင်တွေ အကြားမှာ (အထူးသဖြင့် ရူပဗေဒ ပညာရှင်တွေ အကြာမှာ) အချိန် ခရီးသွားခြင်း (time travel) နဲ့ ပါတ်သက်လို့ အလေးအနက်ထား ပြောဆို ဆွေးနွေး သုတေသန ပြုလုပ်လာ ခဲ့ကြပါတယ်။ အချို့က အတိတ်ကို အချိန်ခရီးသွားဖို့ ဖြစ်နိုင်တယ်လို့ ယုံကြည်ကြ…

Infrared အနီအောက် ရောင်ခြည် ဆိုတာ ဘာလဲ

မြန်မာလို အနီအောက် ရောင်ခြည်လို့ ဘာသာပြန်တဲ့ Infrared အင်ဖရာရက် ဆိုတာ တကယ်တော့ လျှပ်စစ်သံလိုက် လှိုင်း (electromagnetic wave) တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီ အနီအောက် ရောင်ခြည် ကို လူ့မျက်စိနဲ့ မမြင်နိုင် ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ရောင်ခြည်လှိုင်းတွေ ကိုတော့ အပူ အဖြစ်နဲ့ ခံစားနိုင်ပါတယ်။ အလွယ် ပြောရရင် အပူလှိုင်း လို့ ပြောလို့ ရ…

နေကရော သူ့ဝင်ရိုးပေါ်မှာ လည်နေသလား

ကမ္ဘာက သူ့ရဲ့ ဝင်ရိုးပေါ်မှာ ၂၄ နာရီ ကို တစ်ပတ် လည်နေပါတယ်။ ကမ္ဘာလိုပဲ နေ အဖွဲ့အစည်း ထဲက အခြား ဂြိုဟ်တွေဟာလဲ သူတို့ရဲ့ ဝင်ရိုးပေါ်မှာ ဗဟို ပြုပြီး လည်နေ ကြတာပါ။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ နေ ကရောဗျာ။ နေကရော သူ့ဝင်ရိုးပေါ် ဗဟိုပြုပြီး လည်နေ သလား။ မလည်ပဲ ငြိမ် နေသလား။ အကယ်လို့ လည်နေတယ် ဆိုရင် နာရီလက်တံ အတိုင်း လက်ယာရစ် လည…

ဘာ့ကြောင့် ဂြိုဟ်တွေဟာ လုံးနေရတာလဲ

ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်း ထဲမှာ ကြည့်လိုက်ရင် ဂြိုဟ်ကြီး ၉ လုံးနဲ့ ဂြိုဟ်ရံလတွေ တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ထူးခြားတာ တခုကတော့ ဒီ ဂြိုဟ်တွေ လတွေ အားလုံးဟာ လုံးနေကြတယ် ဆိုတာပါပဲ။ ဒါဆို ဘာ့ကြောင့် ဂြိုဟ်တွေဟာ လုံးနေ ကြတာပါလဲ။ ဒီမေးခွန်းကို လွယ်လွယ် ဖြေရရင်တော့ ဆွဲငင်အား (Gravity) ကြောင့် လို့ပဲ ဖြေရမှာ ဖြစ်ပါတယ်။…

ဆွဲငင်အား (Gravity) ဆိုတာဘာလဲ

Gravity ခေါ် “ဆွဲငင်အား” ဆိုတာ “အား (Force)” တစ်မျိုး ဖြစ်ပါတယ်။ ဒီ ဆွဲငင်အားက ဒြပ်ထုကြီးမားတဲ့ ကြယ်တွေ၊ ဂြိုဟ်တွေ ကနေ အခြား အရာဝတ္ထု တွေကို သိူတို့ရဲ့ ဗဟို ဆီကို ဆွဲတဲ့ အား ဖြစ်ပါတယ်။ သီအိုရီ အရတော့ ဒြပ်ထုရှိတဲ့ အရာ မှန်သမျှဟာ ဆွဲငင်အား ရှိတယ် ဆိုပေမယ့် သူတို့က သက်ရောက်တဲ့ ဆွဲငင်အားက အရမ်း အားနည်းတာမို့ ဆွဲငင်အားရဲ့ သ…