
မစ်ကီးဝေး ဂလက်ဆီရဲ့ အလယ်မှာ ဘာရှိလဲ
မြို့ပြတွေနဲ့ ဝေးတဲ့ တောအရပ်မှာ ရောက်နေတယ် ဆိုပါစို့။ လျှပ်စစ်မီး တွေလဲ မရှိ၊ လကလဲ မသာ၊ ကောင်းကင်ကလဲ တိမ်ကင်းစင် နေတဲ့ ညဖက်အချိန် ကောင်းကင်ကို မော့ကြည်လိုက်ရင် အဖြူရောင် ပျပျ မီးခိုးငွေ့လို အတန်းကြီး တစ်ခုကို တစ်ခါတစ်လေ မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီ အဖြူရောင် အတန်းကြီးကို မြန်မာလိုတော့ နဂါးငွေ့တန်း လို့ အမြည် ပေးထားပါတယ်။…








