← All tags

#solar-system

52 posts

အင်္ဂါဂြိုဟ်ပေါ်က ပင်လယ် ဘယ်လို ပျောက်ဆုံး သွားသလဲ

ယနေ့ အချိန်မှာတော့ အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်ဟာ ခြောက်သယောင်း လို့ နေပါတယ်။ အင်္ဂါဂြိုဟ် ပေါ်မှာ ကျန်ရှိနေ သေးတဲ ရေ အနည်းငယ် ကလဲ​ ဝင်ရိုးစွန်း ဒေသက ရေခဲတွေနဲ့ မြေအောက်ရေခဲ အဖြစ်ပဲ ကျန်ရှိ နေပါတော့တယ်။ ဒါပေမယ့် အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်ကို သေသေချာချာ လေ့လာ ကြည့်မယ်ဆိုရင် ကမ်းခြေ တွေနဲ့ ဆင်ဆင်တူတဲ့ ဒေသတွေ၊ မြစ်တွေ ဖြတ…

အင်္ဂါဂြိုဟ် ပေါ်က တံခါးပေါက်ကြီး

မားစ် (Mars) ခေါ် အင်္ဂါဂြိုဟ် ဟာ နေ အဖွဲ့အစည်းရဲ့ စတုတ္ထမြောက် ဂြိုဟ် ဖြစ်ပါတယ်။ ဒီ ဂြိုဟ်ဟာ နေ အဖွဲ့အစည်း ထဲက ဂြိုဟ်တွေ ထဲမှာ ကမ္ဘာနဲ့ အနီးဆုံး ဂြိုဟ် ဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ မားစ် ဟာ နက္ခတ် ပညာရှင် တွေရဲ့ စိတ်ဝင်စားမှု အများဆုံး ရရှိတဲ့ ဂြိုဟ်လဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က နက္ခတ် ပညာရှင် တစ်ယောက်ကို မားစ် ပ…

လကမ္ဘာက မြေသားမှာ အပင်စိုက်ပျိုးအောင်မြင်

သိပ္ပံ ပညာရှင် များဟာ ပထမဆုံး အနေနဲ့ လ ရဲ့ မြေသားကို အသုံးပြုပြီး အပင်တွေကို အောင်မြင်စွာ စမ်းသပ် စိုက်ပျိုး နိုင်ခဲ့ပါတယ်။ ဒါဟာ လ ပေါ်မှာ လူသားတွေ အခြေချ နေထိုင်နိုင်ဖို့ ကြိုးစားနေ မှုအတွက် အရေးပါတဲ့ အောင်မြင်မှု တစ်ခု ဖြစ်ပါတယ်။ သိပ္ပံ ပညာရှင် တွေဟာ ၁၉၆၉-၁၉၇၂ ခုနှစ် တွေ အတွင်း လပေါ် ဆင်းသက်ခဲ့တဲ့ အပိုလို စီမံကိန်ုး…

ဂြိုဟ်သိမ်တွေဟာ ဘာတွေလဲ

ဟိုး ရှေးခေတ် နက္ခတ်ကြည့် တယ်လီစကုပ် မှန်ပြောင်းတွေ မပေါ်ခင် တုန်းက နေ အဖွဲ့ အစည်းရဲ့ဖွဲ့စည်းပုံ ဟာ အလွန်ကို ရိုးရှင်း ခဲ့ပါတယ်။ မျက်စေ့နဲ့ပဲ မြင်ရတဲ့ ဂြိုဟ်တွေ အနေနဲ့ ဗုဒ္ဓဟူးဂြိုဟ်၊ သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ်၊ ကြာသပတေး ဂြိုဟ် နဲ့ စနေဂြိုဟ် ဆိုပြီး ဂြိုဟ်ကြီး ၅ လုံးပဲ ရှိခဲ့ပါတယ်။ ဒီ ဂြိုဟ်ကြီး ၅ လုံး အပြင် နေ ရယ်၊ လ…

လပေါ်မှာ ရေရှိသလား

လ ပေါ်မှာ ရေရှိနိုင်မယ်လို့ နာဆာ အဖွဲ့ကြီးက ပညာရှင် တွေက နှစ်ပေါင်း များစွာ ကတဲက ယုံကြည်ခဲ့ ကြပါတယ်။ ဒါပေမယ့် လ ရဲ့ ဝင်ရိုးစွန်း အနီးဝန်းကျင်က သွားလာဖို့ ခက်ခဲတဲ့ အရပ်ဒေသ တွေမှာပဲ ရေ ကို တွေ့နိုင် မယ်လို့ ယူဆခဲ့ ကြပါတယ်။ ဒါဆို လပေါ်မှာ တကယ်ပဲ ရေရှိနိုင် သလား။ လ ပေါ်မှာ ရေရှိတဲ့ အထောက်အထား ရော ရှာတွေ့ ထားပြီလား။ ဘာ အထော…

လ ဘယ်လို မွေးဖွားလာ သလဲ

လ ပေါ်ကို လူသားတွေ ဆင်းသက် ခြေချခဲ့တဲ့ အပိုလို စီမံကိန်း (Apollo Mission) မတိုင်မီက သိပ္ပံ ပညာရှင် တွေကြားမှာ လ ဖြစ်ပေါ် မွေးဖွား လာပုံနဲ့ ပါတ်သက်ပြီး အယူအဆ ၃ မျိုး ကွဲပြားနေ ခဲ့ပါတယ်။ ဒီ လ ဖြစ်ပေါ်ပုံ သီအိုရီ ၃ မျိုးအနက် ပထမ တစ်ခုကတော့ လဟာ မူလက နေအဖွဲ့အစည်း အတွင်း လွတ်လပ်စွာ ပျံဝဲနေ ခဲ့တဲ့ ဂြိုဟ်သိမ် တစ်ခု ဖြစ်တယ်။ ဒီ…

ကြာသပတေး ဂြိုဟ်သာ နေနဲ့ နီးကပ်ခဲ့ရင်

နေအဖွဲ့အစည်း ထဲမှာ ကြာသပတေး ဂြိုဟ်ဟာ အကြီးဆုံး ဖြစ်ပါတယ်။ ဂျူပီတာ ခေါ် ကြာသပတေး ဂြိုဟ်ဟာ ဓါတ်ငွေ့တွေနဲ့ ဖွဲ့စည်း ထားတဲ့ ဓါတ်ငွေ့လုံးကြီး ဖြစ်ပါတယ်။ အချို့က သူ့ကို နေဖြစ်ဖို့ ကြိုးစားရင်း ကျဆုံးသွားခဲ့တဲ့ failed sun လို့တောင် တင်စား ကြပါတယ်။ ဂျူပီတာ ဟာ နေကနေ ကမ္ဘာထက် ၅ ဆလောက် ပိုဝေးတဲ့ နေရာကနေ ပတ်နေတာ ဖြစ်ပါတယ်။ အကွာအဝေ…

ဘာ့ကြောင့် လထီးဆောင်း တာလဲ

ကျွန်တော်တို့ မြန်မာတွေမှာ လထီးဆောင်းရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ် ဆိုပြီး ပြေကြ ဆိုကြတာ ငယ်ငယ် ကတဲက ကြားဖူး ကြမှာပါ။ လထီးဆောင်းတယ် ဆိုတာက ညဖက် လရဲ့ ပတ်ကြာလည်မှာ စက်ဝိုင်းပုံ စက်ကွင်း ဖြစ်လာတာကို ခေါ်တာ ဖြစ်ပါတယ်။ လ က ထီးဆောင်း ထားသလိုမို့ လထီးဆောင်းတယ်လို့ ခေါ်တာ ဖြစ်ပါတယ်။ လထီးဆောင်း တာနဲ့ ပါတ်သက်လို့ သိပ္ပံ အမြင်ကရော ဘယ်…

လကို ပတ်နေတဲ့ အရံလ ရှိနိုင်သလား

ကမ္ဘာကို လက ပတ်နေတာ လူတိုင်း သိပြီး ဖြစ်မှာပါ။ ဒိလိုပဲ နေ အဖွဲ့အစည်း ထဲက အခြား ဂြိုဟ် အသီးသီး မှာလဲ​သူတို့ကို ပတ်နေတဲ့ လ တွေ ရှိကြပါတယ်။ နေ အဖွဲ့အစည်း ထဲမှာ ဂြိုဟ်ရံလ မရှိတဲ့ ဂြိုဟ် ဆိုလို့ နေ နဲ့ အနီးဆုံး ဖြစ်တဲ့ မာကျူရီ (ဗုဒ္ဓဟူးဂြိုဟ်) နဲ့ ဗီးနပ်စ် (သောကြာဂြိုဟ်) ဂြိုဟ် နှစ်စင်းပဲ ရှိပါတယ်။ နေအဖွဲ့အစည်း ထဲက ဂြိုဟ်တွ…

နေအဖွဲ့အစည်း ဘယ်လောက်ကျယ်လဲ

နေအဖွဲ အစည်းရဲ့ အကျယ်အဝန်း ဘယ်လောက် ရှိလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ တကယ်တော့ အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒီမေးခွန်းရဲ့ အဖြေဟာ နေအဖွဲ အစည်းရဲ့ အကျယ်အဝန်းကို ဘယ်နေရာ အထိ သတ်မှတ် မလဲ ဆိုတာ အပေါ်မှာ အများကြီး မူတည် နေလို့ပါ။ တနည်း အားဖြင့်တော့ နေအဖွဲ့ အစည်းရဲ့ အကျယ်အဝန်းကို တိုင်းတဲ့ အခါ ဘယ်နေရာ အထိကို နေအဖွဲ့အစည်းထဲ ပါတယ်လ…