
နေဘယ်လို စတင်မွေးဖွား ခဲ့လဲ
ကျွန်တော်တို့ နေ့စဉ် မြင်နေရတဲ့ နေ ဟာ တကယ်တော့ ကြယ်တစင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မစ်ကီးဝေး ဂလက်ဆီ ကြယ်စုကြီး ထဲမှာတင် ကျွန်တော်တို့ရဲ့ နေ နဲ့ အလားတူ ကြယ်ပေါင်း ဘီလီယံ ၁၀၀ (၁ ဘီလီယံ = သန်း ၁,၀၀၀) လောက် ရှိမယ်လို့ ခန့်မှန်း ကြပါတယ်။ ဒါဆို ကျွန်တော်တို့ နေက ဘယ်လို ဖြစ်လာတာလဲ။ ဘယ် အချိန်က စဖြစ်လာတာလဲ။ အလွန်ကျယ်ပြောတဲ…








