← All tags

#solar-system

52 posts

ကမ္ဘာနဲ့ အဖေါ်လိုက်နေတဲ့ ဂြိုဟ်သိမ်တစ်စင်း ရှာတွေ့

ကမ္ဘာနဲ့ အတူ လိုက်ပြီး နေကို ပတ်နေတဲ့ ဂြိုဟ်သိမ် တစ်စင်းကို နက္ခတ် ပညာရှင် များက ရှာဖွေ တွေ့ရှိ ထားပါတယ်။ ဒါဟာ ကမ္ဘာနဲ့ အတူ နေကို အတူတကွ လိုက်ပါလှည့်ပတ်နေတဲ့ ဒုတိယမြောက် ဂြိုဟ်သိမ် ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို ကမ္ဘာနဲ့အတူ လိုက်ပြီး နေကို ပတ်နေတဲ့ ဂြိုဟ်သိမ်တွေကို ထရိုဂျန် ဂြိုဟ်သိမ် (Trojan asteroid) လို့ ခေါ်ပါတယ်။ ထရ…

ကြာသပတေးဂြိုဟ်ဟာ ကမ္ဘာကို စောင့်ရှောက်နေသလား

ကမ္ဘာပေါ်မှာ အသက်ရှင် နေထိုင်နေကြတဲ့ သက်ရှိတွေ အာကာသက ကျရောက်လာတဲ့ ဥက္ကာပျံ တွေရဲ့ ဘေးရန်ကြောင့် မျိုးတုန်း ပျောက်ကွယ် မသွားရအောင် ကြာသပတေးဂြိုဟ် (ဂျူပီတာဂြိုဟ်) က အကာအကွယ် ပေးထားတယ်လို့ အချို့ သိပ္ပံ ပညာရှင် တွေက ယုံကြည် ကြပါတယ်။ ဒါပေမယ့် ဒီအချက်ကို နက္ခတ် ပညာရှင် အားလုံးက တညီတညွတ်ထဲ လက်ခံ ထားကြတာတော့ မဟုတ်ပါဘူး။ ဂျူပ…

ဒိုင်နိုဆောတွေကို မျိုးတုန်းစေခဲ့တဲ့ ဥက္ကာခဲကြီး ဘယ်ကရောက်လာလဲ

ဒိုင်နိုဆောတွေ အများအပြား ရှင်သန် ပေါက်ဖွားပြီး ကမ္ဘာကို ကြီးစိုးခဲ့ ကြတဲ့ ခရီတေးရှပ် ကာလ (Cretaceous period) ရဲ့ နိဂုံးပိုင်းမှာ ကမ္ဘာပေါ်မှာ ရှိခဲ့တဲ့ ဒိုင်နိုဆော အားလုံးနီးပါးနဲ့ ၇၅% သော အပင်နဲ့ တိရိစ္ဆာန်တွေ မျိုးတုန်း ပျောက်ကွယ်သွားတဲ့ ဖြစ်စဉ်ကြီး ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ရဲ့ တရားခံဟာ အလွန် ကြီးမားတဲ့ ဧရာမ ဥက္ကာ…

ဘာကြောင့် လရဲ့ မျက်နှာတစ်ဖက်ထဲ အမြဲမြင်နေ ရတာလဲ

လရဲ့ မျက်နှာကို လူတိုင်း တွေ့ဖူး မြင်ဖူး ကြပါတယ်။ မြန်မာတွေကတော့ ရွှေလမှာ ယုန်ဝပ်လို့ ဆန်ဖွပ်တဲ့ အဖိုးအို ဆိုပြီး ပြောကြပါတယ်။ လကလဲ ကမ္ဘာလို အလုံးကြီးပါပဲ။ ဒါဆို မေးစရာ ရှိလာတာက ဘာလို့ လက ဘောလုံးလို အလုံးကြီး ဆိုရင် လရဲ့ မျက်နှာ တစ်ခြမ်းကိုပဲ အမြဲ မြင်နေရပြီး နောက်တခြမ်းကို ဘယ်တော့မှ မမြင်ရတာလဲ ဆိုတာပါပဲ။ (စာဖတ်သူတွေ ထ…

စနေဂြိုဟ်ရဲ့ ကွင်းတွေဟာ ဘာတွေလဲ

စနေဂြိုဟ် (စေတန် / Saturn) ဟာ နေအဖွဲ့အစည်းက ဂြိုဟ်တွေ ထဲမှာ အလွယ် တကူ ခွဲခြားနိုင်ဆုံး ဂြိုဟ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆို သူ့မှာ အလွန် ကြီးမားပြီး ထင်ရှားတဲ့ ကွင်းတွေ ရှိနေလို့ပါ။ စနေဂြိုဟ်ရဲ့ ကွင်းတွေဟာ ဘာတွေလဲ၊ ဘာတွေနဲ့ လုပ်ထားတာလဲ၊ ဘယ်လို ဖြစ်လာသလဲ အစရှိတဲ့ မေးခွန်းတွေဟာ နက္ခတ် ပညာရှင်တွေ အကြားမှာ ရာစုနှစ်ပေါင်း များစွ…

နေကို တို့ထိခဲ့တဲ့ အာကာသယာဉ်မှ ရိုက်ကူးထားသော ဗီဒီယို

နာဆာရဲ့ လူမဲ့ အာကာသ စူးစမ်း လေ့လာရေး ယာဉ်တစင်းဟာ နေရဲ့ လေထု အစပ်နား အထိ ဝင်ရောက် ဝင်ရောက် ပျံသန်း ခဲ့တယ်လို့ နာဆာ အဖွဲ့ကြီးကနေ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြေငြာခဲ့တာကို သတင်းတွေ ထဲမှာ တွေ့မိကြမယ်လို့ ထင်ပါတယ်။ ဒီ နာဆာရဲ့ ပါကာ ဆိုလာ လေ့လာရေးယာဉ် (Parker Solar Probe) ဟာ နေရဲ့ ပြင်ပ လေထုလွှာ ဖြစ်တဲ့ ‘ကိုရိုနာ (Corona)’ အလွှာ…

လက ဘာကြောင့် နီသွားတာလဲ

Blood Moon လို့ခေါ်တဲ့ လ သွေးရောင်လွှမ်းပြီး နီရဲ သွားတာဟာ ရှားရှားပါးပါး တခါတရံမှ ဖြစ်တတ်တဲ့ သဘာဝ ဖြစ်စဉ် တစ်ခု ဖြစ်ပါတယ်။ ဒီလို ဖြစ်ရတာက အပြည်အဝ လကြတ်ခြင်း (total lunar eclipse) ဖြစ်တဲ့ အခါမျိုးမှာ ကြုံတွေ့ရ တတ်ပါတယ်။ ဒီလို လ နီရဲ သွားခြင်းဟာ နက္ခတ် သိပ္ပံ ပညာအားဖြင့်တော့ ဘာမှ အရေးပါတဲ့ ဖြစ်စဉ်တစ်ခု မဟုတ်ပါဘူး။ ဒါပေမ…

နေ အကြောင်း သိကောင်းစရာများ

ကျွန်တော်တို့ရဲ့ နေ ဟာ တကယ်ကတော့ သာမန် ကြယ်တစ်စင်းမျှသာ ဖြစ်ပါတယ်။ နေဟာ Solar System လို့ ခေါ်တဲ့ နေ အဖွဲ့အစည်းရဲ့ အလယ် ဗဟိုမှာ တည်ရှိနေတာပါ။ (ယခုဆောင်းပါးမှာ နေ အဖွဲ့အစည်း ဆောင်းပါး စီးရီး မှ ဒုတိယမြောက် ဆောင်းပါး ဖြစ်ပါသည်။ ဆောင်းပါး အပိုင်း (၁) ကို အောက်ပါ လင့်တွင် ဖတ်ရှု နိုင်ပါသည်။ နေအဖွဲ့ အစည်း အပိုင်း (၁) မိတ်ဆက…

နေက အောက်ဆီဂျင် မရှိပဲ ဘယ်လိုလောင်ကျွမ်းနေသလဲ

ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ကြည့်လိုက်ရင် နေ ဟာ အပူဆုံး အရာဝတ္ထု ဖြစ်ပါတယ်။ မိုင်ပေါင်း ၉၂ သန်းလောက် ဝေးတဲ့ နေရာက လာတဲ့ နေရောင်တောင် အတော်လေး ပူပါတယ်။ နေရဲ့ မျက်နှာပြင် မှာဆို အပူက ဒီဂရီ စင်တီဂရိတ် ၅,၅၀၀ လောက်ထိတောင် ပူတာပါ။ ဒီအပူချိန်ဟာ သံတောင် အငွေ့ပျံသွား စေတဲ့ အပူချိန် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေရဲ့သက်တမ်းဟာ…

နေမှာ သံလိုက်စက်ကွင်း ရှိလား

ကမ္ဘာမှာ သံလိုက်စက်ကွင်း ရှိတာတော့ လူတိုင်း သိကြမယ်လို့ ယူဆပါတယ်။ လက်ရှိမှာတော့ ကမ္ဘာ့ မြောက်ဝင်ရိုးစွန်း ဖက်ခြမ်းဟာ သံလိုက် မြောက် ဖြစ်ပြီး တောင်ဝင်ရိုးစွန်း ဖက်ကတော့ သံလိုက်တောင် ဖြစ်နေပါတယ်။ ဒါပေမယ့် လာမယ့် ရာစုနှစ်တွေ အတွင်းမှာ ကမ္ဘာ့ သံလိုက် စက်ကွင်း က တောင်မြောက် ဝင်ရိုးစွန်း ပြောင်းသွားမယ်လို့ ပညာရှင် တွေက ခန့်မ…