← All tags

#universe

84 posts

Black hole ရဲ့ အသံ

Perseus ဂလက်ဆီ အစုအဝေးကြီး အတွင်းက ဧရာမ တွင်းနက်ကြီး တစ်ခု ပတ်လည်က ဓါတ်ငွေ့တိမ်တိုက်တွေ အကြား ဖြတ်သန်းသွားတဲ့ အသံလှိုင်း တွေကို နာဆာက ထုတ်ပြန် လိုက်ပါတယ်။ နာဆာ ဗီဒီယိုကို ဆောင်းပါး အဆုံးမှာ တင်ဆက် ပေးထားပါတယ်။ အာကာသ ထဲမှာ အသံလှိုင်းတွေ ဖြတ်သန်း သွားလာ နိုင်ခြင်း မရှိပါဘူး။ အသံ လှိုင်းတွေ ဖြတ်သန်းဖို့ ကြားခံနယ် လိုပါတယ်…

ကြယ်သစ်တွေ မွေးဖွား ပေးနေတဲ့ Black hole တွင်းနက်ကြီး

မစ်ကီးဝေး ဂလက်ဆီ ရဲ့ အနီးအနားမှာ ရှိတဲ့ ဂလက်ဆီ အသေးလေး တစ်လုံး ထဲမှာ ရှိတဲ့ black hole တွင်းနက်ကြီး တစ်ခုကနေ ကြယ်သစ်တွေကို မွေးဖွား ပေးနေတာကို နက္ခတ် ပညာရှင် များ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒီ မွေးဖွား လာတဲ့ ကြယ်သစ်များဟာ ဓါတ်ငွေ့ နဲ့ ဖုန်မှုန့် များနဲ့ ဖွဲ့စည်း ထားတဲ့ ချက်ကြိုးကြီး တွေက တဆင့် မိခင် black hole တွင်းနက်ကြ…

အချိန်ပြောင်းပြန် သွားနေတဲ့ ဆန့်ကျင်ဖက် စကြာဝဠာ

ကျွန်တော်တို့ရဲ့ စကြာဝဠာ မှာ အမွှာ စကြာဝဠာ တစ်ခု ရှိပြီး အဲ့သည် အမွှာ စကြာဝဠာမှာ အချိန်ဟာ ကျွန်တော်တို့ စကြာဝဠာ နဲ့ ပြောင်းပြန် ပြန်ပြီး သွားနေတယ်လို့ စကြာဝဠာ ဆိုင်ရာ သီအိုရီ တစ်ရပ်က အဆိုပြု ထားပါတယ်။ ဒီ အချိန် ပြောင်းပြန် သွားနေတဲ့ စကြာဝဠာကို “ဆန့်ကျင်ဖက် စကြာဝဠာ (anti-universe)” လို့ အမည် ပေးထားပါတယ်။ ဒီ ဆန့်ကျင်ဖက်…

စကြာဝဠာ အတွင်းက အအေးဆုံး ဒေသ

လက်ရှိ အချိန်ထိ စကြာဝဠာ တွင်းမှာ ရှာတွေ့ပြီးသမျှ ရပ်ဝန်းတွေ ထဲမှာ အအေးဆုံး အရပ်ဒေသကို ပြပါဆိုရင် ဘူးမရန်း နက်ဗြူလာ ဓါတ်ငွေ့တိမ်တိုက်ကြီး (Boomerang Nebula) ကို ပြရမှာ ဖြစ်ပါတယ်။ ဒီ နက်ဗြူလာ ဓါတ်ငွေ့ တိမ်တိုက် ကြီးဟာ ကမ္ဘာက နေဆို အလင်းနှစ် ၅,၀၀၀ ခန့် ဝေးတဲ့ အရပ်မှာ တည်ရှိပါတယ်။ ဒီ နက်ဗြူလာဟာ စကြာဝဠာ ထဲမှာ အအေးဆုံး အရပ်ဒ…

မျက်လုံးပုံ ဂလက်ဆီကြီး

ဟတ်ဘယ် တယ်လီစကုပ် (Hubble Space Telescope) ကြီးကနေ ရိုက်ကူးထားတဲ့ မျက်လုံးပုံ သဏ္ဍာန် ရှိတဲ့ ဂလက်ဆီကြီး တစ်စင်းရဲ့ ဓါတ်ပုံကို နာဆာက ထုတ်ပြန် လိုက်ပါတယ်။ NGC 1097 လို့ အမည်ပေး ထားတဲ့ ဒီ ဂလက်ဆီ ကြီးဟာ ကမ္ဘာကနေ အလင်းနှစ် ၄၈ သန်း အကွာမှာ ရှိပါတယ်။ ဆိုလိုတာက ဒီ ဂလက်ဆီ ကနေ လာတဲ့ အလင်းဟာ ကမ္ဘာကို ရောက်ဖို့ဆို နှစ်ပေါင်း ၄၈ သန…

နျူထရွန် ကြယ်၏ မျက်နှာပြင်အား ပုံဖော်ခြင်း

နျူထရွန် ကြယ် (Neutron Stars) တွေဟာ ပြောရရင် black hole တွင်းနက် မဖြစ်လိုက် ရတဲ့ ကြယ်သေ တစ်စင်း ဖြစ်ပါတယ်။ နေထက် ကြီးမားတဲ့ ကြယ်ကြီးတွေ သေဆုံး သွားတဲ့ အခါ ကျန်ရစ်ခဲ့တဲ့ ဒြပ်ပစ္စည်း တွေဟာ အချင်းချင်း ဆွဲငင်တဲ့ ဆွဲငင်အားကြောင့် ကြုံ့ဝင် သွားကြပါတယ်။ ဒီလို ကြုံဝင် သွားရာက သိပ်သည်းဆလဲ အဆမတန် များလာပါတယ်။ ဘယ်လောက်တောင် များ…

စကြာဝဠာ အစဦးမှ ဟီလီယံ ဓါတ်ငွေ့များ ကမ္ဘာ့အတွင်းပိုင်းမှ စိမ့်ထွက်လာနေ

ကမ္ဘာ့ အတွင်းပိုင်း အူတိုင်ထဲမှာ ရှေးဟောင်း စကြာဝဠာ ခေတ်ဦးက ကျန်ရစ်ခဲ့တဲ့ ဒြပ်ပစ္စည်းတွေ ရှိနေပါတယ်။ ဟီလီယံ ၃ (3He) လို့ ခေါ်တဲ့ စကြာဝဠာ ဦးပိုင်း က ဟီလီယံ တွေဟာ စကြာဝဠာ ဖြစ်တည်စ Big Bang ခေါ် မဟာ ပေါက်ကွဲမှုကြီး ဖြစ်ပြီး မိနစ်ပိုင်း အတွင်းမှာ ဖန်တီး ဖြစ်ပေါ်လာတဲ့ ဟီလီယံ ဒြပ်စင်တွေ ဖြစ်ကြပါတယ်။ ဒီ ဓါတ်ငွေ့တွေ ထဲက အချို့…

စကြာဝဠာ ပြန့်ကားမှုကြောင့် အလင်းအရောင် ပြောင်းခြင်း

နက္ခတ်သိပ္ပံ နဲ့ ပါတ်သက်တဲ့ ဆောင်းပါးတွေမှာ Red Shift ဆိုတဲ့ စကားလုံးကို မကြာခန ကြားဖူး ကြမှာပါ။ မြန်မာလို ပြန်ကြတဲ့ အခါ အနီဖက် ယိုင်ခြင်း၊ အနီဖက် ရွှေ့ခြင်း အစ ရှိသဖြင့် အမျိုးမျိုး ပြန်ကြပါတယ်။ ဒါပေမယ့် red shift ဆိုတာ ဘာလဲ။ ဒီ red shift က ကြယ်တွေ၊ ဂလက်ဆီ တွေ လေ့လာရေးမှာ ဘယ်လို အသုံးဝင် သလဲ။ နောက်ပြီး စကြာဝဠာရဲ့ အစကိ…

NASA: စကြာဝဠာ အစဦးက ရှေးဟောင်းကြယ် ရှာတွေ့

နာဆာရဲ့ ဟတ်ဘယ် တယ်လီစကုပ် (NASA’s Hubble Space Telescope) ကြီးကနေ စကြာဝဠာ ဖြစ်တည်စ အစောပိုင်း ကာလက ရှေးဟောင်း ကြယ်ကြီး တစ်စင်းကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒီကြယ်ကြီးဟာ စကြာဝဠာ အစ မဟာ ပေါက်ကွဲမှုကြီး (Big Bang) ဖြစ်ပြီး ပထမ နှစ်သန်း ၁၀၀၀ အတွင်း မှာ ပထမဆုံး ဖြစ်ထွန်းခဲ့တဲ့ ကြယ်တွေအနက်က တစ်စင်း ဖြစ်ပါတယ်။ ယခု တွေ့ရှိချက်ဟ…

စကြာဝဠာ အတွင်း ဂြိုဟ်ပေါင်း ၅,၀၀၀ ကျော် ရှာတွေ့ထားပြီ

နာဆာ အဖွဲ့ကြီးရဲ့ ထုတ်ပြန် ကြေငြာ ချက်အရ လက်ရှိ အချိန်အထိ နေအဖွဲ့အစည်း ပြင်ပ စကြာဝဠာ အတွင်းမှာ ဂြိုဟ်ပေါင်း ၅,၀၀၀ တိတိ ရှာဖွေ တွေ့ရှိ ထားပြီလို့ သိရပါတယ်။ ဒီ အရေအတွက်ဟာ ဂြိုဟ်ဖြစ်ကြောင်း တိတိကျကျ သက်သေ ပြနိုင်တဲ့ အရေအတွက်ပဲ ဖြစ်ပြီး အတိအကျ သက်သေမပြ နိုင်သေးတဲ့ ဂြိုဟ်လို့ ယူဆရတဲ့ အရာတွေ ထည့်သွင်း ရေတွက်ထားခြင်း မရှိပါဘူ…